Source – Kaung Myat San
Lavender
ယူနီကုဒ်ဖြင့်ဖတ်ရန်
သူ့ကိုချစ်ချင်တဲ့မိန်းကလေးတွေအတွက် ရွေးချယ်ခွင့်ပေးလိုက်တဲ့ ကောင်းမြတ်စံ
ကောင်းမြတ်စံဟာ Forever Groupရဲ့ စင်တင်မင်းသားတစ်ယောက်အနေနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာသူတစ်ယောက်ဖြစ်ပါတယ်။ ပြုံးလိုက်တိုင်း ပါးချိုင့်လေးနဲ့ ကိုရီးယားမင်းသားလေးတစ်ယောက်လို ချောမောတာကြောင့် မြှီးကောင်ပေါက်မလေးတွေရဲ့ ဝန်းရံမှုကိုခံနေရသူပါ။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကလည်း တစ်ကားဆိုတစ်ကားဆိုသလောက် ပရိသတ်ရင်ထဲထိရှစေခဲ့တာပါ။ မကြာသေးခင်က ထုတ်လွှင့်ပြသခဲ့တဲ့ ပျောက်ဆုံးနေသောအမှန်တရား ဇာတ်လမ်းတွဲမှာလည်း ကောင်းမြတ်စံ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်ချစ်ခင်အားပေးမှုကို ထပ်မံရရှိစေခဲ့ပါတယ်။
သရုပ်ဆောင်ကောင်းတစ်ယောက်အဖြစ် အောင်မြင်မှုေတွေစတင်ရရှိနေတဲ့ မင်းသားချောကောင်းမြတ်စံရဲ့ အချစ်ရေးကိုလည်း ပရိသတ်တွေစိတ်ဝင်စားနေကြပါတယ်။ မကြာသေးခင်က ကောင်းမြတ်စံက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “ကိုကိုတစ်ယောက်လို အလိုလိုက်တတ်သလို … မောင်လေးတစ်ယောက်လိုလည်း ချွဲတတ်တယ်ဗျ”….လို့ မျှဝေထားပါသေးတာယ်။ သူ့ရဲ့ချစ်ပရိသတ်တွေကတော့ မင်းသားချောရဲ့ပို့စ်ကြောင့် အသည်းတယားယားနဲ့ မှတ်ချက်အမျိုးမျိုးပေးပြီး ပြန်လည်စနောက်ထားပါတယ်။ ကောင်းမြတ်စံတစ်ယောက် တကယ်ပဲအချစ်နဲ့တွေ့နေပြီလားဆိုပြီး သူ့ရဲ့အမာခံပရိသတ်တွေကတော့ သိချင်လွန်းနေကြပါပြီ။
ပရိသတ်အချစ်တော် မင်းသားချောကောင်းမြတ်စံတစ်ယောက် အနုပညာလောကမှာ ဒီထက်မကအောင်မြင်မှုတွေရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ Cele Connections ပရိသတ်ကြီးအတွက်လည်း ကောင်းမြတ်စံရဲ့ ချောမောတဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။
Source – Kaung Myat San
Lavender
error: Alert: Content is protected !!