အလုပ္ေတြၾကားက႐ုန္းထြက္ၿပီး Roခဲ့ၾကတဲ့ ၿဖိဳးေလးနဲ႔၀ါဆို

ပရိသတ္ေတြစိတ္၀င္တစားနဲ႔ ၀န္းရံေနၾကတဲ့ အႏုပညာရွင္ခ်စ္သူစုံတဲြေတြထဲမွာ ၿဖိဳးေလးနဲ႔၀ါဆိုမုိးဦးတုိ႔ စုံတဲြေလးကလည္း အပါအ၀င္ျဖစ္ပါတယ္။ ၿဖဳိးေလးဟာ ႏုိင္ငံေက်ာ္အဆိုေတာ္တစ္ေယာက္ျဖစ္သလို ၀ါဆိုမုိးဦးကလည္း ေအာင္ျမင္တဲ့မင္းသမီးတစ္လက္ျဖစ္ပါတယ္။ ခႏၶာကုိယ္အခ်ိဳးအစားလွပေျပျပစ္ၿပီး ကကြက္ဆန္းဆန္းေတြ ကတတ္တဲ့၀ါဆုိနဲ႕ သီခ်င္းေကာင္းေကာင္းေတြ သီဆုိတတ္တဲ့ ၿဖိဳးေလးတို႔ကုိ လုိက္ဖက္တဲ့သူေတြအျဖစ္ ပရိသတ္ေတြက အသိအမွတ္ျပဳထားၾကတာပါ။ သူတို႕ႏွစ္ေယာက္လုံးဟာ အႏုပညာလမ္းေၾကာင္းေပၚမွာ ေက်ာ္ၾကားမႈေတြ ကုိယ္စီရရွိေနတာေၾကာင့္ အလုပ္သိပ္မ်ားၾကသူေတြလည္း ျဖစ္ပါတယ္။

 

မၾကာေသးခင္က ၀ါဆိုကၿဖိဳးေလးကုိ စိတ္ေကာက္ေနတာေၾကာင့္ သူတို႔ရဲ႕ခ်စ္ပရိသတ္ေတြ စုိးရိမ္ပူပန္ခဲ့ၾကတာပါ။ ၿဖိဳးေလးက သူ႔ခ်စ္သူေလး၀ါဆုိကုိ ခ်စ္သက္လက္ေဆာင္ပန္းစည္းေလးနဲ႔ ျပန္လည္ေခ်ာ့ေမာ့ခဲ့လို႔ ၀ါဆုိတစ္ေယာက္စိတ္ေကာက္ေျပၿပီး ၾကည္ႏူးေပ်ာ္ရႊင္ခဲ့ပါတယ္။ ၀ါဆိုက “တခါတေလ အလုပ္ေတြၾကားထဲက ႐ုန္းထြက္ၿပီး ဟန္ေဆာင္မႈကင္းတဲ့ခ်စ္ျခင္းေတြမွာ ေပ်ာ္ရႊင္ၾကည့္ၾကပါ။ အရမ္းေႏြးေထြးမႈ ရွိပါတယ္”… ဆိုတဲ့စာသားေလးနဲ႔အတူ သူမတို႔စုံတဲြေလးရဲ႕ ၾကည္ႏူးဖြယ္ ပုံရိပ္ေလးေတြကုိ လူမႈကြန္ရက္စာမ်က္ႏွာမွာ မွ်ေ၀ခဲ့ပါေသးတယ္။ ၿဖိဳးေလးနဲ႔၀ါဆုိကုိ ခ်စ္ခင္အားေပးၾကတဲ့ ပရိသတ္ေတြကလည္း သူတို႔ရဲ႕ေပ်ာ္ရႊင္ၾကည္ႏူးမႈေတြကုိ ထပ္တူခံစားေနရမယ္ထင္ပါတယ္။

 

ပရိသတ္ေတြခ်စ္ၾကတဲ့ ၿဖိဳးေလးနဲ႔၀ါဆိုတုိ႔ ခ်စ္သူႏွစ္ဦး ေအာင္ျမင္မႈေတြဆက္လက္ရရွိၿပီး ေရႊလက္ခိုင္ခုိင္တဲြႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။ Cele Connections ပရိသတ္ႀကီးအတြက္လည္း ၀ါဆုိနဲ႔ၿဖိဳးေလးတို႔ရဲ႕ ခ်စ္စဖြယ္စုံတဲြပုံရိပ္ေလးေတြကုိ မ်ွေ၀ေပးလုိက္တယ္ေနာ္။

Source – Warso Moe Oo
Lavender
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

အလုပ်တွေကြားကရုန်းထွက်ပြီး Roခဲ့ကြတဲ့ ဖြိုးလေးနဲ့ဝါဆို

ပရိသတ်တွေစိတ်ဝင်တစားနဲ့ ဝန်းရံနေကြတဲ့ အနုပညာရှင်ချစ်သူစုံတွဲတွေထဲမှာ ဖြိုးလေးနဲ့ဝါဆိုမိုးဦးတို့ စုံတွဲလေးကလည်း အပါအဝင်ဖြစ်ပါတယ်။ ဖြိုးလေးဟာ နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်သလို ဝါဆိုမိုးဦးကလည်း အောင်မြင်တဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။ ခန္ဓာကိုယ်အချိုးအစားလှပပြေပြစ်ပြီး ကကွက်ဆန်းဆန်းတွေ ကတတ်တဲ့ဝါဆိုနဲ့ သီချင်းကောင်းကောင်းတွေ သီဆိုတတ်တဲ့ ဖြိုးလေးတို့ကို လိုက်ဖက်တဲ့သူတွေအဖြစ် ပရိသတ်တွေက အသိအမှတ်ပြုထားကြတာပါ။ သူတို့နှစ်ယောက်လုံးဟာ အနုပညာလမ်းကြောင်းပေါ်မှာ ကျော်ကြားမှုတွေ ကိုယ်စီရရှိနေတာကြောင့် အလုပ်သိပ်များကြသူတွေလည်း ဖြစ်ပါတယ်။

မကြာသေးခင်က ဝါဆိုကဖြိုးလေးကို စိတ်ကောက်နေတာကြောင့် သူတို့ရဲ့ချစ်ပရိသတ်တွေ စိုးရိမ်ပူပန်ခဲ့ကြတာပါ။ ဖြိုးလေးက သူ့ချစ်သူလေးဝါဆိုကို ချစ်သက်လက်ဆောင်ပန်းစည်းလေးနဲ့ ပြန်လည်ချော့မော့ခဲ့လို့ ဝါဆိုတစ်ယောက်စိတ်ကောက်ပြေပြီး ကြည်နူးပျော်ရွှင်ခဲ့ပါတယ်။ ဝါဆိုက “တခါတလေ အလုပ်တွေကြားထဲက ရုန်းထွက်ပြီး ဟန်ဆောင်မှုကင်းတဲ့ချစ်ခြင်းတွေမှာ ပျော်ရွှင်ကြည့်ကြပါ။ အရမ်းနွေးထွေးမှု ရှိပါတယ်”… ဆိုတဲ့စာသားလေးနဲ့အတူ သူမတို့စုံတွဲလေးရဲ့ ကြည်နူးဖွယ် ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့ပါသေးတယ်။ ဖြိုးလေးနဲ့ဝါဆိုကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကလည်း သူတို့ရဲ့ပျော်ရွှင်ကြည်နူးမှုတွေကို ထပ်တူခံစားနေရမယ်ထင်ပါတယ်။

ပရိသတ်တွေချစ်ကြတဲ့ ဖြိုးလေးနဲ့ဝါဆိုတို့ ချစ်သူနှစ်ဦး အောင်မြင်မှုတွေဆက်လက်ရရှိပြီး ရွှေလက်ခိုင်ခိုင်တွဲနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ Cele Connections ပရိသတ်ကြီးအတွက်လည်း ဝါဆိုနဲ့ဖြိုးလေးတို့ရဲ့ ချစ်စဖွယ်စုံတွဲပုံရိပ်လေးတွေကို မျှဝေပေးလိုက်တယ်နော်။

Source – Warso Moe Oo
Lavender

error: Alert: Content is protected !!