ပရိသတ္ေတြအေပၚေလးစားမႈရွိတယ္လို႔ ထင္ေၾကးေပးခံေနရတဲ့ G-Dragon

G-Dragon ဟာ ေတာင္ကုိရီးယားရဲ႕ နာမည္ေက်ာ္ေကေပါ့ပ္အဆုိေတာ္အဖဲြ႔ျဖစ္တဲ့ Big Bangရဲ႕ အဖဲြ႔ေခါင္းေဆာင္တစ္ေယာက္ျဖစ္ပါတယ္။ သူဟာ အဆုိေတာ္ ေတးေရးတစ္ေယာက္ျဖစ္ၿပီး ေကေပါ့ပ္ဘုရင္တစ္ပါးအျဖစ္ ပရိသတ္ရဲ႕တခဲနက္အားေပးမႈကုိ ရရွိေနတာပါ။ သူေခါင္းေဆာင္အျဖစ္ ပါ၀င္ထားတဲ့ Big Bangအဖဲြ႔ကုိ ၂၀၀၆ခုႏွစ္က စတင္ထူေထာင္ခဲ့ၿပီး ကမၻာတစ္၀ွမ္လုံးမွာ ေရာင္းအားအေကာင္းဆုံးနဲ႔ အေက်ာ္ၾကားဆုံး အမ်ိဳးသားဂီတအဖဲြ႔ပဲျဖစ္ပါတယ္။ ၂၀၀၉ခုႏွစ္မွာ ျဖန္႕ခ်ီခဲ့တဲ့ သူ႔ရဲ႕ပထမဆုံး Solo အယ္ဘမ္ျဖစ္တဲ့ Heartbreakerကလည္း အေရာင္းရဆုံးစာရင္း၀င္အျဖစ္ ေအာင္ျမင္မႈေတြရရွိခဲ့ပါတယ္။

 

G-Dragon ဟာ လြန္ခဲ့တဲ့ႏွစ္ေတြက ကုိရီးယားရဲ႕စစ္မႈထမ္းရတဲ့ဥပေဒေၾကာင့္ စစ္မႈထမ္းတာ၀န္ကုိ ထမ္းေဆာင္ေနခဲ့တာမုိ႔ ပရိသတ္ေတြနဲ႔ အဆက္သြယ္ျပတ္ေနခဲ့တာပါ။ မၾကာေသးခင္က သူ႔ရဲ႕စစ္မႈထမ္းကာလၿပီးဆုံးခဲ့ၿပီျဖစ္လို႔ G-Dragonဟာ ပရိသတ္မ်က္စိေရွ႕ ျပန္လည္ေရာက္ရွိလာခဲ့တဲ့အတြက္ သူ႔ရဲ႕ခ်စ္ပရိသတ္ေတြကေတာ့ ၀မ္းသာၾကည္ႏူးေနၾကပါတယ္။ သူအရပ္သားအျဖစ္ျပန္လည္ေရာက္ရွိလာတဲ့ေန႔မွာပဲ ပရိသတ္ ၃၀၀၀ ေလာက္နဲ႔ အမွတ္တရေတြ႕ဆုံခဲ့ပါေသးတယ္။ အဲဒီေတြ႕ဆုံပဲြကုိ လာေရာက္အားေပးတဲ့ ပရိသတ္ေတြထဲက ကေလးငယ္တစ္ေယာက္က G-Dragonကုိ ဂုဏ္ျပဳပန္းကုံးလက္ေဆာင္ေပးခဲ့ပါတယ္။ သူဟာ ပရိသတ္ေပးတဲ့အမွတ္တရဂုဏ္ျပဳပန္းကုံးကုိ ေပ်ာ္ရႊင္အံ့ၾသမႈေတြနဲ႔အတူ လက္ခံရယူခဲ့တဲ့အျပင္ သူ႔လည္ပင္းမွာပါ ၀တ္ဆင္ခဲ့တာကုိ ၾကည့္ျခင္းအားျဖင့္ သူဟာပရိသတ္ေတြအေပၚ အေလးထားသူတစ္ေယာက္ဆုိတာ ေပၚလြင္ေနပါတယ္။

 

သူဟာ အခုခ်ိန္မွာ အသက္၃၁ႏွစ္ရွိေနၿပိီျဖစ္ၿပီး မၾကာေတာ့တဲ့ကာလေတြမွာ သူ႔ရဲ႕အႏုပညာအလုပ္ကုိ သစၥာရွိရွိဆက္လုပ္ေဆာင္သြားမယ္လို႔လည္း ပရိသတ္ေတြကုိ အသိေပးခဲ့ပါတယ္။ G-Dragon ရဲ႕ ဆက္လက္လုပ္ေဆာင္မယ့္ အႏုပညာလႈပ္ရွားမႈေတြကုိ Cele Connectionsကလည္း ပရိသတ္ႀကီးနဲ႔ ထပ္တူေစာင့္ေမ်ွာ္ေနပါတယ္ေနာ္။

Source – Wikipedia
Lavender
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

ပရိသတ်တွေအပေါ်လေးစားမှုရှိတယ်လို့ ထင်ကြေးပေးခံနေရတဲ့ G-Dragon

G-Dragon ဟာ တောင်ကိုရီးယားရဲ့ နာမည်ကျော်ကေပေါ့ပ်အဆိုတော်အဖွဲ့ဖြစ်တဲ့ Big Bangရဲ့ အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ အဆိုတော် တေးရေးတစ်ယောက်ဖြစ်ပြီး ကေပေါ့ပ်ဘုရင်တစ်ပါးအဖြစ် ပရိသတ်ရဲ့တခဲနက်အားပေးမှုကို ရရှိနေတာပါ။ သူခေါင်းဆောင်အဖြစ် ပါဝင်ထားတဲ့ Big Bangအဖွဲ့ကို ၂၀၀၆ခုနှစ်က စတင်ထူထောင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်လုံးမှာ ရောင်းအားအကောင်းဆုံးနဲ့ အကျော်ကြားဆုံး အမျိုးသားဂီတအဖွဲ့ပဲဖြစ်ပါတယ်။ ၂၀၀၉ခုနှစ်မှာ ဖြန့်ချီခဲ့တဲ့ သူ့ရဲ့ပထမဆုံး Solo အယ်ဘမ်ဖြစ်တဲ့ Heartbreakerကလည်း အရောင်းရဆုံးစာရင်းဝင်အဖြစ် အောင်မြင်မှုတွေရရှိခဲ့ပါတယ်။

G-Dragon ဟာ လွန်ခဲ့တဲ့နှစ်တွေက ကိုရီးယားရဲ့စစ်မှုထမ်းရတဲ့ဥပဒေကြောင့် စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်နေခဲ့တာမို့ ပရိသတ်တွေနဲ့ အဆက်သွယ်ပြတ်နေခဲ့တာပါ။ မကြာသေးခင်က သူ့ရဲ့စစ်မှုထမ်းကာလပြီးဆုံးခဲ့ပြီဖြစ်လို့ G-Dragonဟာ ပရိသတ်မျက်စိရှေ့ ပြန်လည်ရောက်ရှိလာခဲ့တဲ့အတွက် သူ့ရဲ့ချစ်ပရိသတ်တွေကတော့ ဝမ်းသာကြည်နူးနေကြပါတယ်။ သူအရပ်သားအဖြစ်ပြန်လည်ရောက်ရှိလာတဲ့နေ့မှာပဲ ပရိသတ် ၃၀၀၀ လောက်နဲ့ အမှတ်တရတွေ့ဆုံခဲ့ပါသေးတယ်။ အဲဒီတွေ့ဆုံပွဲကို လာရောက်အားပေးတဲ့ ပရိသတ်တွေထဲက ကလေးငယ်တစ်ယောက်က G-Dragonကို ဂုဏ်ပြုပန်းကုံးလက်ဆောင်ပေးခဲ့ပါတယ်။ သူဟာ ပရိသတ်ပေးတဲ့အမှတ်တရဂုဏ်ပြုပန်းကုံးကို ပျော်ရွှင်အံ့သြမှုတွေနဲ့အတူ လက်ခံရယူခဲ့တဲ့အပြင် သူ့လည်ပင်းမှာပါ ဝတ်ဆင်ခဲ့တာကို ကြည့်ခြင်းအားဖြင့် သူဟာပရိသတ်တွေအပေါ် အလေးထားသူတစ်ယောက်ဆိုတာ ပေါ်လွင်နေပါတယ်။

သူဟာ အခုချိန်မှာ အသက်၃၁နှစ်ရှိနေပြီဖြစ်ပြီး မကြာတော့တဲ့ကာလတွေမှာ သူ့ရဲ့အနုပညာအလုပ်ကို သစ္စာရှိရှိဆက်လုပ်ဆောင်သွားမယ်လို့လည်း ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ G-Dragon ရဲ့ ဆက်လက်လုပ်ဆောင်မယ့် အနုပညာလှုပ်ရှားမှုတွေကို Cele Connectionsကလည်း ပရိသတ်ကြီးနဲ့ ထပ်တူစောင့်မျှော်နေပါတယ်နော်။

Source – Wikipedia
Lavender

error: Alert: Content is protected !!