Grace လေးရဲ့ တရားခွင် အတွက် တရားရေးမဏ္ဍိုင်ကို တောင်းဆိုလိုက်ပြီဖြစ်တဲ့ အေသင်

ပရိသတ်ကြီးရေ လတ်တလောမှာ အဖြစ်များလာတဲ့သက်ငယ်မုဒိန်းမုသတင်းတွေကို နားတွေရင်တွေနဲ့ မဆန့်အောင်ကြားနေရပါတယ် ။ အခုလို ဖြစ်ပျက်နေပေမယ့်လည်း တရားရေးမဏ္ဍိုင်ရဲ့ ထိရောက်တဲ့ အပြစ်ပေးမှုတွေ က မုဒိန်းကောင်တွေအတွက် ထိတ်လန့်စေခြင်းငှာ မတတ်နိုင်တဲ့အတွက် တနေ့တခြားဒီလိုအမှုတွေ ဆက်လက်တိုးလို့လာနေပါတယ်။

 

အေသင်ချိုဆွေကတော့ လက်ရှိ ရန်ကုန် က Grace ရဲ့ အမှုအတွက် အခုလို ရေးသားတောင်းဆိုလိုက်ပါတယ်။ အေသင်က “- သက်ငယ်မုဒိန်းဆိုတာ ‌အင်မတန်မှ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ အမှုတစ်ခုပါ။
-ဒါပေမယ့် ဒီလို အမှုကိစ္စကြီးတစ်ခုကို ဆောင်ရွက်နေတဲ့ နေရာ တစ်ချို့သော အရာတွေဟာ ပေါ့ဆနေတာကို ဘယ်လိုမှလက်မခံနိုင်ပါဘူး
-အခု သမီးငယ်လေး Grace(၁နှစ် ၉လ) ဖြစ်နေတဲ့ အမှုကိစ္စနှင့်ပတ်သတ်ပြီး အေသင်ကိုယ်တိုင် ရုံးချိန်းကြားနာမှုကို တက်ရောက်ခဲ့ပါတယ်
-အမှုနှင့်ပတ်သတ်ပြီး ပေါ့လျော့နေတဲ့ ကိစ္စရပ်တွေကို ထောက်ပြ‌မေးခွန်းထုတ်ချင်ပါတယ်
၁။ သက်ငယ်မုဒိန်း (၁နှစ် ၉လအရွယ် ကလေးငယ်ကို မုဒိန်းကျင့်သောအမှု )အမှုကိစ္စကြီး တစ်ခုကို သီးခြား မစစ်ဆေးဘဲ ပုံမှန်အမှုတစ်ခုလို တခြားသော အမှုငယ်တွေနှင့်အတူ တရားခွင်တစ်ခုထဲမှာ စစ်ဆေးခွင့်ရှိပါသလား
၂။ သက်သေခံနှင့် တရားသူကြီး ရဲ့ အကွာအဝေးဟာ အရမ်းကြီးကို ဝေးကွာနေတယ် ဆိုတာ
ဖြစ်သင့်ပါသလား(ဥပမာ ပြောရရင် သူများနိုင်ငံတွေက တရားရုံးတွေဆို အကွာအဝေး ကွာရင်တောင် မိုက်နဲ့ သေချာကြားအောင် မေး/ဖြေ တွေလုပ်ကြတယ် ဒါမျိုးလေးတွေပေါ့နော်)
၃။ တရားခံ ဘယ်သူဘယ်ဝါဖြစ်ကြောင်း အတိအကျ DNA တွေ ဘာတွေစစ်ဆေးထွက်ပေါ်ပြီး ဖြစ်တာတောင် မှုခင်းဆရာဝန် မအားလို့ ၊ တရားရုံးမလာနိုင်လို့ဆိုတဲ့ အကြောင်းပြချက်ကြောင့် အမိန့်ချမှုကြန့်ကြာနေတာ ဖြစ်သင့်ပါသလား
ထို့သို့သော အကြောင်းအရာတွေကြောင့် သမီးငယ်လေး Grace(၁ နှစ် ၉လ) အမှုဟာ မကြန့်ကြာသင့်ဘဲ ကြန့်ကြာနေတဲ့ အတွက်အေသင်‌အနေနှင့် လုံးဝစိတ်မချမ်းမသာဖြစ်ရပြီး
အားလုံးကိုလည်း တတ်နိုင်သရွေ့ ပူးပေါင်းကူညီ
ဆောင်ရွက်ပေးဖို့ တောင်းဆိုချင်ပါတယ်။
***ရေးထားတဲ့ အထဲမှာလည်း တစ်စုံတစ်ရာ အမှားအယွင်းပါသွားခဲ့ရင်လည်း တာဝန်ရှိလူကြီးမင်းများအား စော်ကားလိုစိတ် အနည်းငယ်မှ မရှိပါ အမှန်တရား နှင့် အမှု အမြန်ဆုံးပြီးဆုံးသွားစေရန်သာ ရည်ရွယ်ပါသည်*** ” ဆိုပြီးရေးသားထားတာကိုတွေ့ရပါတယ်။

အခုလို လိုအပ်ချက်တွေ ရှိနေတဲ့ တရားခွင်တွေကြောင့် ကြွေလွင့်ခဲ့ရတဲ့ ကလေးငယ်လေးတွေအတွက် တရားမျှတမှု ယူမပေးနိုင်ခဲ့တာလားလို့လည်း ပရိသတ်တွေကသုံးသပ်နေကြပါတယ် ။ ကဲ အေသင်ရဲ့ တောင်းဆိုမှုကို တနိုင်ငံလုံးကြားသိအောင်ဖြန့်ဝေပေးကြပါနော် .
Source – Athen Cho Swe
Jasmine

error: Alert: Content is protected !!