ေဟာလိုး၀င္းညမွာ ဘဲအသစ္ေလးနဲ႔လန္းမယ့္ ေနျခည္ဦး

အလွအပခ်စ္ျမတ္ႏုိးသူ ပရိသတ္ေတြအတြက္ အလွအပဆုိင္ရာေတြကုိ ေလ့လာခ်င္တဲ့အခါ ေနျခည္ဦးကုိ သတိရၾကမွာပါ။ သူမကေတာ့ Beauty Blogger တစ္ေယာက္အျဖစ္ လူသိမ်ားေက်ာ္ၾကားသလို အခုခ်ိန္မွာလည္း ႐ုပ္ရွင္ဇာတ္ကားႀကီးမ်ားမွာ နာမည္ႀကီးမင္းသားမ်ားနဲ႔ တဲြဖက္သ႐ုပ္ေဆာင္ေနၿပီျဖစ္ပါတယ္။ အခုလတ္တေလာ႐ုံတင္ထားတဲ့ အခမ္းနားဆုံးေမတၱာဇာတ္ကားမွာလည္း ႏုိင္ငံေက်ာ္မင္းသားေနတုိးနဲ႔အတူ လုိက္ဖက္ညီညီနဲ႔ သ႐ုပ္ေဆာင္ထားပါေသးတယ္။ သူမရဲ႕ ႀကိဳးစားအားထုတ္ေတြေၾကာင့္ ေအာင္ျမင္မႈေတြရရွိလာတဲ့အမ်ွ ေ၀ဖန္တုိက္ခုိက္ခံရမႈေတြကုိလည္း ေန႔စဥ္ႀကဳံေတြ႔ေနရပါတယ္။

 

ေနျခည္ဦးနဲ႔ ပတ္သက္လို႔ပရိသတ္ေတြစိတ္၀င္စားၾကတဲ့ အေၾကာင္းအရာေတြထဲမွာ သူမရဲ႕အခ်စ္ေရးကလည္းတစ္ခုအပါအ၀င္ျဖစ္ပါတယ္။ သူမဟာ ျပည့္စုံၾကြယ္၀တဲ့မိန္းကေလးတစ္ေယာက္ျဖစ္ေပမယ့္လည္း သူမရဲ႕အခ်စ္ေရးကေတာ့ အၿမဲတေစကံေခတတ္တာမို႔ ပရိသတ္ေတြက စိတ္မေကာင္းျဖစ္ေနၾကတာပါ။ မၾကာေသးခင္ကလည္း သူမဆီ ပန္းစည္းေတြေန႔စဥ္ေရာက္ေရာက္လာတာေၾကာင့္ ပရိသတ္ေတြက အထူးစိတ္၀င္စားေနၾကပါေသးတယ္။ ေနျခည္ဦးက သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာလည္း “ဒီသရဲမ်ားညမွာေတာ့ ေနျခည္ဦးတစ္ေယာက္ သစၥာတရားအရမ္းႀကီးမားတဲ့ ဘဲေလးတစ္ေယာက္ ရရွိသြားေလၿပီ”…. လုိ႔ မွ်ေ၀ခဲ့လို႔ ပရိသတ္ေတြကေတာ့ ထင္ေၾကးအမ်ဳိးမ်ဳိးေပးေနၾကပါတယ္။

 

ေနျခည္ဦးရဲ႕အမာခံပရိသတ္ေတြကေတာ့ သူမရဲ႕ဘဲအသစ္ေလး ဘယ္သူျဖစ္မလဲဆုိတာကုိ အရမ္းသိခ်င္ေနၾကပါၿပီ။ Cele Connectionsပရိသတ္ႀကီးအတြက္လည္း ေနျခည္ဦးရဲ႕ဘဲအသစ္ေလးက ဘယ္သူျဖစ္မလဲဆိုတာကုိ ခန္႔မွန္းေပးၾကပါဦးေနာ္။

Source – Nay Chi Oo
Lavender
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

ဟောလိုးဝင်းညမှာ ဘဲအသစ်လေးနဲ့လန်းမယ့် နေခြည်ဦး

အလှအပချစ်မြတ်နိုးသူ ပရိသတ်တွေအတွက် အလှအပဆိုင်ရာတွေကို လေ့လာချင်တဲ့အခါ နေခြည်ဦးကို သတိရကြမှာပါ။ သူမကတော့ Beauty Blogger တစ်ယောက်အဖြစ် လူသိများကျော်ကြားသလို အခုချိန်မှာလည်း ရုပ်ရှင်ဇာတ်ကားကြီးများမှာ နာမည်ကြီးမင်းသားများနဲ့ တွဲဖက်သရုပ်ဆောင်နေပြီဖြစ်ပါတယ်။ အခုလတ်တလောရုံတင်ထားတဲ့ အခမ်းနားဆုံးမေတ္တာဇာတ်ကားမှာလည်း နိုင်ငံကျော်မင်းသားနေတိုးနဲ့အတူ လိုက်ဖက်ညီညီနဲ့ သရုပ်ဆောင်ထားပါသေးတယ်။ သူမရဲ့ ကြိုးစားအားထုတ်တွေကြောင့် အောင်မြင်မှုတွေရရှိလာတဲ့အမျှ ဝေဖန်တိုက်ခိုက်ခံရမှုတွေကိုလည်း နေ့စဉ်ကြုံတွေ့နေရပါတယ်။

နေခြည်ဦးနဲ့ ပတ်သက်လို့ပရိသတ်တွေစိတ်ဝင်စားကြတဲ့ အကြောင်းအရာတွေထဲမှာ သူမရဲ့အချစ်ရေးကလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ သူမဟာ ပြည့်စုံကြွယ်ဝတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့်လည်း သူမရဲ့အချစ်ရေးကတော့ အမြဲတစေကံခေတတ်တာမို့ ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြတာပါ။ မကြာသေးခင်ကလည်း သူမဆီ ပန်းစည်းတွေနေ့စဉ်ရောက်ရောက်လာတာကြောင့် ပရိသတ်တွေက အထူးစိတ်ဝင်စားနေကြပါသေးတယ်။ နေခြည်ဦးက သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာလည်း “ဒီသရဲများညမှာတော့ နေခြည်ဦးတစ်ယောက် သစ္စာတရားအရမ်းကြီးမားတဲ့ ဘဲလေးတစ်ယောက် ရရှိသွားလေပြီ”…. လို့ မျှဝေခဲ့လို့ ပရိသတ်တွေကတော့ ထင်ကြေးအမျိုးမျိုးပေးနေကြပါတယ်။

နေခြည်ဦးရဲ့အမာခံပရိသတ်တွေကတော့ သူမရဲ့ဘဲအသစ်လေး ဘယ်သူဖြစ်မလဲဆိုတာကို အရမ်းသိချင်နေကြပါပြီ။ Cele Connectionsပရိသတ်ကြီးအတွက်လည်း နေခြည်ဦးရဲ့ဘဲအသစ်လေးက ဘယ်သူဖြစ်မလဲဆိုတာကို ခန့်မှန်းပေးကြပါဦးနော်။

Source – Nay Chi Oo
Lavender

error: Alert: Content is protected !!