Exနဲ႔ျပန္တြဲဖို႔ အစီစဥ္လုံးဝမရွိဘူးဆိုတဲ့ ေ႐ႊအိမ္စည္

ေ႐ႊအိမ္စည္ဟာ ငယ္႐ြယ္သူတစ္ေယာက္ျဖစ္တဲ့အျပင္ ထက္ျမတ္တဲ့မိန္းမလွေလးတစ္ေယာက္ျဖစ္တာေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈကို အခ်ိန္တိုအတြင္းရရွိလာခဲ့သူပါ။ သူမက Miss တစ္ေယာက္အျဖစ္ ေအာင္ျမင္ေနသူတစ္ေယာက္ျဖစ္သလို သ႐ုပ္ေဆာင္အလုပ္ကိုလည္း စတင္လုပ္ေဆာင္ေနသူတစ္ဦးလည္းျဖစ္ပါတယ္။ ႏိုင္ငံျခားဆန္တဲ့မ်က္ႏွာေလးနဲ႔ ခ်စ္စဖြယ္ပါးခ်ိဳင့္ေလးေတြကို ပိုင္ဆိုင္ထားတာကလည္း သူမရဲ႕အလွဂုဏ္တစ္ခုပါ။ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေက်ာ္ၾကားမႈေတြရရွိလာတဲ့ အိမ္စည္ရဲ႕အခ်စ္ေရးကလည္း ပရိသတ္အထူးစိတ္ဝင္စားျခင္းခံခဲ့ရပါတယ္။

 

 

ေ႐ႊအိမ္စည္ဟာ အသက္ငယ္ေပမယ့္ ရင့္က်က္ျပတ္သားတဲ့ မိန္းကေလးတစ္ေယာက္ျဖစ္တဲ့အတြက္ သူမရဲ႕အခ်စ္ေရးကိုလည္း အေကာင္းဆုံးကိုင္တြယ္ ဆုံးျဖတ္ႏိုင္ခဲ့သူပါ။ မၾကာေသးခင္ရက္က သူမရဲ႕ေမြးေန႔ပြဲကိုလည္း အႏုပညာရွင္ေမာင္ႏွမမ်ားနဲ႔အတူ စည္းစည္းကားကားက်င္းပခဲ့ပါေသးတယ္။ အဲဒီေမြးေန႔ပြဲကို သူမရဲ႕ခ်စ္သူေဟာင္းတက္ေရာက္လာခဲ့တာမို႔ ပရိသတ္ေတြရဲ႕ စိတ္ဝင္စားမႈက အထြတ္အထိပ္ကိုေရာက္ရွိခဲ့ပါေသးတယ္။ အဲဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး အိမ္စည္က “Ex နဲ႔ Just Friend ေတြပါ။ ျပန္တြဲဖို႔ လုံးဝအစီအစဥ္ မရွိပါဘူး။ ေမြးေန႔ပြဲကို သူလာတာ မိသားစုနဲ႔လည္း ရင္းႏွီးေနလို႔ပါ။ အဆင္မေျပလို႔ လမ္းခြဲခဲ့ၾကတာ.. ဘာ အၿငိဳးအေတးမွ မရွိပါဘူး” လို႔ ျပန္လည္အသိေပးခဲ့ပါတယ္။

 

ေ႐ႊအိမ္စည္ေလးရဲ႕ အၿငိဳးအေတးမထားဘဲ အေကာင္းျမင္တတ္တဲ့ ရင့္က်က္တဲ့စိတ္ဓာတ္ေလးကို သူမရဲ႕ခ်စ္ပရိသတ္ေတြက ေလးစားေနၾကပါတယ္။ Cele Connections ပရိသတ္ႀကီးအတြက္လည္း ေ႐ႊအိမ္စည္ရဲ႕ အလွပုံရိပ္ေလးေတြကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source – Myanmar Celebrity
Lavender
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

Exနဲ့ပြန်တွဲဖို့ အစီစဉ်လုံးဝမရှိဘူးဆိုတဲ့ ရွှေအိမ်စည်

ရွှေအိမ်စည်ဟာ ငယ်ရွယ်သူတစ်ယောက်ဖြစ်တဲ့အပြင် ထက်မြတ်တဲ့မိန်းမလှလေးတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အချိန်တိုအတွင်းရရှိလာခဲ့သူပါ။ သူမက Miss တစ်ယောက်အဖြစ် အောင်မြင်နေသူတစ်ယောက်ဖြစ်သလို သရုပ်ဆောင်အလုပ်ကိုလည်း စတင်လုပ်ဆောင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ နိုင်ငံခြားဆန်တဲ့မျက်နှာလေးနဲ့ ချစ်စဖွယ်ပါးချိုင့်လေးတွေကို ပိုင်ဆိုင်ထားတာကလည်း သူမရဲ့အလှဂုဏ်တစ်ခုပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျော်ကြားမှုတွေရရှိလာတဲ့ အိမ်စည်ရဲ့အချစ်ရေးကလည်း ပရိသတ်အထူးစိတ်ဝင်စားခြင်းခံခဲ့ရပါတယ်။

ရွှေအိမ်စည်ဟာ အသက်ငယ်ပေမယ့် ရင့်ကျက်ပြတ်သားတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တဲ့အတွက် သူမရဲ့အချစ်ရေးကိုလည်း အကောင်းဆုံးကိုင်တွယ် ဆုံးဖြတ်နိုင်ခဲ့သူပါ။ မကြာသေးခင်ရက်က သူမရဲ့မွေးနေ့ပွဲကိုလည်း အနုပညာရှင်မောင်နှမများနဲ့အတူ စည်းစည်းကားကားကျင်းပခဲ့ပါသေးတယ်။ အဲဒီမွေးနေ့ပွဲကို သူမရဲ့ချစ်သူဟောင်းတက်ရောက်လာခဲ့တာမို့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုက အထွတ်အထိပ်ကိုရောက်ရှိခဲ့ပါသေးတယ်။ အဲဒီအကြောင်းနဲ့ပတ်သက်ပြီး အိမ်စည်က “Ex နဲ့ Just Friend တွေပါ။ ပြန်တွဲဖို့ လုံးဝအစီအစဉ် မရှိပါဘူး။ မွေးနေ့ပွဲကို သူလာတာ မိသားစုနဲ့လည်း ရင်းနှီးနေလို့ပါ။ အဆင်မပြေလို့ လမ်းခွဲခဲ့ကြတာ.. ဘာ အငြိုးအတေးမှ မရှိပါဘူး” လို့ ပြန်လည်အသိပေးခဲ့ပါတယ်။

ရွှေအိမ်စည်လေးရဲ့ အငြိုးအတေးမထားဘဲ အကောင်းမြင်တတ်တဲ့ ရင့်ကျက်တဲ့စိတ်ဓာတ်လေးကို သူမရဲ့ချစ်ပရိသတ်တွေက လေးစားနေကြပါတယ်။ Cele Connections ပရိသတ်ကြီးအတွက်လည်း ရွှေအိမ်စည်ရဲ့ အလှပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source – Myanmar Celebrity
Lavender

error: Alert: Content is protected !!