ပုဂံမြို့ကြီးအတွက် ဆိုင်းဘုတ်လေးတွေနဲ့ပညာပေးခဲ့ကြတဲ့ ဆိုင်နွန် နဲ့ မြင့်မြတ်

ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်ဆယ်လီတွေဖြစ်ကြတဲ့ မြင့်မြတ်နဲ့ Sinon Loresca တို့ကတော့ လူထဲကလူ ရုပ်ရှင်ဇာတ်ကားအတူ အတူရိုက်ကူးနေကြပါတယ်.။ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေကို အပြည့်အဝရရှိထားကြပေမယ့် ရိုးသားပြီး အနေအေးကာ ပကာသနမဖက်တဲ့ ဟန်ပန်တွေနဲ့ ပရဟိတစိတ်အပြည့်ရှိတဲ့ အနုပညာရှင်တွေမို့လည်း ပရိသတ်တွေရဲ့ ရင်ထဲ နက်နက်ရှိုင်းရှိုင်းနေရာယူထားကြသူတွေပဲ ဖြစ်ပါတယ်.

လက်ရှိမှာ ပရိသတ်တွေရဲ့အသည်းကျော် နှစ်ယောက်ကတော့ အနုပညာအလုပ်တွေကို အတူတွဲဖက်လုပ်ဆောင်နေပြီး လတ်တလောမှာလည်း ဇာတ်ကားအတူရိုက်ကူးဖို့အတွက် ပုဂံကိုရောက်ရှိနေကြပါတယ်နော်..။ဇာတ်ကူးအတူရိုက်ကူးဖို့အတွက် ပုဂံကိုရောက်ရှိနေကြတဲ့ မြင့်မြတ်နဲ့ Sinon တို့ နှစ်ယောက်ကတော့ ရိုက်ကူးရေးတွေမစခင် ပုဂံမှာ ဘုရားဖူးလျှောက်လည်ရင်း အမှတ်တရဓာတ်ပုံတွေလည်း ရိုက်ကာပျော်နေကြပါတယ်.။

ကြော်ငြာစာတမ်းလေးတွေကိုင်ပြီး ပုဂံမြို့အလှကို မပျက်စီးစေဖို့ ပရိသတ်တွေကို လှုံဆော်ခဲ့တာဟာလည်း လေးစားစရာပါ ။ကဲ..ဆိုင်နွန် နဲ့ မြင့်မြတ်တို့ရဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီးမှတ်ချက်လေးတွေပေးခဲ့ကြပါဦး။
Source – Myat Wai Tun

error: Alert: Content is protected !!