Source : Sean & Nichole
Molly
ယူနီကုဒ်ဖြင့်ဖတ်ရန်
နာရီပိုင်းအတွင်းကြည့်ရှုသူသောင်းကျော်ခဲ့တဲ့ ဝေလသီချင်းကိုသရုပ်ဆောင်ထားတဲ့ မောင်နှမ နှစ်ယောက်ရဲ့ ဗီဒီယို
အဆိုတော်ဝေလက တော့ လူငယ်ပရိသတ်တွေရော လူကြီး ပရိသတ်တွေရော သဘောကျတဲ့ နိုင်ငံကျော် အဆိုတော် တစ်ယောက်ဖြစ်သလို သူ့ရဲ့သီချင်းတွေက တခြားအချစ်သီချင်းတွေနဲ့မတူဘဲ ထူးခြား တဲ့သီချင်းလေးတွေ ဖြစ် တဲ့အတွက် ပရိသတ်က ပိုအကြိုက်တွေ့နေကြတာပါ ။ ဝေလ ရဲ့ ” ခင်လေးစိမ်းတယ် ” ဆိုတဲ့သီချင်းကလည်း ပရိသတ်တွကြားမှာ တော်တော်လေး ရေပန်းစားအောင်မြင်ခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်ပြီး ဓာတ်ရှင်တွေ ခေတ်စားတဲ့ ကာလက စုံတွဲတစ်တွဲရဲ့ အချစ်ဝေဒနာကို ရေးသားသီဆိုထားတဲ့ သီချင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ် ။ ဝေလကိုယ်တိုင်ရေးသား သီဆိုထားတာဖြစ်ပြီ MTV လေးကလည်း ပရိသတ်အကြိုက်တွေ့အောင် ဟာသ ဆန်ဆန်ရိုက်ကူးထားတာပါ ။
လတ်တလော လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ ရေပန်းစားနေတဲ့ ဗီဒီယိုလေးတစ်ခုကတော့ တေးသံရှင်ဝေလ ကိုယ်တိုင် ရေးသားသီဆိုထားတဲ့ ” ခင်လေးစိမ်းတယ် ” ဆိုတဲ့သီချင်းကို ချစ်စရာကောင်းအောင် သရုပ်ဆောင်ထားကြတဲ့ မောင်နှမ နှစ်ယောက်ရဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ် ။ Sean & Nichole ဆိုတဲ့ Page လေးထောင်ထားပြီး သူတို့မောင်နှမ နှစ်ယောက်ရဲ့ ကာဗာ သီချင်းလေးတွေနဲ့ Tik tok လေးတွေကိုမျှဝေပေးနေတာပါ ။ ညီမဖြစ်သူကို Nichole Shin Thant ကတော့ ကာဗာသီချင်းလေးတွေ အမြဲလိုလို သီဆိုတတ်ပြီး အစ်ကိုဖြစ်သူ Sean ကတော့ သူရဲ့ ဟင်းချက်လက်ရာလေးတွေကို မျှဝေပေးလေ့ရှိပါတယ် ။ အခုလည်း မောင်နှမ နှစ်ယောက်ပေါင်းပြီး ဝေလရဲ့ ခင်လေးစိမ်းတယ်သီချင်းကို အခွီပုံစံ သရုပ်ဆောင်ပြီးသူတို့ရဲ့ ပေ့ချ်ကနေ ပရိသတ်တွေကိုမျှဝေပေးထားတာဖြစ်ပြီး ချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေက အကြိုက်တွေ့နေကြတာပါ ။
သူတို့ရဲ့ ဗီဒီယိုလေးအောက်မှာ ချစ်စရာကောင်းလွန်းတယ်လို့ မန့်ထားတဲ့ မှတ်ချက်တွေ အများကြီးတွေ့ရသလို အခုဆိုရင် ဒီဗီဒီယိုလေးကို ကြည့်ရှုသူ သောင်းကျော်နေခဲ့ပြီဖြစ်ပါတယ် ။ Sean နဲ့ Nichole တို့ရဲ့ နောက်ထပ် ဗီဒီယိုလေးတွေကိုလည်း ပရိသတ်တွေကစောင့်မျှော်နေကြပါတယ် ။ ကဲ Cele Connections ပရိသတ်ကြီးအတွက်လည်း ဒီဗီဒီယိုလေးကို တဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Sean & Nichole
Molly
error: Alert: Content is protected !!