ပရိသတ္အားက်တဲ့ ဆယ္လီစုံတြဲေတြျဖစ္ခဲ့ေပမယ့္ လမ္းခြဲေက်ာခိုင္းခဲ့ၾကတဲ့ အႏုပညာရွင္စုံတြဲမ်ား

ပရိသတ္ႀကီးေရ .. ႏွစ္ေတြအၾကာႀကီးတြဲၿပီးမွ လမ္းခြဲျပတ္စဲခဲ့ၾကတာမ်ိဳး ၊ သံေယာဇဥ္ေတြ အခိုင္အမာတည္ေဆာက္ၿပီးမွ ေက်ာခိုင္းလိုက္ရတဲ့ ဆက္ဆံေရးမ်ိဳးေတြႀကဳံဖူးၾကတယ္ဟုတ္ ။ အႏုပညာရွင္ေတြတင္မဟုတ္ပါဘူး သာမန္ဘဝကို ျဖတ္သန္းေနၾကတဲ့ သူေတြမွာလည္းဒီလို ခ်စ္ႀကိဳက္ကြဲညား ဇာတ္လမ္းတစ္ပုဒ္ေတာ့ ရွိတတ္ၾကပါတယ္ ။ ဒါေပမယ့္ အႏုပညာရွင္ေတြကေတာ့ တိုင္းသိျပည္သိ နာမည္ႀကီးေတြျဖစ္လို႔ သူတို႔ရဲ႕ အခ်စ္ေရးကို တစ္ႏိုင္ငံလုံးက ပရိသတ္ေတြက စိတ္ဝင္တစား ေစာင့္ၾကည့္ေနၾကတဲ့အတြက္ သူတို႔ရဲ႕လမ္းခြဲျပတ္စဲျခင္းေတြကေတာ့ လူတိုင္းရဲ႕ပါးစပ္ဖ်ားမွာ ေျပာစမွတ္တြင္ေနမယ့္ ျဖစ္ရပ္ေတြပါပဲ ။ Cele Connections ပရိသတ္ႀကီးအတြက္ပရိသတ္ေတြ အားလုံးအားက်ရတဲ့ စုံတြဲ အျဖစ္ကေန လမ္းခြဲခဲ့ရတဲ့ ဆယ္လီအႏုပညာရွင္စုံတြဲေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ ။

ေကာင္းေကာင္း နဲ႔ အိုင္းရင္းဇင္မာျမင့္

 

ေကာင္းေကာင္း နဲ႔ အိုင္ရင္းဇင္မာျမင့္ တို႔ႏွစ္ေယာက္ကေတာ့ ခ်စ္သူသက္တမ္း (၈) ႏွစ္ေက်ာ္ၾကာခဲ့ၿပီး သူတို႔ႏွစ္ေယာက္ရဲ႕ ရာဇဝင္တြင္မယ့္ အခ်စ္ဆိုတဲ့ သီခ်င္းေလးက ပရိသတ္ေတြ ၾကားမွာေရပန္းစားေအာင္ျမင္ခဲ့ၿပီး MTV ေလးမွာလည္း ကိုယ္တိုင္ပါဝင္သ႐ုပ္ေဆာင္ထားၾကလို႔ ပရိသတ္ေတြအားက်ခဲ့ရတဲ့ ခ်စ္သူႏွစ္ဦးအျဖစ္ လူသိမ်ားခဲ့ေပမယ့္ ခ်စ္သူသက္တမ္း (၈) ႏွစ္ေက်ာ္မွာပဲ လမ္းခြဲျပတ္စဲခဲ့ၾကပါတယ္ ။ အိုင္းရင္း တစ္ေယာက္ လမ္းခြဲကာစက Live လႊင့္ၿပီး ငိုခဲ့တာကိုေတာ့ပရိသတ္ေတြအားလုံးမွတ္မိဦးမယ္ထင္ပါတယ္ ။ အခုအခ်ိန္ထိ အိုင္းရင္းတစ္ေယာက္ အပ်ိဳႀကီးဘဝနဲ႔ အႏုပညာအလုပ္ေတြ ဆက္လုပ္ေနေပမယ့္ ေကာင္းေကာင္းကေတာ့ အိမ္ေထာင္ျပဳၿပီး ခ်စ္တဲ့သားေလးနဲ႔အတူ ဘဝကိုေပ်ာ္႐ႊင္စြာျဖတ္သန္းေနတာ ေတြ႕ရပါတယ္ ။

သူရိယနဲ႔ ဆုအိမ့္စံ

 

သူရိယနဲ႔ ဆုအိမ့္စံတို႔ စုံတြဲကေတာ့ အႏုပညာ အခမ္းအနားပြဲေတြကို အၿမဲလိုလို စုံတြဲတက္ေရာက္ၾကၿပီး ေဖ့ဘုတ္စ္မွာလည္း သူတို႔ႏွစ္ေယာက္ရဲ႕ ႐ိုးမန႔္ဆန္တဲ့ စုံတြဲပုံရိပ္ေလးေတြကို ပရိသတ္ႀကီးအတြက္ အၿမဲတမ္း မွ်ေဝေပးေနၾကတဲ့ ဆယ္လီစုံတြဲပါ ။ Thuriya & Hsu Eaint San Page ေလးေထာင္ၿပီး သူတို႔ ႏွစ္ေယာက္ရဲ႕ ေပ်ာ္႐ႊင္ဖြယ္ဂိမ္း ေလးေတြနဲ႔ အတူ ႏွစ္ေယာက္အတူ ခရီးသြားတဲ့ပုံရိပ္ေတြကိုလည္း ပရိသတ္ေတြကို အၿမဲတင္ဆက္ေပးခဲ့ပါတယ္ ။ ခ်စ္သူသက္တမ္း ၂ ႏွစ္ေက်ာ္ၿပီး ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလ ခ်စ္သူမ်ားမွာ ေစ့စပ္ပြဲျပဳလုပ္ခဲ့ၾကၿပီး လက္ရွိအခ်ိန္မွာေတာ့ သူရိယဘက္က တစ္ဖက္သတ္ ေစ့စပ္ပြဲဖ်က္သိမ္းခဲ့လို႔ ဆုဆု တစ္ေယာက္သူမရဲ႕အရွက္နဲ႔ ဂုဏ္သိကၡာအတြက္ တရားဥပေဒအရ အေရးယူေဆာင္႐ြက္သြားမယ္လို႔ တရားဝင္ေၾကျငာခဲ့ပါတယ္ ။

ဘန္နီၿဖိဳးနဲ႔ ဟန္နာယူရီ

 

 

ဘန္နီၿဖိဳးနဲ႔ ဟန္နာယူရီ တို႔စုံတြဲကေတာ့ အဆိုေတာ္နဲ႔ Beauty blogger စုံတြဲ ေလးျဖစ္ၿပီး လူငယ္ပရိသတ္ေတြ ၾကားမွာ အားက်ေနရတဲ့ အႏုပညာရွင္စုံတြဲေလးပါ ။ ႏွစ္ပတ္လည္ သီခ်င္း MTV ေလးမွာလည္း အတူတူ သ႐ုပ္ေဆာင္ခဲ့ၿပီး အရမ္းကိုလိုက္ဖက္တဲ့စုံတြဲ အျဖစ္ပရိသတ္ေတြ အသိမွတ္ျပဳခံခဲ့ရတာပါ ။ ဒါေပမယ့္ ဟန္နာယူရီ ေရာင္းခ်တဲ့ အလွကုန္ Forever Young ကိုသုံးစြဲသူမ်ားရဲ႕ မ်က္ႏွာအသားအရည္ ပ်က္ဆီးမႈမ်ားရွိခဲ့ျခင္းေၾကာင့္ ျပသာနာအမ်ားအျပားကိုလည္း ရင္ဆိုင္ခဲ့ရ ၿပီး အဲဒီ အခ်ိန္မွာပဲ သူမဟာ အဆိုေတာ္ Bunny Phyo နဲ႔ ႏွစ္လရွည္မ်ားတြဲခဲ့တဲ့ အခ်စ္ေရးကို အဆုံးသတ္ခဲ့ရပါတယ္ ။

ေ႐ႊထူးနဲ႔ ပန္ကိတ္

 

ေ႐ႊထူးနဲ႔ ပန္ကိတ္တို႔ စုံတြဲေလးကေတာ့ ခ်စ္သူသက္တမ္း (၆) ႏွစ္ေက်ာ္အတြင္းမွာ ေ႐ႊထူးက ျမန္မာႏိုင္ငံမွာအႏုပညာအလုပ္ေတြ ႀကိဳးစားၿပီး ပန္ကိတ္ကေတာ့ၾသစေတးလ်မွာ ေက်ာင္းတက္ရင္ဘဝအတြက္ႀကိဳးစားေနတဲ့ လူငယ္ ေတြ အျဖစ္ သူတို႔ရဲ႕ LDRS အခ်စ္ေရးေလးကိုစခဲ့ၾကပါတယ္ ။ ေ႐ႊထူးနဲ႔ ပန္ကိတ္တို႔က တစ္ႏွစ္တစ္ခါ ျပန္ဆုံၾကၿပီး အမွတ္တရ ေန႔ေတြကို အတူတူ ျဖတ္ေက်ာ္ရင္း လက္တြဲခဲ့ၾကတဲ့ စုံတြဲေတြပါ ။ ဒါေပမယ့္ ခ်စ္သူသက္တမ္း(၆) ႏွစ္ေက်ာ္မွာေတာ့ လမ္းခြဲျပတ္စဲခဲ့ၾကၿပီး သူတို႔ရဲ႕လမ္းခြဲျပတ္စဲမႈေၾကာင့္ ေ႐ႊထူးရဲ႕ ပရိသတ္ေတြက အျပင္းထန္ ေဝဖန္ရႈံ႕ခ်ၾကတဲ့ထိ ဂယက္႐ိုက္ခဲ့တာပါ ။ ပန္ကိတ္ဘက္က ရပ္တည္ေပးၾကတဲ့ ပရိသတ္ေတြအ မ်ားႀကီး ရွိခဲ့ၿပီး ေ႐ႊထူးကေတာ့ ပရိသတ္ေတြရဲ႕ ေဝဖန္မႈေတြၾကားမွာ အလူးလဲခံခဲ့ရတာပါ ။

ေအာင္ေႏြဦး နဲ႔ ေနျခည္ဦး

 

ျမန္မာႏိုင္ငံရဲ႕ ထိပ္တန္း ဗ်ဴးတီးဘေလာ့ကာ တစ္ေယာက္ျဖစ္တဲ့ ေန႔ျခည္ဦးကေတာ့ မႏၲေလးသားေလးေအာင္ေႏြဦး နဲ႔ ခ်စ္သူျဖစ္ၿပီးေနာက္ပိုင္း တစ္ေယာက္ကို တစ္ေယာက္ Surprise ေတြလုပ္ရင္း ခရီးေတြ အတူထြက္ရင္း ၾကည္ႏူးဖြယ္ Relationship ေလးတစ္ခုကို ပိုင္ဆိုင္ခဲ့ၾကတဲ့စုံတြဲျဖစ္သလို ပရိသတ္ေတြက အရမ္းကို အားက်ေနၾကတဲ့ အႏုပညာရွင္အတြဲေလးပါ ။ ဒါေပမယ့္ အေၾကာင္းမတိုက္ဆိုင္လို႔ လမ္းခြဲခဲ့ၾကတဲ့ အခ်ိန္မွာေတာ့ ေနျခည္တစ္ေယာက္ အမွားေတြ ကို အႀကိမ္ႀကိမ္နားလည္ခြင့္လႊတ္ေပးခဲ့ေပမယ့္ ဒီတစ္ခါေတာ့ လုံး၀ မျဖစ္ႏိုင္ေတာ့ဘူးလို႔ အင္တာဗ်ဴးေတြမွာ အတိလင္း ေျဖခဲ့သလို ေအာင္ေႏြဦးတစ္ေယာက္ကလည္း သူရဲ႕လူမႈကြန္ရက္ စာမ်က္ႏွာကေန လြမ္းေဆြးတမ္းတေနတဲ့ စာသားေလးေတြနဲ႔အတူ ေနျခည္ကို လြမ္းေနတုန္းပါပဲ ပရိသတ္ႀကီးေရ ..။

G-fatt နဲ႔ နန္းဆုရတီစိုး

 

ကိုရီးယားမေလး လို လွပလြန္းတဲ့ ရွမ္းတ႐ုတ္ကျပားမေလး နန္းဆု နဲ႔ ေတးသံရွင္ G-fatt တို႔ရဲ႕ မမ နဲ႔ ေမာင္ေလး အခ်စ္ဇာတ္လမ္းေလးကို ပရိတ္ေတြက ႐ူးေအာင္ခ်စ္ရသူ MTV ကေနတဆင့္ ရိပ္မိခဲ့ၾကၿပီး ေနာက္ပိုင္းမွာ သူတို႔ရဲ႕အခ်စ္ေရးကို လူသိရွင္ၾကား ခ်ျပခဲ့ၿပီး ပရိသတ္အားက်ရတဲ့ စုံတြဲေလးျဖစ္ခဲ့ေပမယ့္ လက္ရွိမွာေတာ့ သူတို႔ရဲ႕အခ်စ္ေရးဟာ အက္ေၾကာင္းရာေတြထင္လာခဲ့ၿပီလို႔ အင္တာဗ်ဴးေတြက တဆင့္ နန္းဆုက ပရိသတ္ေတြကို ေျပာျပခဲ့ပါတယ္ ။ တရားဝင္ လမ္းခြဲလိုက္ၿပီလို႔ ပရိသတ္ကို အတိလင္း မေျပာေသးေပမယ့္လည္း သူတို႔ရဲ႕ ဆက္ဆံေရး တခန္းရပ္သြားၿပီဆိုတာကို ပရိသတ္ေတြက ရိပ္မိေနခဲ့ၾကၿပီး အရင္လို ျပန္အဆင္ေျပေစခ်င္တယ္လို႔ ေတာင္းဆိုေနခဲ့ၾကပါတယ္ ။

Source : Cele Connections
Molly
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

ပရိသတ်အားကျတဲ့ ဆယ်လီစုံတွဲတွေဖြစ်ခဲ့ပေမယ့် လမ်းခွဲကျောခိုင်းခဲ့ကြတဲ့ အနုပညာရှင်စုံတွဲများ

 

ပရိသတ်ကြီးရေ .. နှစ်တွေအကြာကြီးတွဲပြီးမှ လမ်းခွဲပြတ်စဲခဲ့ကြတာမျိုး ၊ သံယောဇဉ်တွေ အခိုင်အမာတည်ဆောက်ပြီးမှ ကျောခိုင်းလိုက်ရတဲ့ ဆက်ဆံရေးမျိုးတွေကြုံဖူးကြတယ်ဟုတ် ။ အနုပညာရှင်တွေတင်မဟုတ်ပါဘူး သာမန်ဘဝကို ဖြတ်သန်းနေကြတဲ့ သူတွေမှာလည်းဒီလို ချစ်ကြိုက်ကွဲညား ဇာတ်လမ်းတစ်ပုဒ်တော့ ရှိတတ်ကြပါတယ် ။ ဒါပေမယ့် အနုပညာရှင်တွေကတော့ တိုင်းသိပြည်သိ နာမည်ကြီးတွေဖြစ်လို့ သူတို့ရဲ့ အချစ်ရေးကို တစ်နိုင်ငံလုံးက ပရိသတ်တွေက စိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့အတွက် သူတို့ရဲ့လမ်းခွဲပြတ်စဲခြင်းတွေကတော့ လူတိုင်းရဲ့ပါးစပ်ဖျားမှာ ပြောစမှတ်တွင်နေမယ့် ဖြစ်ရပ်တွေပါပဲ ။ Cele Connections ပရိသတ်ကြီးအတွက်ပရိသတ်တွေ အားလုံးအားကျရတဲ့ စုံတွဲ အဖြစ်ကနေ လမ်းခွဲခဲ့ရတဲ့ ဆယ်လီအနုပညာရှင်စုံတွဲတွေကို ဖော်ပြပေးလိုက်ပါတယ်နော် ။

ကောင်းကောင်း နဲ့ အိုင်းရင်းဇင်မာမြင့်

ကောင်းကောင်း နဲ့ အိုင်ရင်းဇင်မာမြင့် တို့နှစ်ယောက်ကတော့ ချစ်သူသက်တမ်း (၈) နှစ်ကျော်ကြာခဲ့ပြီး သူတို့နှစ်ယောက်ရဲ့ ရာဇဝင်တွင်မယ့် အချစ်ဆိုတဲ့ သီချင်းလေးက ပရိသတ်တွေ ကြားမှာရေပန်းစားအောင်မြင်ခဲ့ပြီး MTV လေးမှာလည်း ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားကြလို့ ပရိသတ်တွေအားကျခဲ့ရတဲ့ ချစ်သူနှစ်ဦးအဖြစ် လူသိများခဲ့ပေမယ့် ချစ်သူသက်တမ်း (၈) နှစ်ကျော်မှာပဲ လမ်းခွဲပြတ်စဲခဲ့ကြပါတယ် ။ အိုင်းရင်း တစ်ယောက် လမ်းခွဲကာစက Live လွှင့်ပြီး ငိုခဲ့တာကိုတော့ပရိသတ်တွေအားလုံးမှတ်မိဦးမယ်ထင်ပါတယ် ။ အခုအချိန်ထိ အိုင်းရင်းတစ်ယောက် အပျိုကြီးဘဝနဲ့ အနုပညာအလုပ်တွေ ဆက်လုပ်နေပေမယ့် ကောင်းကောင်းကတော့ အိမ်ထောင်ပြုပြီး ချစ်တဲ့သားလေးနဲ့အတူ ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေတာ တွေ့ရပါတယ် ။

သူရိယနဲ့ ဆုအိမ့်စံ

သူရိယနဲ့ ဆုအိမ့်စံတို့ စုံတွဲကတော့ အနုပညာ အခမ်းအနားပွဲတွေကို အမြဲလိုလို စုံတွဲတက်ရောက်ကြပြီး ဖေ့ဘုတ်စ်မှာလည်း သူတို့နှစ်ယောက်ရဲ့ ရိုးမန့်ဆန်တဲ့ စုံတွဲပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် အမြဲတမ်း မျှဝေပေးနေကြတဲ့ ဆယ်လီစုံတွဲပါ ။ Thuriya & Hsu Eaint San Page လေးထောင်ပြီး သူတို့ နှစ်ယောက်ရဲ့ ပျော်ရွှင်ဖွယ်ဂိမ်း လေးတွေနဲ့ အတူ နှစ်ယောက်အတူ ခရီးသွားတဲ့ပုံရိပ်တွေကိုလည်း ပရိသတ်တွေကို အမြဲတင်ဆက်ပေးခဲ့ပါတယ် ။ ချစ်သူသက်တမ်း ၂ နှစ်ကျော်ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ချစ်သူများမှာ စေ့စပ်ပွဲပြုလုပ်ခဲ့ကြပြီး လက်ရှိအချိန်မှာတော့ သူရိယဘက်က တစ်ဖက်သတ် စေ့စပ်ပွဲဖျက်သိမ်းခဲ့လို့ ဆုဆု တစ်ယောက်သူမရဲ့အရှက်နဲ့ ဂုဏ်သိက္ခာအတွက် တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ တရားဝင်ကြေငြာခဲ့ပါတယ် ။

ဘန်နီဖြိုးနဲ့ ဟန်နာယူရီ

ဘန်နီဖြိုးနဲ့ ဟန်နာယူရီ တို့စုံတွဲကတော့ အဆိုတော်နဲ့ Beauty blogger စုံတွဲ လေးဖြစ်ပြီး လူငယ်ပရိသတ်တွေ ကြားမှာ အားကျနေရတဲ့ အနုပညာရှင်စုံတွဲလေးပါ ။ နှစ်ပတ်လည် သီချင်း MTV လေးမှာလည်း အတူတူ သရုပ်ဆောင်ခဲ့ပြီး အရမ်းကိုလိုက်ဖက်တဲ့စုံတွဲ အဖြစ်ပရိသတ်တွေ အသိမှတ်ပြုခံခဲ့ရတာပါ ။ ဒါပေမယ့် ဟန်နာယူရီ ရောင်းချတဲ့ အလှကုန် Forever Young ကိုသုံးစွဲသူများရဲ့ မျက်နှာအသားအရည် ပျက်ဆီးမှုများရှိခဲ့ခြင်းကြောင့် ပြသာနာအများအပြားကိုလည်း ရင်ဆိုင်ခဲ့ရ ပြီး အဲဒီ အချိန်မှာပဲ သူမဟာ အဆိုတော် Bunny Phyo နဲ့ နှစ်လရှည်များတွဲခဲ့တဲ့ အချစ်ရေးကို အဆုံးသတ်ခဲ့ရပါတယ် ။

ရွှေထူးနဲ့ ပန်ကိတ်

ရွှေထူးနဲ့ ပန်ကိတ်တို့ စုံတွဲလေးကတော့ ချစ်သူသက်တမ်း (၆) နှစ်ကျော်အတွင်းမှာ ရွှေထူးက မြန်မာနိုင်ငံမှာအနုပညာအလုပ်တွေ ကြိုးစားပြီး ပန်ကိတ်ကတော့သြစတေးလျမှာ ကျောင်းတက်ရင်ဘဝအတွက်ကြိုးစားနေတဲ့ လူငယ် တွေ အဖြစ် သူတို့ရဲ့ LDRS အချစ်ရေးလေးကိုစခဲ့ကြပါတယ် ။ ရွှေထူးနဲ့ ပန်ကိတ်တို့က တစ်နှစ်တစ်ခါ ပြန်ဆုံကြပြီး အမှတ်တရ နေ့တွေကို အတူတူ ဖြတ်ကျော်ရင်း လက်တွဲခဲ့ကြတဲ့ စုံတွဲတွေပါ ။ ဒါပေမယ့် ချစ်သူသက်တမ်း(၆) နှစ်ကျော်မှာတော့ လမ်းခွဲပြတ်စဲခဲ့ကြပြီး သူတို့ရဲ့လမ်းခွဲပြတ်စဲမှုကြောင့် ရွှေထူးရဲ့ ပရိသတ်တွေက အပြင်းထန် ဝေဖန်ရှုံ့ချကြတဲ့ထိ ဂယက်ရိုက်ခဲ့တာပါ ။ ပန်ကိတ်ဘက်က ရပ်တည်ပေးကြတဲ့ ပရိသတ်တွေအ များကြီး ရှိခဲ့ပြီး ရွှေထူးကတော့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကြားမှာ အလူးလဲခံခဲ့ရတာပါ ။

အောင်နွေဦး နဲ့ နေခြည်ဦး

မြန်မာနိုင်ငံရဲ့ ထိပ်တန်း ဗျူးတီးဘလော့ကာ တစ်ယောက်ဖြစ်တဲ့ နေ့ခြည်ဦးကတော့ မန္တလေးသားလေးအောင်နွေဦး နဲ့ ချစ်သူဖြစ်ပြီးနောက်ပိုင်း တစ်ယောက်ကို တစ်ယောက် Surprise တွေလုပ်ရင်း ခရီးတွေ အတူထွက်ရင်း ကြည်နူးဖွယ် Relationship လေးတစ်ခုကို ပိုင်ဆိုင်ခဲ့ကြတဲ့စုံတွဲဖြစ်သလို ပရိသတ်တွေက အရမ်းကို အားကျနေကြတဲ့ အနုပညာရှင်အတွဲလေးပါ ။ ဒါပေမယ့် အကြောင်းမတိုက်ဆိုင်လို့ လမ်းခွဲခဲ့ကြတဲ့ အချိန်မှာတော့ နေခြည်တစ်ယောက် အမှားတွေ ကို အကြိမ်ကြိမ်နားလည်ခွင့်လွှတ်ပေးခဲ့ပေမယ့် ဒီတစ်ခါတော့ လုံး၀ မဖြစ်နိုင်တော့ဘူးလို့ အင်တာဗျူးတွေမှာ အတိလင်း ဖြေခဲ့သလို အောင်နွေဦးတစ်ယောက်ကလည်း သူရဲ့လူမှုကွန်ရက် စာမျက်နှာကနေ လွမ်းဆွေးတမ်းတနေတဲ့ စာသားလေးတွေနဲ့အတူ နေခြည်ကို လွမ်းနေတုန်းပါပဲ ပရိသတ်ကြီးရေ ..။

G-fatt နဲ့ နန်းဆုရတီစိုး

ကိုရီးယားမလေး လို လှပလွန်းတဲ့ ရှမ်းတရုတ်ကပြားမလေး နန်းဆု နဲ့ တေးသံရှင် G-fatt တို့ရဲ့ မမ နဲ့ မောင်လေး အချစ်ဇာတ်လမ်းလေးကို ပရိတ်တွေက ရူးအောင်ချစ်ရသူ MTV ကနေတဆင့် ရိပ်မိခဲ့ကြပြီး နောက်ပိုင်းမှာ သူတို့ရဲ့အချစ်ရေးကို လူသိရှင်ကြား ချပြခဲ့ပြီး ပရိသတ်အားကျရတဲ့ စုံတွဲလေးဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ သူတို့ရဲ့အချစ်ရေးဟာ အက်ကြောင်းရာတွေထင်လာခဲ့ပြီလို့ အင်တာဗျူးတွေက တဆင့် နန်းဆုက ပရိသတ်တွေကို ပြောပြခဲ့ပါတယ် ။ တရားဝင် လမ်းခွဲလိုက်ပြီလို့ ပရိသတ်ကို အတိလင်း မပြောသေးပေမယ့်လည်း သူတို့ရဲ့ ဆက်ဆံရေး တခန်းရပ်သွားပြီဆိုတာကို ပရိသတ်တွေက ရိပ်မိနေခဲ့ကြပြီး အရင်လို ပြန်အဆင်ပြေစေချင်တယ်လို့ တောင်းဆိုနေခဲ့ကြပါတယ် ။

Source : Cele Connections
Molly

error: Alert: Content is protected !!