

 

 


 

 

 


 

Source : Pho Phyu
Molly
ယူနီကုဒ်ဖြင့်ဖတ်ရန်

 

အလှူအိမ်လို တိုးမပေါက်အောင်စည်ကားနေတဲ့ သရုပ်ဆောင် ဖိုးဖြူရဲ့ “ဝါးမယ်”အဝစား ၁၅၀၀ ထမင်းဆိုင်

ပရိသတ်တွေချစ်ကြတဲ့ သရဲလေးကောင် အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ဟာသ သရုပ်ဆောင် လူရွှင်တော် ဖိုးဖြူကိုတော့ ပရိသတ်တွေအားလုံး သိကြမယ်ထင်ပါတယ်နော် ။ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေတဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ကိုရိုက်ကူးခဲ့ပြီး လက်ရှိမှာတော့ အနုပညာ အလုပ်တွေနဲ့ ခေတ္တဝေးကွာနေပြီး စီးပွားရေးတွေကို ဇောက်ချလုပ်ကိုင်နေတယ်လို့သိရပါတယ် ။ Bပိုး Cပိုးရောဂါသည်များတွက်လည်း ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းလေးဖွင့်လှစ်ပြီး ကူညီပေးနေတယ်လို့သိရပါတယ် ။

ဒါ့အပြင် ဖိုးဖြူတစ်ယောက် ” ဝါးမယ် ” လို့အမည်ရတဲ့ အဝစား မြန်မာထမင်းဆိုင်လေးကို ဖွင့်လှစ်ထားပါသေးတယ် ။ တစ်ခါပြင် ၁၅၀၀ နဲ့ထမင်းအဝစား ငပိရည် တို့စရာ အရန်ဟင်းအားလုံးပါပြီးသား ကိုမှ ၁၅၀၀ သာကျသင့်မှာပါ ။ ဟင်းပွဲတွေကလည်း ကြက်သာ၊ဝက်သား၊အမဲသား၊ငါးကြင်းဖြူပေါင်း၊ဆိတ်ခေါင်းသား၊ဆိတ်ကလီစာ၊ဝက်ကလီစာ၊ငါးရံခြောက် နဲ့ရာသီစာဟင်းတွေ အစုံရတယ်လို့သိရပါတယ် ။ ဟင်းပွဲတွေဆို ငါးကြင်းဖြူပေါင်း၊ ငါးရံ့ခြောက် နဲ့ ဆိတ်ခေါင်းသား တို့ဆို ရောင်းလို့တောင်မလောက်ဘူးလို့တောင်သိရပါတယ် ပရိသတ်ာကီးရေ .။ Budget ဆိုင်ဆိုပေမဲ့ စားရတဲ့အရသာက budgetမဆန်ဘူး လာစားကြတဲ့ဧည့်သည်တွေကလည်း အခြေခံလူတန်းစားတွေကနေ ကားတွေနဲ့ပါအသီးသီးလာစားကြတာ စေတနာအပြည့်နဲ့ဖွင့်ထားတဲ့ဆီုင်မို့ခုလိုအောင်မြင်တယ်နေတာပါ ။

ဆိုင်ကနည်းနည်းလေးနောက်ကျတာနဲ လူကြပ်တတ်လို့စောစောသွားစားဖို့ Cele Connections ပရိသတ်ကြီး ကိုအကြံပေးချင်ပါတယ် ။ ဆိုင်လိပ်စာကတော့ သုဝဏ္ဏကျောင်းလမ်း သင်္ဃန်းကျွန်းမြို့နယ် စစ်ကိုင်းစာသင်တိုက် မုဒ်ဦးရှိတဲ့လမ်းထဲဝင်သွားရင် ဘယ်ဘက်ခြမ်းမှာရှိပါတယ် တဲ့ ပရိသတ်ကြီးရေ ..။ ဖိုးဖြူကိုချစ်ခင်ကြတဲ့ Cele Connections ပရိသတ်ကြီးကလည်း သင်္ယန်းကျွန်းရောက်ရင် သွားအားပေးလိုက်ကြပါဦးနော် ။

Source : Pho Phyu
Molly

error: Alert: Content is protected !!