ငယ္ငယ္ထဲကအနုပညာနယ္ပယ္ေပါင္းပံုမွာ ပါ၀င္ခဲ့တဲ့ Myanmar Idol ရဲ႕ Top 11ျပိဳင္ပြဲ၀င္ ေအးျမျဖဴ

အဆို၀ါသနာပါတဲ့ လူငယ္ေတြရဲ႕ အနာဂတ္အိ္ပ္မက္ေတြကို ပံုေဖာ္ေပးေနတဲ့ Myanmar Idol ျပိဳင္ပြဲၾကီး က်င္းပလာခဲ့တာ အခုဆိုရင္ Season-4 ကိုေရာက္ရွိလာခဲ့ျပီ ျဖစ္ပါတယ္ ။ ၀ါသနာပါျပီး အနုပညာလမ္းေၾကာင္းေပၚတက္ဖို႕ ခက္ခဲေနတဲ့ လူငယ္ေတြရဲ႕ အိပ္မက္ေတြကို အေကာင္ထည္ေဖာ္ေပးေနတဲ့ ဒီျပိဳင္ပြဲၾကီးဟာ ႏွစ္စဥ္ နွစ္တိုင္း ရြက္ပုန္းသီး အဆုိရွင္လူငယ္ေတြကို ေမြးထုတ္ေပးနုိင္ခဲ့ပါတယ္ ။ လတ္တေလာ Season -4 မွာ ပရိသတ္ေတြၾကားမွာ ေရပန္းစားေနတဲ့ ျပိဳင္ပြဲ၀င္ကေတာ့ အသက္ (၁၆ ) ႏွစ္သာရွိေသးတဲ့ Top 11 ျပိဳင္ပြဲ၀င္ ေအးျမျဖဴေလးပဲျဖစ္ပါတယ္ ။

 

 

 

မသိေသးတဲ့ တခ်ို႕ပရိသတ္ေတြကေတာ့ ေအးျမျဖဴေလးကို ျမန္မာအိုင္ေဒါလ္ျပိဳင္ပြဲ၀င္တစ္ေယာက္အျဖစ္သာ သိေနေပမယ့္ တကယ္ကေတာ့ ေအးျမျဖဴေလးက ငယ္ငယ္ထဲကအနုပညာအလုပ္ေတြကိုနယ္ပယ္ေပါင္းစံုမွာ လုပ္ခဲ့ဖူးတဲ့ တကယ့္ ၀ါသနာအိုးေလးတစ္ေယာက္ပါ ပရိသတ္ၾကီးေရ ..။ ေက်ာင္းကပြဲေပါင္းစံုမွာလည္း ပါ၀င္ခဲ့သလို ဆိုကေရးတီး ျပိဳင္ပြဲေတြမွာလဲ ျပိဳင္ပြဲ၀င္ဖူးတဲ့သူေလးပါ ။ Star’s Let Sky ျပိဳင္ပြဲမွာလည္း ျဖဴျဖဴေက်ာ္သိန္းရဲ႕ ဘယ္သူကိုယ့္ေလာက္ခ်စ္လဲ သီခ်င္းနဲ႔ပါ၀င္ ယွဥ္ျပိဳင္ခဲ့ဖူးျပီး သူမကို ပ၇ိသတ္ေတြ စတင္သတိထားမိခဲ့တဲ့ ငယ္ဘ၀ ျပိဳင္ပြဲေလးဆိုလည္း မမွားပါဘူး ပ၇ိသတ္ၾကီးေရ ..။ ဒါ့အျပင္ ငယ္ငယ္က ကေလးသရုပ္ေဆာင္အျဖစ္နဲ႔ ရုပ္ရွင္ဇာတ္ကားေတြမွာလည္း ပါ၀င္ခဲ့ဖူးတယ္ ဆိုတာ ျမန္မာဇာတ္ကားေတြ အျမဲအားေပးေနတဲ့ ပ၇ိသတ္ေတြ အားလံုးသိျပီးျဖစ္မွာပါေနာ္ ။

 

 

အသက္ (၁၆) နွစ္သာရွိေသးေပမယ့္ မိသားစုကလည္း သူမ၀ါသနာပါတဲ့ အနုပညာကို တတ္အားသေလာက္ အားေပးပံ့ပိုးေပးတဲ့အတြက္ သူမအတြက္ အခက္ခဲရယ္လို႕ၾကီးၾကီးမားမား မရွိခဲ့ပါဘူး ။ ဒါ့အျပင္ သူမကို ၀န္းရံတဲ့ ပ၇ိသတ္ေတြကလည္း အမ်ားၾကီးပဲဆိုေတာ့ သူမေရွ႕ဆက္ေလွ်ာက္မယ့္ အႏုပညာလမ္းေၾကာင္းအတြက္ တကယ့္အားအင္ပါပဲ ပရိသတ္ၾကီးေရ ..။ Cele Connections ပရိသတ္ၾကီးကေရာ ေအးျမျဖဴေလးကိုခ်စ္ၾကတယ္မလား ။

 

 

Source : Aye Mya Phyu
Molly
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

ငယ်ငယ်ထဲကအနုပညာနယ်ပယ်ပေါင်းပုံမှာ ပါဝင်ခဲ့တဲ့ Myanmar Idol ရဲ့ Top 11ပြိုင်ပွဲဝင် အေးမြဖြူ

အဆိုဝါသနာပါတဲ့ လူငယ်တွေရဲ့ အနာဂတ်အိပ်မက်တွေကို ပုံဖော်ပေးနေတဲ့ Myanmar Idol ပြိုင်ပွဲကြီး ကျင်းပလာခဲ့တာ အခုဆိုရင် Season-4 ကိုရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ် ။ ဝါသနာပါပြီး အနုပညာလမ်းကြောင်းပေါ်တက်ဖို့ ခက်ခဲနေတဲ့ လူငယ်တွေရဲ့ အိပ်မက်တွေကို အကောင်ထည်ဖော်ပေးနေတဲ့ ဒီပြိုင်ပွဲကြီးဟာ နှစ်စဉ် နှစ်တိုင်း ရွက်ပုန်းသီး အဆိုရှင်လူငယ်တွေကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ် ။ လတ်တလော Season -4 မှာ ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ ပြိုင်ပွဲဝင်ကတော့ အသက် (၁၆ ) နှစ်သာရှိသေးတဲ့ Top 11 ပြိုင်ပွဲဝင် အေးမြဖြူလေးပဲဖြစ်ပါတယ် ။

မသိသေးတဲ့ တချို့ပရိသတ်တွေကတော့ အေးမြဖြူလေးကို မြန်မာအိုင်ဒေါလ်ပြိုင်ပွဲဝင်တစ်ယောက်အဖြစ်သာ သိနေပေမယ့် တကယ်ကတော့ အေးမြဖြူလေးက ငယ်ငယ်ထဲကအနုပညာအလုပ်တွေကိုနယ်ပယ်ပေါင်းစုံမှာ လုပ်ခဲ့ဖူးတဲ့ တကယ့် ဝါသနာအိုးလေးတစ်ယောက်ပါ ပရိသတ်ကြီးရေ ..။ ကျောင်းကပွဲပေါင်းစုံမှာလည်း ပါဝင်ခဲ့သလို ဆိုကရေးတီး ပြိုင်ပွဲတွေမှာလဲ ပြိုင်ပွဲဝင်ဖူးတဲ့သူလေးပါ ။ Star’s Let Sky ပြိုင်ပွဲမှာလည်း ဖြူဖြူကျော်သိန်းရဲ့ ဘယ်သူကိုယ့်လောက်ချစ်လဲ သီချင်းနဲ့ပါဝင် ယှဉ်ပြိုင်ခဲ့ဖူးပြီး သူမကို ပရိသတ်တွေ စတင်သတိထားမိခဲ့တဲ့ ငယ်ဘ၀ ပြိုင်ပွဲလေးဆိုလည်း မမှားပါဘူး ပရိသတ်ကြီးရေ ..။ ဒါ့အပြင် ငယ်ငယ်က ကလေးသရုပ်ဆောင်အဖြစ်နဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်ခဲ့ဖူးတယ် ဆိုတာ မြန်မာဇာတ်ကားတွေ အမြဲအားပေးနေတဲ့ ပရိသတ်တွေ အားလုံးသိပြီးဖြစ်မှာပါနော် ။

အသက် (၁၆) နှစ်သာရှိသေးပေမယ့် မိသားစုကလည်း သူမဝါသနာပါတဲ့ အနုပညာကို တတ်အားသလောက် အားပေးပံ့ပိုးပေးတဲ့အတွက် သူမအတွက် အခက်ခဲရယ်လို့ကြီးကြီးမားမား မရှိခဲ့ပါဘူး ။ ဒါ့အပြင် သူမကို ဝန်းရံတဲ့ ပရိသတ်တွေကလည်း အများကြီးပဲဆိုတော့ သူမရှေ့ဆက်လျှောက်မယ့် အနုပညာလမ်းကြောင်းအတွက် တကယ့်အားအင်ပါပဲ ပရိသတ်ကြီးရေ ..။ Cele Connections ပရိသတ်ကြီးကရော အေးမြဖြူလေးကိုချစ်ကြတယ်မလား ။

Source : Aye Mya Phyu
Molly

error: Alert: Content is protected !!