အကယ်ဒမီ ရလောက်တဲ့အိုက်တင်တွေကို လုပ်ပြလိုက်တဲ့ မယ်လိုဒီ့သားလေး

ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာရရှိထားတဲ့ပြည်သူ့အချစ်တော်အနုပညာရှင် ရင်သွေးလေးတွေထဲမှာ မင်းသမီးချောမယ်လိုဒီရဲ့ သားချောလေး သိဒ္ဓီစစ်လေးကလည်း အပါအဝင်ပါပဲ..။မယ်လိုဒီကတော့ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်အဖြစ်ရပ်တည်နေသလို ကြည်နူးအားကျစရာ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူလည်း ဖြစ်ပါတယ်။

သားလေးသိဒ္ဓီစစ်လေးကတော့ ချောမောပြီး လိမ္မာလွန်းလို့ ပရိသတ်တွေသည်းသည်လှုပ် အားပေးချစ်ခင်ကြသူလေးဆိုလည်း မမှားပါဘူး..။တနေ့တမျိုးမရိုးနိုင်အောင် အချစ်ပိုစေတဲ့ သိဒ္ဓီစစ်လေးကတော့ အခုတစ်ခါမှာလည်း အကယ်ဒမီရအောင် အိုင်တင်တွေကျင့်နေတဲ့ ချစ်စရာဗီဒီယိုဖိုင်လေးနဲ့ ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်နော်..။

 

“အိပ်ကာနီး ဖြစ်နေတာလိုက်လို့ကိုမမှီတော့ဘူးအိုက်တင်တွေပြန်သင်နေရတယ်..” ဆိုပြီး မေမေမယ်လိုဒီက သားသားလေးရဲ့ ချစ်စရာအိုင်တင်လုပ်တဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေထားတာပဲ ဖြစ်ပါတယ်.။သိဒွိစစ်လေးတစ်ယောက် အကယ်ဒမီရနိုင် မရနိုင် မှတ်ချက်ပေးခဲ့ကြပါဦး ။

– Melody Myo

error: Alert: Content is protected !!