အႀကံႀကီးၿပီး အႀကီးႀကီးေတြႀကံေနတဲ့ ရန္ရန္ခ်န္း

ရန္ရန္ခ်န္းဟာ ျမန္မာႏုိင္ငံမွာRapဂီတကုိ ခံစားတတ္ေအာင္ စတင္မိတ္ဆက္ေပးခဲ့တဲ့ ႏုိင္ငံေက်ာ္ A C I D အဖဲြ႔မွ အဖဲြ႔၀င္တစ္ဦးျဖစ္ပါတယ္။ A C I D ဆုိတာနဲ႔ Rapဂီတရဲ႕ ပထမဆုံးမ်ဳိးဆက္ကုိ မ်ဳိးေစ့ခ်ပ်ဳိးေထာင္ေပးခဲ့တဲ့အဖဲြ႔လို႔ ပရိသတ္အားလုံးက အသိအမွတ္ျပဳထားၾကတာပါ။ ရန္ရန္ခ်န္း၊ အနဂၢ၊ ဟိန္းေဇာ္၊ ေဇယ်ာေသာ္တုိ႔ ၄ေယာက္ပါ၀င္ၾကတဲ့ A C I Dရဲ႕ ေအာင္ျမင္မႈဂုဏ္သတင္းက ယေန႔အခ်ိန္ထိ ပ်ံ႕လႊင့္ေနတုန္းပါပဲ။ A C I Dရဲ႕ အဖဲြ႔၀င္တစ္ဦးျဖစ္တဲ့ ဟိန္းေဇာ္ကြယ္လြန္ခဲ့တဲ့ျဖစ္ရပ္ကလည္း A C I Dအတြက္ေရာ ပရိသတ္ေတြအတြက္ပါ အစားထိုးမရတဲ့ ဆုံး႐ႈံးမႈတစ္ခုပါ။

 

A C I Dအဖဲြ႔၀င္ဟာ သူတို႔အဖဲြ႔နဲ႔ပရိသတ္ေတြၾကား အဆက္အသြယ္မျပတ္ေအာင္ ႀကဳိးစားေနတတ္စၿမဲပါ။ A C I Dရဲ႕ပရိသတ္ထုႀကီးကလည္း A C I D႐ႈိးပဲြေတြကုိ အၿမဲတမ္းေစာင့္ေမ်ွာ္လို႔ေနတာပါ။ ရန္ရန္ခ်န္းကလည္း သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ “ႏွစ္မကုန္ခင္ A C I Dပဲြတစ္ပဲြလုပ္ရင္ေကာင္းမလား .. သီခ်င္းေတြလိုက္ဆုိၾက စားၾကေသာက္ၾက ေပ်ာ္ၾကေအာ္ၾက .. ဘယ္လိုလဲ စီစဥ္လိုက္ရေတာ့မလား”… ဆိုတဲ့ ေမးခြန္းေလးနဲ႔ ပရိသတ္ေတြကုိ ဖမ္းစားလိုက္ပါတယ္။ ရန္ရန္ခ်န္းရဲ႕ အေမးစကားေလးေၾကာင့္ A C I Dရဲ႕ ပရိသတ္ေတႊကေတာ့ ၀မ္းသာေက်နပ္ေနၾကပါတယ္။

 

A C I D႐ႈိးပဲြ အေကာင္အထည္ေဖာ္နုိင္ပါေစလို႔ ပရိသတ္နဲ႔ထပ္တူ ဆုေတာင္းလိုက္ပါတယ္။ ငယ္ဘ၀ရဲ႕ရင္ခုန္သံေတြရွိရာကုိ ျပန္ေခၚသြားတတ္တဲ့အရာေတြထဲမွာ သီခ်င္းေတြကလည္း အပါအ၀င္မို႔ Cele Connections ပရိသတ္ႀကီးလည္း A C I D႐ႈိးပဲြကုိ ေရာက္ေအာင္သြားၾကဖုိ႔ တုိက္တြန္းလိုက္ပါတယ္ေနာ္။

Source – Yan Yan Chan(YC)
Lavender
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

အကြံကြီးပြီး အကြီးကြီးတွေကြံနေတဲ့ ရန်ရန်ချန်း

ရန်ရန်ချန်းဟာ မြန်မာနိုင်ငံမှာRapဂီတကို ခံစားတတ်အောင် စတင်မိတ်ဆက်ပေးခဲ့တဲ့ နိုင်ငံကျော် A C I D အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ A C I D ဆိုတာနဲ့ Rapဂီတရဲ့ ပထမဆုံးမျိုးဆက်ကို မျိုးစေ့ချပျိုးထောင်ပေးခဲ့တဲ့အဖွဲ့လို့ ပရိသတ်အားလုံးက အသိအမှတ်ပြုထားကြတာပါ။ ရန်ရန်ချန်း၊ အနဂ္ဂ၊ ဟိန်းဇော်၊ ဇေယျာသော်တို့ ၄ယောက်ပါဝင်ကြတဲ့ A C I Dရဲ့ အောင်မြင်မှုဂုဏ်သတင်းက ယနေ့အချိန်ထိ ပျံ့လွှင့်နေတုန်းပါပဲ။ A C I Dရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဟိန်းဇော်ကွယ်လွန်ခဲ့တဲ့ဖြစ်ရပ်ကလည်း A C I Dအတွက်ရော ပရိသတ်တွေအတွက်ပါ အစားထိုးမရတဲ့ ဆုံးရှုံးမှုတစ်ခုပါ။

A C I Dအဖွဲ့ဝင်ဟာ သူတို့အဖွဲ့နဲ့ပရိသတ်တွေကြား အဆက်အသွယ်မပြတ်အောင် ကြိုးစားနေတတ်စမြဲပါ။ A C I Dရဲ့ပရိသတ်ထုကြီးကလည်း A C I Dရှိုးပွဲတွေကို အမြဲတမ်းစောင့်မျှော်လို့နေတာပါ။ ရန်ရန်ချန်းကလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ “နှစ်မကုန်ခင် A C I Dပွဲတစ်ပွဲလုပ်ရင်ကောင်းမလား .. သီချင်းတွေလိုက်ဆိုကြ စားကြသောက်ကြ ပျော်ကြအော်ကြ .. ဘယ်လိုလဲ စီစဉ်လိုက်ရတော့မလား”… ဆိုတဲ့ မေးခွန်းလေးနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်ပါတယ်။ ရန်ရန်ချန်းရဲ့ အမေးစကားလေးကြောင့် A C I Dရဲ့ ပရိသတ်တွှေကတော့ ဝမ်းသာကျေနပ်နေကြပါတယ်။

A C I Dရှိုးပွဲ အကောင်အထည်ဖော်နိုင်ပါစေလို့ ပရိသတ်နဲ့ထပ်တူ ဆုတောင်းလိုက်ပါတယ်။ ငယ်ဘဝရဲ့ရင်ခုန်သံတွေရှိရာကို ပြန်ခေါ်သွားတတ်တဲ့အရာတွေထဲမှာ သီချင်းတွေကလည်း အပါအဝင်မို့ Cele Connections ပရိသတ်ကြီးလည်း A C I Dရှိုးပွဲကို ရောက်အောင်သွားကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Source – Yan Yan Chan(YC)
Lavender

error: Alert: Content is protected !!