ခ်စ္သူသက္တမ္း ဆယ္စုႏွစ္တစ္ခုေက်ာ္ခဲ့ၿပီျဖစ္တဲ့ လႊမ္းပိုင္နဲ႔ Bobby Soxer

တစ္ေယာက္နဲ႔တစ္ေယာက္နားလည္မႈေတြနဲ႔ ေပ်ာ္႐ႊင္စရာေကာင္းၿပီးအားက်စရာေကာင္းတဲ့ အခ်စ္ေရးေလးကိုပိုင္ဆိုင္ထားတဲ့ အႏုပညာရွင္ဆယ္လီစုံတြဲေလးေတြထဲမွာ အဆိုေတာ္လႊမ္းပိုင္နဲ႔ Bobby Soxer တို႔စုံတြဲေလးကလည္း အပါအဝင္ပါပဲ..။ ဂီတေလာကမွာပရိသတ္ေတြအားက်ခ်စ္ခင္ရတဲ့ အႏုပညာရွင္ဆယ္လီစုံတြဲေလးျဖစ္တဲ့ အဆိုေတာ္လႊမ္းပိုင္နဲ႔ Bobby Soxer တို႔ကေတာ့ ခ်စ္သူသက္တမ္း (၁၀) နွစ္ေက်ာ္ခဲ့ပါျပီ ပရိသတ္ၾကီးေရ ..။

 

 

ဒီေန႕မွာေတာ့ “သူ႔ ခမ်ာလည္း ေမ်ာက္ကဲမေလး ၁ေကာင္ကို ေပါက္စနၿမီးေကာင္ေပါက္အ႐ြယ္ထဲက လိုက္ထိန္းေပးခဲ့တာ ၁၀စုႏွစ္၁ခုေတာင္ေက်ာ္လာခဲ့ၿပီ ! (တည္ၿငိမ္သူကိုဘာေတြလိုက္စေနမွန္းမသိ ) ” ဆိုတဲ့စာသားေလးနဲ႔အတူ Bobby Soxer က ခ်စ္စရာေကာင္းတဲ့ စံုတြဲအမွတ္တရ ပံုရိပ္ေတြကို ပရိသတ္ေတြကိုမွ်ေ၀ေပးခဲ့တာျဖစ္ပါတယ္ ။ လြန္ခဲ့တဲ့ ေမလ ၁၈ ရက္ေန႕က ခ်စ္သူသက္တမ္း ၁၀ နွစ္ျပည္႕ခဲ့တာျဖစ္ျပီး အခုဆိုရင္ ခ်စ္သူသက္တမ္း ဆယ္ႏွစ္ေက်ာ္ကာလ တစ္ခုကို ျဖတ္ေက်ာ္လာခဲ့ျပီျဖစ္ပါတယ္ ။ ဆယ္စုနွစ္တစ္စု တိုင္ေအာင္ အၾကင္နာမပ်က္ဘဲ ခ်စ္ခင္စြာလက္တြဲ ေက်ာ္ျဖတ္လာခဲ့ၾကတဲ့ သူတို႕စံုတြဲကို ပရိသတ္ေတြအားလံုးက မဂၤလာပြဲေလး က်င္းပတာကိုျမင္ခ်င္ေနၾကပါျပီ ။

 

 

ပရိသတ္ေတြျမင္ေစခ်င္သလို ၾကိဳးစားေနဆဲျဖစ္လုိ႕ ခဏေလာက္ေစာင့္ေပးပါဦးလို႕လည္း လႊမ္းပိုင္က ပရိသတ္ေတြကို ေမတၱာရပ္ခံထားတာ အားလံုးသိမွာပါ ။ လႊမ္းပိုင္နဲ႔ Bobby Soxer တို႕ရဲ႕ ဆယ္စုနွစ္တစ္ခုေက်ာ္ ျမဲလာတဲ့ တြဲလက္ေတြ နွစ္ေပါင္းတစ္ရာတုိင္ေအာင္ ျမဲျမံၾကပါေစလုိ႕ Cele Connections မွဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္ ။ Cele Connections ခ်စ္ပရိသတ္ၾကီးကလည္း ဒီစံုတြဲေလးအတြက္ ဆုေတာင္းစကားေလးေတြ ေရးေပးခဲ့ပါဦး ။

 

 

Source : Htet Htet Aung
Molly

ယူနီကုဒ္ျဖင့္ဖတ္ရန္

 

ချစ်သူသက်တမ်း ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီဖြစ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer

 

တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေနဲ့ ပျော်ရွှင်စရာကောင်းပြီးအားကျစရာကောင်းတဲ့ အချစ်ရေးလေးကိုပိုင်ဆိုင်ထားတဲ့ အနုပညာရှင်ဆယ်လီစုံတွဲလေးတွေထဲမှာ အဆိုတော်လွှမ်းပိုင်နဲ့ Bobby Soxer တို့စုံတွဲလေးကလည်း အပါအဝင်ပါပဲ..။ ဂီတလောကမှာပရိသတ်တွေအားကျချစ်ခင်ရတဲ့ အနုပညာရှင်ဆယ်လီစုံတွဲလေးဖြစ်တဲ့ အဆိုတော်လွှမ်းပိုင်နဲ့ Bobby Soxer တို့ကတော့ ချစ်သူသက်တမ်း (၁၀) နှစ်ကျော်ခဲ့ပါပြီ ပရိသတ်ကြီးရေ ..။

ဒီနေ့မှာတော့ “သူ့ ခမျာလည်း မျောက်ကဲမလေး ၁ကောင်ကို ပေါက်စနမြီးကောင်ပေါက်အရွယ်ထဲက လိုက်ထိန်းပေးခဲ့တာ ၁၀စုနှစ်၁ခုတောင်ကျော်လာခဲ့ပြီ ! (တည်ငြိမ်သူကိုဘာတွေလိုက်စနေမှန်းမသိ ) ” ဆိုတဲ့စာသားလေးနဲ့အတူ Bobby Soxer က ချစ်စရာကောင်းတဲ့ စုံတွဲအမှတ်တရ ပုံရိပ်တွေကို ပရိသတ်တွေကိုမျှဝေပေးခဲ့တာဖြစ်ပါတယ် ။ လွန်ခဲ့တဲ့ မေလ ၁၈ ရက်နေ့က ချစ်သူသက်တမ်း ၁၀ နှစ်ပြည့်ခဲ့တာဖြစ်ပြီး အခုဆိုရင် ချစ်သူသက်တမ်း ဆယ်နှစ်ကျော်ကာလ တစ်ခုကို ဖြတ်ကျော်လာခဲ့ပြီဖြစ်ပါတယ် ။ ဆယ်စုနှစ်တစ်စု တိုင်အောင် အကြင်နာမပျက်ဘဲ ချစ်ခင်စွာလက်တွဲ ကျော်ဖြတ်လာခဲ့ကြတဲ့ သူတို့စုံတွဲကို ပရိသတ်တွေအားလုံးက မင်္ဂလာပွဲလေး ကျင်းပတာကိုမြင်ချင်နေကြပါပြီ ။

ပရိသတ်တွေမြင်စေချင်သလို ကြိုးစားနေဆဲဖြစ်လို့ ခဏလောက်စောင့်ပေးပါဦးလို့လည်း လွှမ်းပိုင်က ပရိသတ်တွေကို မေတ္တာရပ်ခံထားတာ အားလုံးသိမှာပါ ။ လွှမ်းပိုင်နဲ့ Bobby Soxer တို့ရဲ့ ဆယ်စုနှစ်တစ်ခုကျော် မြဲလာတဲ့ တွဲလက်တွေ နှစ်ပေါင်းတစ်ရာတိုင်အောင် မြဲမြံကြပါစေလို့ Cele Connections မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။ Cele Connections ချစ်ပရိသတ်ကြီးကလည်း ဒီစုံတွဲလေးအတွက် ဆုတောင်းစကားလေးတွေ ရေးပေးခဲ့ပါဦး ။

Source : Htet Htet Aung
Molly

 

error: Alert: Content is protected !!