ခ်စ္သူမရွိေပမယ့္ အထီးက်န္မေနဘူးဆိုတဲ့ ဟန္နာယူရီ

ဟန္နာယူရီဟာ ကုိရီးယားမေလးတစ္ေယာက္လို ျဖဴေဖြးတဲ့အသားအရည္ေလးနဲ႔ ေခ်ာေမာလွပသူအျဖစ္ ပရိသတ္ေတြရဲ႕ အသိအမွတ္ျပဳခံရသူတစ္ေယာက္ပါ။ သူမက ထူးခြ်န္တဲ့Makeup Artist တစ္ေယာက္အျဖစ္ ေအာင္ျမင္မႈေတြရရွိေနသူတစ္ေယာက္လည္းျဖစ္ပါတယ္။ သူမကုိ ႏုိင္ငံေက်ာ္အဆုိေတာ္ ဘန္နီျဖိဳးရဲ႕ ခ်စ္သူတစ္ေယာက္အျဖစ္ ပရိသတ္ေတြစတင္သိရွိခဲ့ၾကတာပါ။ သူမနဲ႔ ဘန္နီျဖဳိးရဲ႕ အခ်စ္ေရးရပ္တန္႔သြားခဲ့စဥ္ကလည္း ပရိသတ္ၾကားလႈပ္လႈပ္ခတ္ခတ္ျဖစ္ခဲ့ပါေသးတယ္။

 

ဟန္နာယူရီဟာ သူမရဲ႕အားငယ္စိတ္ညစ္စရာေတြကို တျခားသူေတြကုိမွ်ေ၀ေလ့မရွိဘဲ တစ္ေယာက္တည္းၾကိတ္ခံတတ္သူျဖစ္လို႔ ပရိသတ္ေတြကေတာ့ သူမတစ္ေယာက္တည္း အထီးက်န္ေနလားလို႔ စိုးရိမ္ေနၾကတာပါ။ “ခ်စ္သူလည္းမလိုပါဘူး။ ႏွစ္ေယာက္ရွိခဲ့တဲ့အခ်ိန္ေတြလည္း ရွိခဲ့တယ္။ အခုခ်ိန္မွာေတာ့ တစ္ေယာက္တည္းရွိေနတာကုိ ပုိသေဘာက်တယ္” … လုိ႔ ဟန္နာယူရီက ျပန္လည္ေျပာျပခဲ့ပါတယ္။ “တစ္ေယာက္တည္း Single ေနခ်င္ေသးတယ္။ တစ္ေယာက္တည္း လြတ္လြတ္လပ္လပ္ေနၿပီး ခရီးေတြသြားခ်င္ေသးတယ္” … လို႔လည္း မ်ွေ၀ထားပါေသးတယ္။ ဟန္နာယူရီတစ္ေယာက္ အထီးက်န္ေ၀ဒနာေတြ ခံစားမေနရဘူးဆိုတာေၾကာင့္ သူမကုိခ်စ္တဲ့ပရိသတ္ေတြကေတာ့ စိတ္ေအးသြားၾကပါၿပီ။

 

ကုိရီးယားမေလးလိုေခ်ာေမာတဲ့ ဟန္နာယူရီရဲ႕ သတင္းေကာင္းေလးေတြကုိ ၾကားရလို႔ ပရိသတ္ႀကီးနဲ႔ထပ္တူ ၀မ္းသားမိပါတယ္။ Cele Connectionsပရိသတ္ႀကီးအတြက္လည္း ဟန္နာယူရီရဲ႕ အလွပုံရိပ္ေလးေတြကုိ မ်ွေ၀ေပးလိုက္ပါတယ္ေနာ္။

Source – Myanmar Celebrity
Lavender
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

ချစ်သူမရှိပေမယ့် အထီးကျန်မနေဘူးဆိုတဲ့ ဟန်နာယူရီ

ဟန်နာယူရီဟာ ကိုရီးယားမလေးတစ်ယောက်လို ဖြူဖွေးတဲ့အသားအရည်လေးနဲ့ ချောမောလှပသူအဖြစ် ပရိသတ်တွေရဲ့ အသိအမှတ်ပြုခံရသူတစ်ယောက်ပါ။ သူမက ထူးချွန်တဲ့Makeup Artist တစ်ယောက်အဖြစ် အောင်မြင်မှုတွေရရှိနေသူတစ်ယောက်လည်းဖြစ်ပါတယ်။ သူမကို နိုင်ငံကျော်အဆိုတော် ဘန်နီဖြိုးရဲ့ ချစ်သူတစ်ယောက်အဖြစ် ပရိသတ်တွေစတင်သိရှိခဲ့ကြတာပါ။ သူမနဲ့ ဘန်နီဖြိုးရဲ့ အချစ်ရေးရပ်တန့်သွားခဲ့စဉ်ကလည်း ပရိသတ်ကြားလှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ပါသေးတယ်။

ဟန်နာယူရီဟာ သူမရဲ့အားငယ်စိတ်ညစ်စရာတွေကို တခြားသူတွေကိုမျှဝေလေ့မရှိဘဲ တစ်ယောက်တည်းကြိတ်ခံတတ်သူဖြစ်လို့ ပရိသတ်တွေကတော့ သူမတစ်ယောက်တည်း အထီးကျန်နေလားလို့ စိုးရိမ်နေကြတာပါ။ “ချစ်သူလည်းမလိုပါဘူး။ နှစ်ယောက်ရှိခဲ့တဲ့အချိန်တွေလည်း ရှိခဲ့တယ်။ အခုချိန်မှာတော့ တစ်ယောက်တည်းရှိနေတာကို ပိုသဘောကျတယ်” … လို့ ဟန်နာယူရီက ပြန်လည်ပြောပြခဲ့ပါတယ်။ “တစ်ယောက်တည်း Single နေချင်သေးတယ်။ တစ်ယောက်တည်း လွတ်လွတ်လပ်လပ်နေပြီး ခရီးတွေသွားချင်သေးတယ်” … လို့လည်း မျှဝေထားပါသေးတယ်။ ဟန်နာယူရီတစ်ယောက် အထီးကျန်ဝေဒနာတွေ ခံစားမနေရဘူးဆိုတာကြောင့် သူမကိုချစ်တဲ့ပရိသတ်တွေကတော့ စိတ်အေးသွားကြပါပြီ။

ကိုရီးယားမလေးလိုချောမောတဲ့ ဟန်နာယူရီရဲ့ သတင်းကောင်းလေးတွေကို ကြားရလို့ ပရိသတ်ကြီးနဲ့ထပ်တူ ဝမ်းသားမိပါတယ်။ Cele Connectionsပရိသတ်ကြီးအတွက်လည်း ဟန်နာယူရီရဲ့ အလှပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source – Myanmar Celebrity
Lavender

error: Alert: Content is protected !!