မိုးရေထဲမှာ သီချင်းကို ဝေဖန်သူတွေကို ပညာသားပါပါတုန့်ပြန်လိုက်တဲ့ ယုန်လေး

မကြာသေးခင်က အောင်မြင်သွားကြခဲ့ပြီဖြစ်တဲ့ Rapper ကျားလေးတို့ ရဲ့ မိုးရေထဲမှာပဲ သီချင်းလေး ဟာပရိသတ်တွေကိုအံ့သြစေခဲ့ပါတယ်။အသစ်ထွက်ရှိလာခဲ့တဲ့ သီချင်းဟာလည်း အရင်ဝေဖန်ခံနေခဲ့ရတဲ့ သီချင်းအဟောင်းထက်ပိုပြီးကောင်းမွန်ခဲ့တာပါ ။

အဆိုပါ သီချင်း ကို နောက်ကွယ်ကနေ ဖန်တီးပေးခဲ့တဲ့ ယုန်လေးက သီချင်းနဲ့ ပတ်သက်ပြီးဝေဖန်နေကြတဲ့သူတွေ ကို လူမှုကွန်ရက်ပေါ်ကနေပြောဆိုလိုက်ပါတယ်။
ယုန်လေးက “Music Video ဆိုတာလွတ်လွတ်လပ်လပ် တွေးခွင့်ရှိပါတယ် ။သီချင်းစာသား အတိုင်းမရိုက်ပါဖူးလို့လည်း ကျွန်တော် အလင်းတန်းမှာဖြေထားပါတယ်။
Version အဟောင်းက ပိုကောင်းတယ်ဆိုတာ ကောင်းထဲဘက်ကတွေးရင် အရမ်းကြားပါများတော့ နားစွဲသွားတာပါ။အဖျက်ပြောတဲ့ လူတွေကိုပြောချင်တာကတော့
အခု ကျွန်တော်လုပ်ပေးထားတဲ့ Version ကလှောင်စရာ မပါတော့လို့ပါ။
တစ်ခုခု လုပ်ရင် မြန်မာပြည်မှာ ဆရာကြီးတွေအရမ်းများမှန်း ပိုပိုသိလာတယ်
ဝေဖန်နေသော ဆရာကြီးတွေကို ပြောချင်တာ ကျွန်တော့်စေတနာ သန့်ပါတယ် ။
အားပေး ချီးကျူးတဲ့ လူများကို အထူးကျေးဇူးတင်ပါသည်။”ဆိုပြီးရေးသားထားတာကိုတွေ့ရပါတယ်။

ပရိသတ်ကြီးရေ ၊ အနုပညာအပေါ်ရူးသွပ်သူတိုင်း ကို အခုလို ဆွဲခေါ်လမ်းပြပေးတဲ့ ယုန်လေး ရဲ့ စေတနာတွေ ကတော့ လေးစားစရာပါ ။ ကဲ “မိုးရေထဲမှာ” သီချင်း ဘယ်ဗားရှင်း ကို ကြိုက်လဲဆိုတာ ပရိသတ်တွေအတွက် ပြောပြခဲ့ပါဦး ။
Source – Yone lay
Jasmine

error: Alert: Content is protected !!