ႏွစ္ေပါင္းမ်ားစြာအားေပးလာခဲ့တဲ့ မသန္စြမ္းပရိသတ္ေလးနဲ႔ သြားေတြ႔ခဲ့တဲ့မုိးေအာင္ရင္

ပရိသတ္ေတြနဲ႔ ႏွစ္အနည္းငယ္ၾကာအဆက္သြယ္ျပတ္ေတာက္သြားတဲ႔ ျပည္သူခ်စ္သ႐ုပ္ေဆာင္မုိးေအာင္ရင္ဟာ မၾကာေသးမီအခ်ိန္က ပရိသတ္ေရွ ႔ကုိျပန္လည္ေရာက္ရွိလာခဲ့ပါတယ္။ မိုးေအာင္ရင္ဟာ ႏုိင္ငံေက်ာ္အဆုိေတာ္ေအာင္ရင္ရဲ႕သားျဖစ္သလို ထပ္ဆင့္အကယ္ဒမီမုိ႔မုိ႔ျမင့္ေအာင္ရဲ႕ သားတပည့္တစ္ေယာက္လည္းျဖစ္ပါတယ္။ သူဟာ သ႐ုပ္ေဆာင္ေကာင္းတစ္ေယာက္ျဖစ္တဲ့အျပင္ ပရိသတ္ေတြကုိ အေလးထားဆက္ဆံတတ္သူပါ။ အခုလတ္တေလာ႐ုံတင္ေနတဲ့ သုံးေယာက္ေပါင္းေလာင္းေက်ာ္ ႐ုပ္ရွင္ဇာတ္ကားႀကီးမွာလည္း ပါ၀င္သ႐ုပ္ေဆာင္ထားပါေသးတယ္။

 

 

သူနဲ႔ပရိသတ္ေတြၾကား အဆက္သြယ္ျပတ္ခဲ့တဲ့ ကာလေတြမွာလည္း သူ႔ကုိခ်စ္တဲ့ပရိသတ္ေတြကေတာ့ သူျပန္အလာကုိအၿမဲေစာင္ေမွ်ာ္ေနခဲ႔ၾကပါတယ္။ အဲဒီပရိသတ္ေတြထဲမွာ မသန္စြမ္းေ၀ဒနာကုိခံစားေနရတဲ့ ညီမငယ္ေလးဇင္အိခိုင္လည္း တစ္ေယာက္အပါအ၀င္ျဖစ္ပါတယ္။ သူမဟာမိုးေအာင္ရင္ရဲ႕ထြက္႐ွိခဲ့တဲ့ ဇာတ္ကားေတြကုိ ငယ္စဥ္ကတည္းကစုေဆာင္းသိမ္းစည္းထားတတ္တဲ့ မိုးေအာင္ရင္ရဲ႕အမာခံပရိသတ္တစ္ဦးပါ။ မုိးေအာင္ရင္ကုိလည္း သူမတို႔အိမ္ကုိလာလည္ေစခ်င္ေၾကာင္းေျပာခဲ့လို႔ မင္းသားေခ်ာဟာသူ႔ကုိခ်စ္ခင္အားေပးတဲ့ ပရိသတ္ညီမငယ္ေလးဆီ မၾကာေသးခင္ကသြားေတြ႔ခဲ့ပါတယ္။

 

 

မိုးေအာင္ရင္ရဲ႕ပရိသတ္အေပၚထားတဲ့ ေစတနာ ေမတၱာေတြကုိ ပရိသတ္ေတြကလည္း ေလးစားေနၾကပါတယ္။ Cele Connections ပရိသတ္ႀကီးအတြက္လည္း မုိးေအာင္ရင္ရဲ႕ေလးစားဖြယ္ပုံရိပ္ေလးေတြကို မွ်ေ၀ေပးလိုက္ပါတယ္ေနာ္။

Source – Moe Aung Yin
Photo Crd – Cele Gabar
Lavender
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

နှစ်ပေါင်းများစွာအားပေးလာခဲ့တဲ့ မသန်စွမ်းပရိသတ်လေးနဲ့ သွားတွေ့ခဲ့တဲ့မိုးအောင်ရင်

ပရိသတ်တွေနဲ့ နှစ်အနည်းငယ်ကြာအဆက်သွယ်ပြတ်တောက်သွားတဲ့ ပြည်သူချစ်သရုပ်ဆောင်မိုးအောင်ရင်ဟာ မကြာသေးမီအချိန်က ပရိသတ်ရှေ့ကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ မိုးအောင်ရင်ဟာ နိုင်ငံကျော်အဆိုတော်အောင်ရင်ရဲ့သားဖြစ်သလို ထပ်ဆင့်အကယ်ဒမီမို့မို့မြင့်အောင်ရဲ့ သားတပည့်တစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်တဲ့အပြင် ပရိသတ်တွေကို အလေးထားဆက်ဆံတတ်သူပါ။ အခုလတ်တလောရုံတင်နေတဲ့ သုံးယောက်ပေါင်းလောင်းကျော် ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

သူနဲ့ပရိသတ်တွေကြား အဆက်သွယ်ပြတ်ခဲ့တဲ့ ကာလတွေမှာလည်း သူ့ကိုချစ်တဲ့ပရိသတ်တွေကတော့ သူပြန်အလာကိုအမြဲစောင်မျှော်နေခဲ့ကြပါတယ်။ အဲဒီပရိသတ်တွေထဲမှာ မသန်စွမ်းဝေဒနာကိုခံစားနေရတဲ့ ညီမငယ်လေးဇင်အိခိုင်လည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ သူမဟာမိုးအောင်ရင်ရဲ့ထွက်ရှိခဲ့တဲ့ ဇာတ်ကားတွေကို ငယ်စဉ်ကတည်းကစုဆောင်းသိမ်းစည်းထားတတ်တဲ့ မိုးအောင်ရင်ရဲ့အမာခံပရိသတ်တစ်ဦးပါ။ မိုးအောင်ရင်ကိုလည်း သူမတို့အိမ်ကိုလာလည်စေချင်ကြောင်းပြောခဲ့လို့ မင်းသားချောဟာသူ့ကိုချစ်ခင်အားပေးတဲ့ ပရိသတ်ညီမငယ်လေးဆီ မကြာသေးခင်ကသွားတွေ့ခဲ့ပါတယ်။

မိုးအောင်ရင်ရဲ့ပရိသတ်အပေါ်ထားတဲ့ စေတနာ မေတ္တာတွေကို ပရိသတ်တွေကလည်း လေးစားနေကြပါတယ်။ Cele Connections ပရိသတ်ကြီးအတွက်လည်း မိုးအောင်ရင်ရဲ့လေးစားဖွယ်ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source – Moe Aung Yin
Photo Crd – Cele Gabar
Lavender

error: Alert: Content is protected !!