အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတော့မယ့် မင်းထက်ကျော်ဇင်

ပရိသတ်ကြီးရေ ၊ လွန်ခဲ့တဲ့မော်ဒယ်ခေတ်ဦးကာလက သရုပ်ဆောင်မော်ဒယ်မင်းထက်ကျော်ဇင်ကို ပရိသတ်ကြီး မှတ်မိကြပါသေးရဲ့လား ။မင်းထက်ကျော်ဇင်ဟာ အနုပညာလောကကနေ အနားယူထားတာ ဆယ်စုနှစ်တစ်ခုကြာခဲ့ပြီလည်းဖြစ်ပါတယ်။

ဒါပေမယ့် အခုတစ်ခေါက်မှာတော့ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာဖို့ အားယူနေပြီလို့သိရပါတယ်။ လူမှုကွန်ရက်စာမျက်နှာမှာ – 2008 ထိပဲ ဇာတ်ကားရိုက်ခဲ့ပါတယ်
2009 မှာတော့ ပန်းကြာဝတ်မှုန် ဇာတ်ကားကြီး တစ်ကားနောက်ဆုံးရိုက်ပြီး
ကင်မရာရှေ့ လုံးဝမရောက်ဖြစ်ခဲ့တော့ပါ….ခု 2019 ကုန်ခါနီးမှာ… ဇာတ်ကားတစ်ကား ပြန်ရိုက်ဖြစ်ပါပြီ….လက်ခံအားပေးနေသေးတဲ့ ပရိသတ်နဲ့တန်ဖိုးထား နေရာပေးကြတဲ့ ရုပ်ရှင်အဖွဲ့သားများ အားလုံး…. ဝမ်းနည်းဝမ်းသာ ပီတိဖြာလို့… လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကားဆိုပါရစေ….ကျေးဇူးတင်ပါတယ်ဗျာ…။ ဆိုပြီးရေးသားထားတာကိုေ တွ့ရပါတယ်။

 

ဆယ်စုနှစ်တစ်ခုကြာ ကင်မရာမြင်ကွင်းကနေ ပျောက်ဆုံးနေခဲ့ပေမယ့် အားပေးနေကြဆဲ ပရိသတ်တွေရဲ့ မေတ္တာတွေကတော့ အနုပညာရှင်တိုင်းအတွက် ဆက်လက်ရှိနေဦးမှာပါ ။ ကဲ မင်းထက်ကျော်ဇင်ရဲ့ တကျော့ပြန်ဝင်ရောက်မှုအတွက်မှတ်ချက်လေးတွေပေးခဲ့ကြပါဦး ။
Source – Min Htet Kyaw Zin
jasmine

error: Alert: Content is protected !!