လက္တြဲေတြၿမဲခဲ့တာ ၂ႏွစ္ျပည့္ၿပီျဖစ္တဲ့ ဥကၠာမင္းေမာင္တို႔စုံတြဲ

ဥကၠာမင္းေမာင္ဟာ ဟိုးႏွစ္ေပါင္းမ်ားစြာကတည္းက ပရိသတ္ရင္ထဲမွာ ေနရာတစ္ေနရာရရွိခဲ့တဲ့ မင္းသားေခ်ာတစ္ေယာက္ျဖစ္ပါတယ္။ သူဟာ ေမာ္ဒယ္ သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ လူသိမ်ားေက်ာ္ၾကားခဲ့သလို အမ်ိဳးသမီးပရိသတ္ေတြရဲ႕ ဒိတ္ဒိတ္ႀကဲဝန္းရံမႈကိုလည္း ခံခဲ့ရသူပါ။ အခုခ်ိန္မွာ အႏုပညာအလုပ္ေတြနဲ႔ ေဝးကြာေနေပမယ့္လည္း သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေနတဆင့္ သူခ်စ္တဲ့ပရိသတ္ေတြနဲ႔ အဆက္သြယ္မျပတ္ရွိေနသူပါ။ ဥကၠာမင္းေမာင္ဟာ အႏုပညာအလုပ္ေတြကို ေရအဟုန္လိုအရွိန္ျပင္းျပင္းနဲ႔လုပ္ေဆာင္ခဲ့စဥ္က သူပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ ေ႐ႊမိုးသည္းဇာတ္ကားဟာလည္း သူ႔ကိုေက်ာ္ၾကားမႈေတြ ထပ္မံေပးစြမ္းေစခဲ့တာပါ။

 

သ႐ုပ္ေဆာင္ေလာကမွာတင္မဟုတ္ဘဲ ေမာ္ဒယ္ေလာကမွာပါ ေအာင္ျမင္တဲ့ဥကၠာမင္းေမာင္ဟာ Mister Tourism World 2016 ကိုရရွိခဲ့ၿပီး ျမန္မာ့ဂုဏ္ေဆာင္ႏိုင္သူတစ္ေယာက္လည္း ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ႏွစ္က သူ႔အခ်စ္ေရးနဲ႔ ပတ္သက္တဲ့အေၾကာင္းအရာေတြကလည္း ပရိသတ္ေတြၾကား အထူးအဆန္းတစ္ခုအျဖစ္ ဂယက္႐ိုက္ခဲ့ပါေသးတယ္။ သူဟာအခုခ်ိန္မွာ အေမရိကန္ျပည္ေထာင္စုမွာ အေျခခ်ေနထိုင္ေနၿပီး သူတည္ေဆာက္ထားတဲ့ အခ်စ္ေရးကိုလည္း အတိအလင္းခ်ျပထားၿပီျဖစ္ပါတယ္။ ဥကၠာမင္းေမာင္ဟာ မၾကာေသးခင္ရက္ပိုင္းအတြင္းက သူတို႔ခ်စ္သူသက္တမ္း ၂ႏွစ္ျပည့္အတြက္ အမွတ္တရစာသားေလးေတြနဲ႔ သူ႔ခ်စ္သူကို သိပ္ခ်စ္ေၾကာင္းေတြေဖာ္ျပခဲ့ပါေသးတယ္။ သူ႔ကိုခ်စ္ၾကတဲ့ ပရိသတ္ေတြကေတာ့ ဥကၠာမင္းေမာင္ရဲ႕ ျဖစ္တည္မႈကို နားလည္လက္ခံၾကၿပီး အစဥ္အားေပးေနၾကစၿမဲပါ။

 

အခ်စ္ကိုတန္ဖိုးထားတတ္တဲ့ ဥကၠာမင္းေမာင္ရဲ႕အခ်စ္ေရး အၿမဲအဆင္ေျပသာယာၿပီး ေနာက္ထပ္ႏွစ္ပတ္လည္ေန႔မ်ားစြာတိုင္ ေပ်ာ္႐ႊင္ၾကည္ႏူးမႈေတြနဲ႔ ျဖတ္သန္းႏိုင္ပါေစလို႔ ပရိသတ္ႀကီးနဲ႔ထပ္တူ ဆုမြန္ေကာင္းေတာင္းလိုက္ပါတယ္ေနာ္။ Cele Connectionsပရိသတ္ႀကီးအတြက္လည္း ဥကၠာမင္းေမာင္တို႔ ခ်စ္သူႏွစ္ဦးရဲ႕ ၾကည္ႏူးစရာပုံရိပ္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

Source – Ye Htoo Win
Lavender
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

လက်တွဲတွေမြဲခဲ့တာ ၂နှစ်ပြည့်ပြီဖြစ်တဲ့ ဥက္ကာမင်းမောင်တို့စုံတွဲ

ဥက္ကာမင်းမောင်ဟာ ဟိုးနှစ်ပေါင်းများစွာကတည်းက ပရိသတ်ရင်ထဲမှာ နေရာတစ်နေရာရရှိခဲ့တဲ့ မင်းသားချောတစ်ယောက်ဖြစ်ပါတယ်။ သူဟာ မော်ဒယ် သရုပ်ဆောင်တစ်ယောက်အဖြစ် လူသိများကျော်ကြားခဲ့သလို အမျိုးသမီးပရိသတ်တွေရဲ့ ဒိတ်ဒိတ်ကြဲဝန်းရံမှုကိုလည်း ခံခဲ့ရသူပါ။ အခုချိန်မှာ အနုပညာအလုပ်တွေနဲ့ ဝေးကွာနေပေမယ့်လည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် သူချစ်တဲ့ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်ရှိနေသူပါ။ ဥက္ကာမင်းမောင်ဟာ အနုပညာအလုပ်တွေကို ရေအဟုန်လိုအရှိန်ပြင်းပြင်းနဲ့လုပ်ဆောင်ခဲ့စဉ်က သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရွှေမိုးသည်းဇာတ်ကားဟာလည်း သူ့ကိုကျော်ကြားမှုတွေ ထပ်မံပေးစွမ်းစေခဲ့တာပါ။

သရုပ်ဆောင်လောကမှာတင်မဟုတ်ဘဲ မော်ဒယ်လောကမှာပါ အောင်မြင်တဲ့ဥက္ကာမင်းမောင်ဟာ Mister Tourism World 2016 ကိုရရှိခဲ့ပြီး မြန်မာ့ဂုဏ်ဆောင်နိုင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်က သူ့အချစ်ရေးနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကလည်း ပရိသတ်တွေကြား အထူးအဆန်းတစ်ခုအဖြစ် ဂယက်ရိုက်ခဲ့ပါသေးတယ်။ သူဟာအခုချိန်မှာ အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်နေပြီး သူတည်ဆောက်ထားတဲ့ အချစ်ရေးကိုလည်း အတိအလင်းချပြထားပြီဖြစ်ပါတယ်။ ဥက္ကာမင်းမောင်ဟာ မကြာသေးခင်ရက်ပိုင်းအတွင်းက သူတို့ချစ်သူသက်တမ်း ၂နှစ်ပြည့်အတွက် အမှတ်တရစာသားလေးတွေနဲ့ သူ့ချစ်သူကို သိပ်ချစ်ကြောင်းတွေဖော်ပြခဲ့ပါသေးတယ်။ သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေကတော့ ဥက္ကာမင်းမောင်ရဲ့ ဖြစ်တည်မှုကို နားလည်လက်ခံကြပြီး အစဉ်အားပေးနေကြစမြဲပါ။

အချစ်ကိုတန်ဖိုးထားတတ်တဲ့ ဥက္ကာမင်းမောင်ရဲ့အချစ်ရေး အမြဲအဆင်ပြေသာယာပြီး နောက်ထပ်နှစ်ပတ်လည်နေ့များစွာတိုင် ပျော်ရွှင်ကြည်နူးမှုတွေနဲ့ ဖြတ်သန်းနိုင်ပါစေလို့ ပရိသတ်ကြီးနဲ့ထပ်တူ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်။ Cele Connectionsပရိသတ်ကြီးအတွက်လည်း ဥက္ကာမင်းမောင်တို့ ချစ်သူနှစ်ဦးရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Source – Ye Htoo Win
Lavender

error: Alert: Content is protected !!