မိုးေရထဲမွာ သီခ်င္းကို အမိုက္စားျပန္လည္ဆန္းသစ္လိုက္တဲ့ MC ကယားေလးနဲ႔ MC ပိုင္ခန႔္တို႔ရဲ႕ MTVအသစ္

မိုးရာသီအလြမ္း သီခ်င္း MTV ေလးေၾကာင္႔ ပရိသတ္ေတြနဲ႔ စတင္ရင္းႏွီးခဲ့တဲ့ လိြဳင္ေကာ္ၿမိဳ႕က ဝါသနာ႐ွင္ လူငယ္ေလး ႏွစ္ေယာက္ျဖစ္တဲ့ MC ကယားေလးနဲ႔ ပိုင္ခန္႔တို႔ ႏွစ္ေယာက္ကေတာ့ အဆိုေတာ္ ယုန္ေလးရဲ႕ အားေပးကူညီမႈနဲ႔ ရန္ကုန္ၿမိဳ႕ကို သီခ်င္းလုပ္ဖို႔ ေရာက္႐ွိလာခဲ့ပါၿပီ ။ ပရိသတ္အခ်ိဳ႕က စေနာက္ေဝဖန္ေနၾကေပမယ့္ ကိုယ္ယံုၾကည္ရာကို ႀကိဳးစားဖို့အတြက္ နယ္ၿမိဳ႕ေလးကေန စြန္႔စားၿပီး ဝါသနာအရင္းခံ ေရာက္႐ွိလာၾကတာပါ ။

 

ဆုိင္ကယ္ျပင္ဆုိင္မွာလုပ္တဲ့ MC ပိုင္ခန္႔နဲ႔ ကား၀င္းထဲမွာ ကုန္တင္ကုန္ခ် အလုပ္ကို လုပ္တဲ့ MC ကယား ေလးတို႕ရဲ႕ရိုးသားျပီး ၀ါသနာၾကီးတဲ့လူငယ္ေတြကို ေတးသံရွင္ယုန္ေလးက အကုန္က်ခံကာ ” မိုးေရထဲမွာ ” သီခ်င္းေလးကို ဗားရွင္းအသစ္နဲ႔ ျပန္လည္ ဆန္းသစ္ျပီး အမိုက္စား MTV ေလးတစ္ပုဒ္ရိုက္ကူးေပးခဲ့ပါတယ္ ။ ” ကြၽန္ေတာ္တို႔သီခ်င္းထြက္ပါၿပီဗ် ာ ကူညီေပးတဲ့ကိုယုန္ေလးကိုလည္းေက်းဇူးတင္ပါတယ္ဗ်အရမ္းလည္းေပ်ာ္ပါတယ္ ” ဆိုတဲ့စာသားေလးနဲ႔အတူ သူတို႕ရဲ႕ မိုးေရထဲမွာ သီခ်င္း MTV ေလး ကို လူမႈကြန္ရက္စာမ်က္ႏွာကေန တဆင့္ပရိသတ္ေတြကို ျပန္လည္မွ်ေ၀ေပးခဲ့တာျဖစ္ပါတယ္ ။

 

အရင္က ရပ္ကြက္ထဲက ကေလးေတြကို မုန္႕ဖုိးေပး ေရပက္ခုိင္းျပီးရိုက္ခဲ့တဲ့ အညံ႕စား MTV ေလးက ေန သရုပ္ေဆာင္ေတြအမ်ားၾကီး ပါ၀င္ျပီး သီခ်င္းစာသား အသစ္ေလးေတြနဲ႔ MTV ေလးအျဖစ္ အမိုက္စား ျပန္လည္ဆန္းသစ္နိုင္ခဲ့ပါျပီ ပရိသတ္ၾကီးေရ ..။ ကိုယ္ယံုၾကည္ရာ ၀ါသနာပါရာကို ၾကိဳးစားျပီး ရိုးသားတဲ့ လြိဳင္ေကာ္ျမိဳ႕က mc ကယားေလးနဲ႔ MC ပိုင္ခန္႕တို႕ရဲ႕ mtv ေလးကို Cele Connections ပရိသတ္ၾကီးအတြက္ အခုပဲျပန္လည္မွ်ေ၀ေပးလိုက္ပါျပီေနာ္ ။

Source : MC kayar Lay
Molly
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

မိုးရေထဲမှာ သီချင်းကို အမိုက်စားပြန်လည်ဆန်းသစ်လိုက်တဲ့ MC ကယားလေးနဲ့ MC ပိုင်ခန့်တို့ရဲ့ MTVအသစ်

 

မိုးရာသီအလွမ်း သီချင်း MTV လေးကြောင့် ပရိသတ်တွေနဲ့ စတင်ရင်းနှီးခဲ့တဲ့ လွိုင်ကော်မြို့က ဝါသနာရှင် လူငယ်လေး နှစ်ယောက်ဖြစ်တဲ့ MC ကယားလေးနဲ့ ပိုင်ခန့်တို့ နှစ်ယောက်ကတော့ အဆိုတော် ယုန်လေးရဲ့ အားပေးကူညီမှုနဲ့ ရန်ကုန်မြို့ကို သီချင်းလုပ်ဖို့ ရောက်ရှိလာခဲ့ပါပြီ ။ ပရိသတ်အချို့က စနောက်ဝေဖန်နေကြပေမယ့် ကိုယ်ယုံကြည်ရာကို ကြိုးစားဖို့အတွက် နယ်မြို့လေးကနေ စွန့်စားပြီး ဝါသနာအရင်းခံ ရောက်ရှိလာကြတာပါ ။

ဆိုင်ကယ်ပြင်ဆိုင်မှာလုပ်တဲ့ MC ပိုင်ခန့်နဲ့ ကားဝင်းထဲမှာ ကုန်တင်ကုန်ချ အလုပ်ကို လုပ်တဲ့ MC ကယား လေးတို့ရဲ့ရိုးသားပြီး ဝါသနာကြီးတဲ့လူငယ်တွေကို တေးသံရှင်ယုန်လေးက အကုန်ကျခံကာ ” မိုးရေထဲမှာ ” သီချင်းလေးကို ဗားရှင်းအသစ်နဲ့ ပြန်လည် ဆန်းသစ်ပြီး အမိုက်စား MTV လေးတစ်ပုဒ်ရိုက်ကူးပေးခဲ့ပါတယ် ။ ” ကျွန်တော်တို့သီချင်းထွက်ပါပြီဗျ ာ ကူညီပေးတဲ့ကိုယုန်လေးကိုလည်းကျေးဇူးတင်ပါတယ်ဗျအရမ်းလည်းပျော်ပါတယ် ” ဆိုတဲ့စာသားလေးနဲ့အတူ သူတို့ရဲ့ မိုးရေထဲမှာ သီချင်း MTV လေး ကို လူမှုကွန်ရက်စာမျက်နှာကနေ တဆင့်ပရိသတ်တွေကို ပြန်လည်မျှဝေပေးခဲ့တာဖြစ်ပါတယ် ။

အရင်က ရပ်ကွက်ထဲက ကလေးတွေကို မုန့်ဖိုးပေး ရေပက်ခိုင်းပြီးရိုက်ခဲ့တဲ့ အညံ့စား MTV လေးက နေ သရုပ်ဆောင်တွေအများကြီး ပါဝင်ပြီး သီချင်းစာသား အသစ်လေးတွေနဲ့ MTV လေးအဖြစ် အမိုက်စား ပြန်လည်ဆန်းသစ်နိုင်ခဲ့ပါပြီ ပရိသတ်ကြီးရေ ..။ ကိုယ်ယုံကြည်ရာ ဝါသနာပါရာကို ကြိုးစားပြီး ရိုးသားတဲ့ လွိုင်ကော်မြို့က mc ကယားလေးနဲ့ MC ပိုင်ခန့်တို့ရဲ့ mtv လေးကို Cele Connections ပရိသတ်ကြီးအတွက် အခုပဲပြန်လည်မျှဝေပေးလိုက်ပါပြီနော် ။

Source : MC kayar Lay
Molly

error: Alert: Content is protected !!