ပရိသတ် ကို ချပြမယ့် အရာတစ်ခုကြောင့် စိတ်လှုပ်ရှားနေတယ်ဆိုတဲ့ မိုးစက်ဝိုင်

 

ပရိသတ်ကြီးရေ နိုင်ငံကျော် အလှမယ်လေးမိုးစက်ဝိုင် ကို မှတ်မိကြပါသေးရဲ့လား ။ မိုးစက်ဝိုင်လေးဟာ ဆိုရင် နိုင်ငံ့ဂုဏ်ဆောင် အလှမယ်စင့်မြင့်ထက်ကနေ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ပေါ်ထွက်လာခဲ့တာပါ ။

မိုးစက်ဝိုင်တစ်ယောက် မကြာခင်မှာပြုလုပ်တော့မယ့် ရင်ခုန်စရာတွေ အတွက် ပရိသတ်တွေကို လူမှုကွန်ရက်ပေါ်ကနေ ချပြလိုက်ပါတယ်။
မိုးစက် က “မကြာခင် မှာ ရုပ်ရှင်ကားကြီး ရိုက်တာစပါတော့မယ်… လန့်သလိုလို, ပျော်သလိုလို..စိတ်လူပ်ရှားတာတော့အရမ်းပါ.ဘာတွေဘယ်လိုဖြစ်လညမယ်မှန်းမသိသေးပါဘူး. ဒါပေမဲ့ အရာရာကို အကောင်ဆုံးကျော်ဖြတ်ပါမယ်. တချက်မညီးဘူးလို့လဲ ဆုံးဖြတ်ထားပါတယ်နော်.ချစ်သောဝိုင်နီလေးများအတွက် တန်ဆောင်တိုင် ပိတ်ရက်လေးကို အကောင်းဆုံးအပျော်ရွှင်ဆုံးဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ” ဆိုပြီးရေးသားထားတာကိုတွေ့ရပါတယ်။

ပရိသတ်ကြီးရေ ၊ မိုးစက်ဝိုင်ကတော့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်အဖြစ်ကော ၊ အနုပညာရှင်ကောင်းတစ်ယောက်အဖြစ်ပါရပ်တည်ဖို့ ကြိုးစားနေတာပါ ။ မိုးစက်ဝိုင်အတွက် အားပေးစကားလေးတွေ ပြောပေးခဲ့ကြပါဦး။
Source -Moeset Wine

error: Alert: Content is protected !!