သူမေဝးေဝးကေရွာင္သြားခ်င္တဲ့ သူေတြအေၾကာင္းကိုေျပာျပလိုက္တဲ့ ေ႐ႊအိမ္စည္

အသက္အ႐ြယ္ငယ္ေပမယ့္ တည္ၿငိမ္ရင့္က်က္တဲ့ အေတြးအေခၚေတြနဲ႔ ယုံၾကည္ခ်က္ရွိရွိလွပေနသူေလးကေတာ့ ေ႐ႊအိမ္စည္ပဲျဖစ္ပါတယ္။ သူမဟာ Missတစ္ေယာက္အျဖစ္ အႏုပညာေလာကထဲကို စတင္ဝင္ေရာက္လာခဲ့ေပမယ့္ အခုခ်ိန္မွာ သ႐ုပ္ေဆာင္အလုပ္ကိုလည္း စတင္လုပ္ေဆာင္ေနၿပီျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ သူမရဲ႕ျပတ္သားတဲ့စိတ္ဓာတ္နဲ႔ ကိုယ့္ကိုယ္ကိုယုံၾကည္မႈွရွိတာေလးကို သေဘာက်ေနၾကတာပါ။ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ေအာင္ျမင္မႈေတြရရွိေနတဲ့ အိမ္စည္ရဲ႕အခ်စ္ေရးကလည္း ပရိသတ္ရဲ႕အထူးစိတ္ဝင္စားမႈခံခဲ့ရပါတယ္။

 

မၾကာေသးခင္က သူမရဲ႕ေမြးေန႔ကိုလည္း အႏုပညာေမာင္ႏွမေတြနဲ႔ ေပ်ာ္ေပ်ာ္ပါးပါးက်င္းပခဲ့ပါေသးတယ္။ အဲဒီေမြးေန႔ပြဲမွာ သူမရဲ႕Exလည္း တက္ေရာက္လာခဲ့တာမို႔ ပရိသတ္ေတြက အထူးစိတ္ဝင္စားခဲ့ၾကေပမယ့္ အိမ္စည္ကေတာ့ အခ်စ္ေဟာင္းနဲ႔ျပန္ဆက္ဖို႔ အစီစဥ္မရွိေၾကာင္း ျပန္လည္ေျပာျပခဲ့ပါတယ္။ မၾကာေသးခင္က သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ “တကယ္ေတာ့ ကြၽန္မက႐ိုးရွင္းတယ္ ဒဲ့သမား။ ခြီလို႔ေကာင္းၿပီး ပြင့္လင္းတဲ့သူေတြနားမွာ ေနခ်င္တယ္။ ဒရမ္မာမ်ားတဲ့ သူေတြနားက ေဝးေဝးေရွာင္တယ္”… ဆိုၿပီး သူမရဲ႕ စိတ္ရင္းအမွန္ကို မွ်ေဝထားပါေသးတယ္။ ပရိသတ္ေတြကေတာ့ အိမ္စည္ေလးရဲ႕ ႐ိုးရွင္းတဲ့စိတ္ရင္းေလးကို ပိုၿပီးခ်စ္ခင္ေနၾကပါၿပီ။

 

ယုံၾကည္မႈရွိရွိလွေနတဲ့ ေ႐ႊအိမ္စည္ေလးတစ္ေယာက္ အႏုပညာလမ္းေၾကာင္းမွာ ေအာင္ျမင္မႈေတြ ထပ္မံရရွိပါေစလို႔ ပရိသတ္ႀကီးနဲ႔ထပ္တူ ဆုေတာင္းေပးလိုက္ပါတယ္။ Cele Connectionsပရိသတ္ႀကီးအတြက္လည္း အိမ္စည္ရဲ႕ပုံရိပ္ေလးေတြကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source – Shwe Eain Si
Lavender
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

သူမဝေးဝေးကရှောင်သွားချင်တဲ့ သူတွေအကြောင်းကိုပြောပြလိုက်တဲ့ ရွှေအိမ်စည်

အသက်အရွယ်ငယ်ပေမယ့် တည်ငြိမ်ရင့်ကျက်တဲ့ အတွေးအခေါ်တွေနဲ့ ယုံကြည်ချက်ရှိရှိလှပနေသူလေးကတော့ ရွှေအိမ်စည်ပဲဖြစ်ပါတယ်။ သူမဟာ Missတစ်ယောက်အဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ပေမယ့် အခုချိန်မှာ သရုပ်ဆောင်အလုပ်ကိုလည်း စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သူမရဲ့ပြတ်သားတဲ့စိတ်ဓာတ်နဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုှရှိတာလေးကို သဘောကျနေကြတာပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်မှုတွေရရှိနေတဲ့ အိမ်စည်ရဲ့အချစ်ရေးကလည်း ပရိသတ်ရဲ့အထူးစိတ်ဝင်စားမှုခံခဲ့ရပါတယ်။

မကြာသေးခင်က သူမရဲ့မွေးနေ့ကိုလည်း အနုပညာမောင်နှမတွေနဲ့ ပျော်ပျော်ပါးပါးကျင်းပခဲ့ပါသေးတယ်။ အဲဒီမွေးနေ့ပွဲမှာ သူမရဲ့Exလည်း တက်ရောက်လာခဲ့တာမို့ ပရိသတ်တွေက အထူးစိတ်ဝင်စားခဲ့ကြပေမယ့် အိမ်စည်ကတော့ အချစ်ဟောင်းနဲ့ပြန်ဆက်ဖို့ အစီစဉ်မရှိကြောင်း ပြန်လည်ပြောပြခဲ့ပါတယ်။ မကြာသေးခင်က သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ “တကယ်တော့ ကျွန်မကရိုးရှင်းတယ် ဒဲ့သမား။ ခွီလို့ကောင်းပြီး ပွင့်လင်းတဲ့သူတွေနားမှာ နေချင်တယ်။ ဒရမ်မာများတဲ့ သူတွေနားက ဝေးဝေးရှောင်တယ်”… ဆိုပြီး သူမရဲ့ စိတ်ရင်းအမှန်ကို မျှဝေထားပါသေးတယ်။ ပရိသတ်တွေကတော့ အိမ်စည်လေးရဲ့ ရိုးရှင်းတဲ့စိတ်ရင်းလေးကို ပိုပြီးချစ်ခင်နေကြပါပြီ။

ယုံကြည်မှုရှိရှိလှနေတဲ့ ရွှေအိမ်စည်လေးတစ်ယောက် အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုတွေ ထပ်မံရရှိပါစေလို့ ပရိသတ်ကြီးနဲ့ထပ်တူ ဆုတောင်းပေးလိုက်ပါတယ်။ Cele Connectionsပရိသတ်ကြီးအတွက်လည်း အိမ်စည်ရဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source – Shwe Eain Si
Lavender

error: Alert: Content is protected !!