ထူးကဲတဲ့ကုသိုလ်တစ်ခု ကို ပြုနိုင်ခဲ့တဲ့ လှအဉ္စလီတင့်တို့မိသားစု

ပရိသတ်ကြီးရေ ရွှေအဉ္စလီ အိမ်တွင်းစားသောက်ကုန်လုပ်ငန်း ကို ဦးစီးပြီးအောင်မြင်နေတဲ့ မင်းသမီးချောလေး လှအဉ္စလီတင့် ကတော့ အခုအချိန်ထိ အောင်မြင်လို့ နေဆဲပါ ။ ချောချော လေးတစ်ယောက် ကုသိုလ်ထူးကြီး တစ်ခုကို ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 

ချောချော ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “ထူးထူးခြားခြား တိုက်ဆိုင် လိုက်ပုံ က
ကိုယ်လည်း တော်တော်မအားတဲ့ကြားက အဓိဠာန် ဝင်တာ ပြီးတဲ့နေ့….
ဆရာတော် ဘယ်သူနဲ့ မှအတွေ့မခံ ဘဲ တရားကျင့်ပြီး … အဓိဠာန် ထွက်တဲ့ နေ့ … အချိန်…. ကြာသင်္ကန်း ကပ် ခွင့် ရပါတယ်ရွှေ အဉ္ဇလီ စားသောက်ကုန် ဆိုတာ စလုပ်ထဲက အမေ နဲ့ ကျမ လှူ ဖို့ သာသနာပြုဖို့ …ဆိုပြီး သီးသန့်တည်ထောင်ထားတဲ့ အလုပ်သေးသေးလေးပါရှင်
အဲ့ က ရတဲ့ ငွေလေး တွေ က ဘယ်လောက်မှ မများပေမဲ့ …ကိုယ်တိုင် အပင်ပမ်းခံ .. ?ကိုယ်တိုင် ရောင်းပေးနေတဲ့ အလုပ်.. အဲ့ ဒီက ရတာလေးတွေ ထဲက….
ဒီနေ့ ဘဝမှာ မလှု ဘူးသေးတဲ့ ကြာသင်္ကန်းလေး ဆရာတော့် လက်ထဲ လှူ လိုက် ရယ် သံဃာ အပါး ၅၀၀ သိမိအထွက်မှာ ငွေလေး ငါးသိန်းရယ် လှူ ဖြစ်တာရယ် … ပိတိတွေ ဖြစ်ရလွန်းလို့ .. မျှဝေ ကုသိုလ်ပြုရင်း သာဓု ခေါ် နိုင်ပါတယ်ရှင် ဒီကုသိုလ်ကတော့ ကျမ တယောက်ထဲမဟုတ်ပါဘူး .. စရောင်းတဲ့နေ့မှ… ဝယ်ယူ အားပေးကြသော ၇ ရက်သားသမီး များ ကျမ ကို ကူညီ ကြသောဝင်ထမ်းများ ကျမ ရဲ့ လုပ်ငန်းကို ကူညီ ကြ သူများအားလုံး ရဲ့  ကျေးဇူး ကြောင့် လှူ နိုင်တာပါ .. အားလုံးကိုလည်း ကျေးဇူး အထူးတင်ပါတယ်ရှင်
ဒါကြောင့် အတူတကွ ရ ကြတဲ့ ကုသိုလ် ထူး ပါနော်
အမျှ အမျှ အမျှ ယူတော်မူကြပါ” ဆိုပြီးရေးသားထားကိုတွေ့ရပါတယ်။

ပရိသတ်ကြီးရေ ၊ မင်းသမီးချောလေး လှအဉ္စလီတင့် ကတော့ အခုလို တန်ဖိုး အင်မတန်ကြီးလှတဲ့ ကြာသင်္ကန်းမြတ်ကို ဆက်ကပ်လှူဒါန်းနိုင်ခဲ့လို့ ပြောရွှင်နေပုံပါပဲ။ ကဲ ချောချော ရဲ့ အလှူလေးအတွက် မှတ်ချက်ကနေ သာဓုအနုမောဒနာ ခေါ်ဆိုပေးကြပါဦး။
Source – Hla Inzali Tint
Jasmine

error: Alert: Content is protected !!