ဒီတစ္ခါတကယ္ခ်စ္မိသြားၿပီဆိုတဲ့ ျဖဴျဖဴေက်ာ္သိန္း

ျဖဴျဖဴေက်ာ္သိန္းဟာ ဂီတေရစီးေၾကာင္းေပၚမွာ ကုိယ္ပုိင္ဟန္ ကုိယ္ပုိင္စတုိင္နဲ႔ ပရိသတ္အားေပးခ်စ္ခင္မႈကုိ ရရွိေနတဲ့ ႏုိင္ငံေက်ာ္အဆုိေတာ္တစ္ေယာက္ျဖစ္ပါတယ္။ သူမဟာ သီခ်င္းဆိုတဲ့အခါ အသံပါ၀ါေကာင္းေကာင္းနဲ႔ သီခ်င္းစာသားတစ္ေၾကာင္းစီတိုင္းကို ရသေျမာက္ေအာင္ ဖန္တီးသီဆုိနုိင္သူျဖစ္လို႔ သူမရဲ႕ထြက္ရွိခဲ့သမ်ွ ေတးသီခ်င္းေတြကလည္း ဒိတ္ဒိတ္ႀကဲေအာင္ျမင္မႈေတြရရွိခဲ့တာပါ။ ျဖဴျဖဴဟာ ေတးသီခ်င္းသီဆိုတဲ့ေနရာမွာသာ ထူးခြ်န္တာမဟုတ္ဘဲ ပညာေရးမွာလည္း အမ်ားက ေလးစားခ်ီးက်ဴးရတဲ့ ဆရာ၀န္ဘဲြ႔ကုိပါ ရရွိထားသူတစ္ေယာက္ျဖစ္ပါတယ္။ အခုလတ္တေလာ ထုတ္လႊင့္တင္ဆက္ေနတဲ့ Myanmar Idol Season 4မွာလည္း အကဲျဖတ္ဒုိင္တစ္ေယာက္အျဖစ္ ပါ၀င္ထားပါေသးတယ္။

 

ျဖဴျဖဴဟာ သူမရဲ႕ အေတြးအေခၚအေမ်ွာ္အျမင္ေတြကုိ စကားလုံးေတြအျဖစ္အသြင္ေျပာင္း ေျပာဆုိတဲ့အခါမွာလည္း ပရိသတ္ေတြအတြက္ မွတ္သားစရာေတြ ပါေနတတ္တာမုိ႔ ပရိသတ္ေတြက မွတ္သားအတုယူေနၾကတာပါ။ ဖက္ရွင္ဆန္းဆန္းျပားျပားေတြနဲ႔ ပရိသတ္ကုိဖမ္းစားေလ့ရွိတဲ့ အပ်ဳိႀကီး ျဖဴျဖဴတစ္ေယာက္ ႏွလုံးသားအေရးကုိေတာ့ သုိသုိသိပ္သိပ္နဲ႔ ကြယ္၀ွက္ထားတတ္ပါေသးတယ္။ မၾကာေသးခင္က သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ “ခ်စ္လိုက္တာ။ သိပ္ခ်စ္တာပဲ။ တအားကုိခ်စ္။ ဒီတစ္ခါတကယ္ကုိ ခ်စ္မိသြားတာ” လုိ႔ ေရးသားခဲ့ၿပီး ပရိသတ္ရဲ႕ အာ႐ုံကိုဖမ္းစားခဲ့တာပါ။ အဲဒီစာေၾကာင္းေလးရဲ႕ ဟုိးေအာက္ဆုံးမွာေတာ့ “ကိုယ့္ဘာကုိယ္ ေျပာတာ”… ဆုိၿပီး ထပ္ေရးခဲ့ျပန္တာမို႔ ပရိသတ္ေတြရင္ထဲ ခိုးလုခုလုျဖစ္က်န္ရစ္ခဲ့ပါတယ္။

 

စာသားေလးရဲ႕အဆုံးမွာေတာ့ အပ်ဳိႀကီးျဖဴျဖဴရဲ႕အခ်စ္ေရးကုိ စိတ္၀င္စားေနတဲ့ ပရိသတ္ေတြက ဂ်င္းထည့္ခံရမွန္းသိၿပီး စေနာက္တဲ့မွတ္ခ်က္ေတြ ေပးခဲ့ၾကပါတယ္။ Cele Connectionsပရိသတ္ႀကီးကလည္း ျဖဴျဖဴကုိ အပ်ဳိႀကီးဘ၀ကေန ကြ်တ္ေစခ်င္ၾကၿပီလား??? မွတ္ခ်က္ေလးေတြ ေပးခဲ့ပါဦးေနာ္။

Source – Phyu Phyu Kyaw Thein
Lavender
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

ဒီတစ်ခါတကယ်ချစ်မိသွားပြီဆိုတဲ့ ဖြူဖြူကျော်သိန်း

ဖြူဖြူကျော်သိန်းဟာ ဂီတရေစီးကြောင်းပေါ်မှာ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်စတိုင်နဲ့ ပရိသတ်အားပေးချစ်ခင်မှုကို ရရှိနေတဲ့ နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ သီချင်းဆိုတဲ့အခါ အသံပါဝါကောင်းကောင်းနဲ့ သီချင်းစာသားတစ်ကြောင်းစီတိုင်းကို ရသမြောက်အောင် ဖန်တီးသီဆိုနိုင်သူဖြစ်လို့ သူမရဲ့ထွက်ရှိခဲ့သမျှ တေးသီချင်းတွေကလည်း ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေရရှိခဲ့တာပါ။ ဖြူဖြူဟာ တေးသီချင်းသီဆိုတဲ့နေရာမှာသာ ထူးချွန်တာမဟုတ်ဘဲ ပညာရေးမှာလည်း အများက လေးစားချီးကျူးရတဲ့ ဆရာဝန်ဘွဲ့ကိုပါ ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ အခုလတ်တလော ထုတ်လွှင့်တင်ဆက်နေတဲ့ Myanmar Idol Season 4မှာလည်း အကဲဖြတ်ဒိုင်တစ်ယောက်အဖြစ် ပါဝင်ထားပါသေးတယ်။

ဖြူဖြူဟာ သူမရဲ့ အတွေးအခေါ်အမျှော်အမြင်တွေကို စကားလုံးတွေအဖြစ်အသွင်ပြောင်း ပြောဆိုတဲ့အခါမှာလည်း ပရိသတ်တွေအတွက် မှတ်သားစရာတွေ ပါနေတတ်တာမို့ ပရိသတ်တွေက မှတ်သားအတုယူနေကြတာပါ။ ဖက်ရှင်ဆန်းဆန်းပြားပြားတွေနဲ့ ပရိသတ်ကိုဖမ်းစားလေ့ရှိတဲ့ အပျိုကြီး ဖြူဖြူတစ်ယောက် နှလုံးသားအရေးကိုတော့ သိုသိုသိပ်သိပ်နဲ့ ကွယ်ဝှက်ထားတတ်ပါသေးတယ်။ မကြာသေးခင်က သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ “ချစ်လိုက်တာ။ သိပ်ချစ်တာပဲ။ တအားကိုချစ်။ ဒီတစ်ခါတကယ်ကို ချစ်မိသွားတာ” လို့ ရေးသားခဲ့ပြီး ပရိသတ်ရဲ့ အာရုံကိုဖမ်းစားခဲ့တာပါ။ အဲဒီစာကြောင်းလေးရဲ့ ဟိုးအောက်ဆုံးမှာတော့ “ကိုယ့်ဘာကိုယ် ပြောတာ”… ဆိုပြီး ထပ်ရေးခဲ့ပြန်တာမို့ ပရိသတ်တွေရင်ထဲ ခိုးလုခုလုဖြစ်ကျန်ရစ်ခဲ့ပါတယ်။

စာသားလေးရဲ့အဆုံးမှာတော့ အပျိုကြီးဖြူဖြူရဲ့အချစ်ရေးကို စိတ်ဝင်စားနေတဲ့ ပရိသတ်တွေက ဂျင်းထည့်ခံရမှန်းသိပြီး စနောက်တဲ့မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။ Cele Connectionsပရိသတ်ကြီးကလည်း ဖြူဖြူကို အပျိုကြီးဘဝကနေ ကျွတ်စေချင်ကြပြီလား??? မှတ်ချက်လေးတွေ ပေးခဲ့ပါဦးနော်။

Source – Phyu Phyu Kyaw Thein
Lavender

error: Alert: Content is protected !!