ပရိသတ္ေတြကုိ ေမးခြန္းတစ္ခုထုတ္ၿပီး ေခါင္းစားလိုက္တဲ့ ခုိင္သင္းၾကည္

ျမန္မာ့႐ုပ္ရွင္ေလာကမွာ ေအာင္ျမင္မႈေတြကို ႏွစ္ေပါင္းမ်ားစြာတိုင္ ထိန္းသိမ္းထားနုိင္တဲ့ အႏုပညာရွင္ေတြထဲမွာ မပြတ္ကၽြတ္လို႔ ပရိသတ္ေတြက ခ်စ္စႏုိးေခၚၾကတဲ့ ခိုင္သင္းၾကည္လည္း အပါအ၀င္ျဖစ္ပါတယ္။ သူမဟာ ပြင့္ပြင့္လင္းလင္း လြတ္လြတ္လပ္လပ္နဲ႔ ေျပာဆုိတတ္သူတစ္ေယာက္ျဖစ္လို႔ ပရိသတ္ေတြကသာမဟုတ္ဘဲ အႏုပညာေမာင္ႏွမေတြကပါ ခ်စ္ခင္သေဘာက်ၾကတာပါ။ ခိုင္သင္းၾကည္ဟာ က်ရာဇာတ္႐ုပ္ကုိ ပုိုင္ႏုိင္ေအာင္သရုပ္ေဆာင္ႏိုင္သူတစ္ေယာက္ျဖစ္လို႔ သူမ ပါ၀င္သ႐ုပ္ေဆာင္ထားတဲ့ဇာတ္ကားေတြဟာ ပရိသတ္ရင္ထဲထုိးေဖာက္၀င္ေရာက္တဲ့အထိကုိ ေအာင္ျမင္မႈေတြရရွိခဲ့ပါတယ္။ ပရိသတ္အခ်စ္ေတာ္ မခိုင္ေလးဟာ တကၠသုိလ္တက္စဥ္တုန္းကလည္း အလွဘုရင္မဘဲြ႕ကုိ ထုိက္ထုိက္တန္တန္ရရွိထားသူတစ္ဦးလည္း ျဖစ္ပါတယ္။

 

မခိုင္ေလးဟာ အႏုပညာေလာကမွာသာ ေအာင္ျမင္မႈေတြတသီႀကီးရရွိေနသူတစ္ေယာက္မဟုတ္ဘဲ ေပ်ာ္ရႊင္သာယာတဲ့မိသားစုဘ၀ေလးကိုလည္း ပုိင္ဆုိင္ထားသူတစ္ေယာက္ျဖစ္တာေၾကာင့္ ပရိသတ္ေတြ ေလးစားအားက်ေနၾကတာပါ။ ရယ္ရယ္ေမာေမာနဲ႔ ဟာသေတြေႏွာတတ္တဲ့ မခုိင္ေလးတစ္ေယာက္ မၾကာေသးခင္က သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာေပၚကေန ပရိသတ္ေတြကုိ ေမးခြန္းေလးထုတ္ၿပီး စေနာက္လုိက္ပါေသးတယ္။ သူမေမးခြန္းထုတ္ထားတဲ့ “ဘယ္မင္းသားနဲ႔လဲ သိလား”…ဆုိတဲ့ ပုိ႔စ္ေလးေအာက္မွာ သူမရဲ႕ခ်စ္ပရိသတ္ေတြ ျပန္လည္စေနာက္ထားတဲ့ မွတ္ခ်က္ေတြ ေ၀ေ၀ဆာခဲ့ပါတယ္။ ပရိသတ္ေတြနဲ႔ ရင္းရင္းႏွီးႏွီးေနတတ္ၿပီး သေဘာ႐ုိးတဲ့ မခုိင္ေလးကုိ သူမရဲ႕ပရိသတ္ေတြက တစ္ေန႔ထက္တစ္ေန႔ ပုိတိုးလို႔ခ်စ္ခင္အားေပးေနၾကမယ္ထင္ပါတယ္။

 

မခိုင္ေလးဟာ အခုလတ္တေလာ႐ုံတင္ထားတဲ့ သုံးေယာက္ေပါင္းေလာင္းေက်ာ္ဇာတ္ကားမွာ ပါ၀င္သ႐ုပ္ေဆာင္ထားသလို မၾကာခင္႐ုံတင္ျပသေတာ့မယ့္ ႐ုိးမေပၚက်တဲ့မ်က္ရည္ ႐ုပ္ရွင္ဇာတ္ကားႀကီးမွာလည္း အလွဴအတန္းရက္ေရာတဲ့ အခ်မ္းသာဆုံးနဲ႔ အလွဆုံးအပ်ဳိႀကီးတစ္ေယာက္အျဖစ္ ပါ၀င္သ႐ုပ္ေဆာင္ထားတာမုိ႔ သူမရဲ႕အမာခံပရိသတ္ထုႀကီးကေတာ့ အားေပးဖို႔အဆင္သင့္ျဖစ္ေနၾကပါၿပီ။ Cele Connectionsပရိသတ္ႀကီးအတြက္လည္း မခိုင္ေလးရဲ႕အလွပုံရိပ္ေလးေတြကုိ လက္ေဆာင္ထည့္ေပးလိုက္ပါတယ္ေနာ္။

Source – Khine Thin Kyi
Lavender
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

ပရိသတ်တွေကို မေးခွန်းတစ်ခုထုတ်ပြီး ခေါင်းစားလိုက်တဲ့ ခိုင်သင်းကြည်

မြန်မာ့ရုပ်ရှင်လောကမှာ အောင်မြင်မှုတွေကို နှစ်ပေါင်းများစွာတိုင် ထိန်းသိမ်းထားနိုင်တဲ့ အနုပညာရှင်တွေထဲမှာ မပွတ်ကျွတ်လို့ ပရိသတ်တွေက ချစ်စနိုးခေါ်ကြတဲ့ ခိုင်သင်းကြည်လည်း အပါအဝင်ဖြစ်ပါတယ်။ သူမဟာ ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ်နဲ့ ပြောဆိုတတ်သူတစ်ယောက်ဖြစ်လို့ ပရိသတ်တွေကသာမဟုတ်ဘဲ အနုပညာမောင်နှမတွေကပါ ချစ်ခင်သဘောကျကြတာပါ။ ခိုင်သင်းကြည်ဟာ ကျရာဇာတ်ရုပ်ကို ပိုင်နိုင်အောင်သရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်လို့ သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားတွေဟာ ပရိသတ်ရင်ထဲထိုးဖောက်ဝင်ရောက်တဲ့အထိကို အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ ပရိသတ်အချစ်တော် မခိုင်လေးဟာ တက္ကသိုလ်တက်စဉ်တုန်းကလည်း အလှဘုရင်မဘွဲ့ကို ထိုက်ထိုက်တန်တန်ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

မခိုင်လေးဟာ အနုပညာလောကမှာသာ အောင်မြင်မှုတွေတသီကြီးရရှိနေသူတစ်ယောက်မဟုတ်ဘဲ ပျော်ရွှင်သာယာတဲ့မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေ လေးစားအားကျနေကြတာပါ။ ရယ်ရယ်မောမောနဲ့ ဟာသတွေနှောတတ်တဲ့ မခိုင်လေးတစ်ယောက် မကြာသေးခင်က သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ ပရိသတ်တွေကို မေးခွန်းလေးထုတ်ပြီး စနောက်လိုက်ပါသေးတယ်။ သူမမေးခွန်းထုတ်ထားတဲ့ “ဘယ်မင်းသားနဲ့လဲ သိလား”…ဆိုတဲ့ ပို့စ်လေးအောက်မှာ သူမရဲ့ချစ်ပရိသတ်တွေ ပြန်လည်စနောက်ထားတဲ့ မှတ်ချက်တွေ ဝေေ၀ဆာခဲ့ပါတယ်။ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးနေတတ်ပြီး သဘောရိုးတဲ့ မခိုင်လေးကို သူမရဲ့ပရိသတ်တွေက တစ်နေ့ထက်တစ်နေ့ ပိုတိုးလို့ချစ်ခင်အားပေးနေကြမယ်ထင်ပါတယ်။

မခိုင်လေးဟာ အခုလတ်တလောရုံတင်ထားတဲ့ သုံးယောက်ပေါင်းလောင်းကျော်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားသလို မကြာခင်ရုံတင်ပြသတော့မယ့် ရိုးမပေါ်ကျတဲ့မျက်ရည် ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အလှူအတန်းရက်ရောတဲ့ အချမ်းသာဆုံးနဲ့ အလှဆုံးအပျိုကြီးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတာမို့ သူမရဲ့အမာခံပရိသတ်ထုကြီးကတော့ အားပေးဖို့အဆင်သင့်ဖြစ်နေကြပါပြီ။ Cele Connectionsပရိသတ်ကြီးအတွက်လည်း မခိုင်လေးရဲ့အလှပုံရိပ်လေးတွေကို လက်ဆောင်ထည့်ပေးလိုက်ပါတယ်နော်။

Source – Khine Thin Kyi
Lavender

error: Alert: Content is protected !!