အသက်ရှင်ပြီးနောက် ဘဝမှာ ဒီအရာတွေမရှိတော့ဘူးဆိုတဲ့ မီးမီးခဲ

ပရိသတ်ကြီးရေ ၊ တခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ နိုင်ငံကျော် အဆိုတော်မလေး မီးမီးခဲကို မှတ်မိကြပါသေးရဲ့လား ။ မီးခဲ ဟာ နိုင်ငံခြားမှာ အခြေချနေထိုင်ရင်း ကံကြမ္မာဆိုးကြောင့် ရင်သားကင်ဆာ ဝေဒနာကိုကာလအတန်ကြာခံစားခဲ့ရတာပါ ။ သေမင်းနဲ့ အံတုပြီးနောက်ပိုင်းမှာ မီးမီးခဲတစ်ယောက် အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။

မီးမီးခဲကတော့ သူ့ဘဝမှာ ဒါတွေမရှိတော့ဘူးလို့ဆိုပါတယ်။ မီးခဲက “အသက်ရှင်ခွင့်ရတာလေးကိုပဲ ကျေနပ်နေပြီ ဖြစ်တဲ့ကျွန်မအတွက်တော့ ကြွားဝါခြင်း , စိတ်တိုခြင်း, ဂုဏ်ပြိုင်ခြင်းတွေ မရှိတော့ပါလေ..
စိတ်နှိမ့်ချခြင်း မရှိတဲ့ အသက်တာ ဟာ အင်မတန်မှ မောပန်းပင်ပန်းရပါလိမ့်မယ်..
စစိမှန်တဲ့ငြိမ်သက်ခြင်းကို ရရှိခဲ့စား ခွင့်ကို ပေးပြီးဖြစ်တဲ့ ဘုရားနာမတော်သာ၍ ဘုန်းကြီးပါစေ..Amen…Bythe GRACE ofGod” ဆိုပြီး လူမှုကွန်ရက်ပေါ်ကနေ ရေးသားထားတာကိုတွေ့ရပါတယ်။

မီးမီးခဲက တော့ သေမင်း နဲ့ အံတုပြီးနောက်ပိုင်း မှာ ယခင်ကထက် ပိုမိုတည်ငြိမ်လာနေတာ ကတော့ ငြင်းလို့မရပါဘူး ။ ကဲ ပရိသတ်ကြီးရေ ၊ မီးခဲ ရဲ့ ခံစားချက်လေးတွေအတွက် မှတ်ချက်ကနေတစ်ခုခုပြောပြပေးခဲ့ကြပါဦး။

Source – the real mee mee khel-မီးမီးခဲ
Jasmine

error: Alert: Content is protected !!