ခိုးေျပးခဲ့တဲ့အမွတ္တရေန႔ေလးအေၾကာင္း ျပန္တမ္းတေနတဲ့ အာဇာနည္တို႔စုံတြဲ

ပရိသတ္ေတြ တခဲနက္အားေပးခ်စ္ခင္ၾကတဲ့ အႏုပညာရွင္ဇနီးေမာင္ႏွံေတြထဲမွာ ႏိုင္ငံေက်ာ္အဆိုေတာ္ အာဇာနည္နဲ႔ဝမ္းတို႔လည္း အပါအဝင္ျဖစ္ပါတယ္။ အာဇာနည္က ေတးသီခ်င္းသီဆိုရာမွာပဲ ေအာင္ျမင္မႈေတြရရွိေနတာ မဟုတ္ပါဘူး။ သူက သာယာေပ်ာ္႐ႊင္တဲ့ မိသားစုဘဝေလးကို ခ်စ္ဇနီးေခ်ာေလးဝမ္းရယ္ သားေလး၂ေယာက္ရယ္နဲ႔အတူ ေအာင္ျမင္စြာထူေထာင္ထားတာပါ။ သူတို႔ဇနီးေမာင္ႏွံက အိမ္ေထာင္ရွင္ေတြျဖစ္ၾကေပမယ့္ ဘယ္အခ်ိန္ၾကည့္ၾကည့္ လူငယ္ဆန္တဲ့လန္းဆန္းမႈေတြနဲ႔ ႏုပ်ိဳေနၾကစၿမဲပါ။

 

ခ်စ္ေမတၱာအျပည့္နဲ႔ တစ္ေယာက္ကိုတစ္ေယာက္အၿမဲဂ႐ုစိုက္ေနၾကတဲ့ သူတို႔ဇနီးေမာင္ႏွံကို ပရိသတ္ေတြက အားက်ေနၾကတာပါ။ ဒီေန႔ဟာလည္း အာဇာနည္နဲ႔ဝမ္းရဲ႕ မဂၤလာသက္ ၁၆ႏွစ္ျပည့္ေျမာက္တဲ့ ၾကည္ႏူးစရာေန႔ေလးတစ္ေန႔ပါ။ အဆိုေတာ္ႀကီးအာဇာနည္ကေတာ့ သူ႔ဘဝရဲ႕အမွတ္တရေန႔ရက္ေလးအေၾကာင္းကို သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ကေန ပရိသတ္ေတြကို မွ်ေဝေပးထားပါေသးတယ္။ “ဒီေန႔ခိုးတာ မရလို႔ ေနာက္ေန႔မွရေတာ့ ခုဆိုကေလးေတြပါရလို႔။ ၁၆ႏွစ္ျပည့္ခဲ့ၿပီ။ ခ်စ္တယ္ေနာ္ မိန္းမ”… လို႔ေရးသားခဲ့ၿပီး သူတို႔မဂၤလာႏွစ္ပတ္လည္အေၾကာင္းကို ေဖာ္ျပခဲ့တာပါ။ ဝမ္းကလည္း “မေန႔ကခိုးတာ မရလို႔ ဒီေန႔ခိုးတာလို႔ေတာ့လုပ္ပါ။ ခ်စ္တယ္ေနာ္ ေယာက်္ား”… ဆိုၿပီး အမွတ္တရေတြ ျပန္လည္မွ်ေဝေပးခဲ့ပါတယ္။

 

ပရိသတ္ေတြကေတာ့ အာဇာနည္နဲ႔ဝမ္းရဲ႕ ၁၆ႏွစ္ျပည့္မဂၤလာႏွစ္ပတ္လည္ေန႔ေလးအတြက္ ဝမ္းသာၾကည္ႏူးေနၾကပါတယ္။ Cele Connections ပရိသတ္ႀကီးအတြက္လည္း အာဇာနည္နဲ႔ဝမ္းတို႔ရဲ႕ အမွတ္တရပုံရိပ္ေလးေတြကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source – Zarni Myonyunt
Lavender
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

ခိုးပြေးခဲ့တဲ့အမှတ်တရနေ့လေးအကြောင်း ပြန်တမ်းတနေတဲ့ အာဇာနည်တို့စုံတွဲ

ပရိသတ်တွေ တခဲနက်အားပေးချစ်ခင်ကြတဲ့ အနုပညာရှင်ဇနီးမောင်နှံတွေထဲမှာ နိုင်ငံကျော်အဆိုတော် အာဇာနည်နဲ့ဝမ်းတို့လည်း အပါအဝင်ဖြစ်ပါတယ်။ အာဇာနည်က တေးသီချင်းသီဆိုရာမှာပဲ အောင်မြင်မှုတွေရရှိနေတာ မဟုတ်ပါဘူး။ သူက သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ချစ်ဇနီးချောလေးဝမ်းရယ် သားလေး၂ယောက်ရယ်နဲ့အတူ အောင်မြင်စွာထူထောင်ထားတာပါ။ သူတို့ဇနီးမောင်နှံက အိမ်ထောင်ရှင်တွေဖြစ်ကြပေမယ့် ဘယ်အချိန်ကြည့်ကြည့် လူငယ်ဆန်တဲ့လန်းဆန်းမှုတွေနဲ့ နုပျိုနေကြစမြဲပါ။

ချစ်မေတ္တာအပြည့်နဲ့ တစ်ယောက်ကိုတစ်ယောက်အမြဲဂရုစိုက်နေကြတဲ့ သူတို့ဇနီးမောင်နှံကို ပရိသတ်တွေက အားကျနေကြတာပါ။ ဒီနေ့ဟာလည်း အာဇာနည်နဲ့ဝမ်းရဲ့ မင်္ဂလာသက် ၁၆နှစ်ပြည့်မြောက်တဲ့ ကြည်နူးစရာနေ့လေးတစ်နေ့ပါ။ အဆိုတော်ကြီးအာဇာနည်ကတော့ သူ့ဘဝရဲ့အမှတ်တရနေ့ရက်လေးအကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်ကနေ ပရိသတ်တွေကို မျှဝေပေးထားပါသေးတယ်။ “ဒီနေ့ခိုးတာ မရလို့ နောက်နေ့မှရတော့ ခုဆိုကလေးတွေပါရလို့။ ၁၆နှစ်ပြည့်ခဲ့ပြီ။ ချစ်တယ်နော် မိန်းမ”… လို့ရေးသားခဲ့ပြီး သူတို့မင်္ဂလာနှစ်ပတ်လည်အကြောင်းကို ဖော်ပြခဲ့တာပါ။ ဝမ်းကလည်း “မနေ့ကခိုးတာ မရလို့ ဒီနေ့ခိုးတာလို့တော့လုပ်ပါ။ ချစ်တယ်နော် ယောကျ်ား”… ဆိုပြီး အမှတ်တရတွေ ပြန်လည်မျှဝေပေးခဲ့ပါတယ်။

ပရိသတ်တွေကတော့ အာဇာနည်နဲ့ဝမ်းရဲ့ ၁၆နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့လေးအတွက် ဝမ်းသာကြည်နူးနေကြပါတယ်။ Cele Connections ပရိသတ်ကြီးအတွက်လည်း အာဇာနည်နဲ့ဝမ်းတို့ရဲ့ အမှတ်တရပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source – Zarni Myonyunt
Lavender

error: Alert: Content is protected !!