တိတ္တခိုးအလြမ္းေ၀ဒနာေတြ ခံစားေနရတဲ့ သႏၱာလႈိင္

သႏၱာလႈိင္ဟာ ျမန္မာႏုိင္ငံရဲ႕ေမာ္ဒယ္ေလာကမွာ ေအာင္ျမင္မႈေတြဒိတ္ဒိတ္ႀကဲရရွိေနတဲ့ ေမာ္ဒယ္မိခင္တစ္ေယာက္ျဖစ္ပါတယ္။ အခ်ဳိးက်ေျပျပစ္တဲ့ခႏၶာကုိယ္နဲ႔အတူ စူးရွထက္ျမတ္တဲ့မ်က္၀န္းတစ္စုံနဲ႔လည္း ပရိသတ္ေတြကုိ ဖမ္းစားထားႏုိင္သူပါ။ သူမဟာ The Model Academy အစီအစဥ္ရဲ႕ အကဲျဖတ္ဒိုင္တစ္ေယာက္လည္း ျဖစ္ပါတယ္။ အဲဒီအစီအစဥ္နဲ႔ပတ္သက္ၿပီး သႏၱာလႈိင္ရဲ႕ပညာရွိပီသတဲ့ အျပဳအမူအေျပာအဆုိေတြေၾကာင့္လည္း ပရိသတ္ေတြရဲ႕ ခ်ီးက်ဴးအားေပးမႈကုိ ထပ္မံရရွိခဲ့ပါတယ္။

 

သႏၱာလႈိင္ရဲ႕ ဒုတိယအႀကိမ္ေျမာက္အိမ္ေထာင္ထူေထာင္မႈကုိလည္း တခ်ဳိ႕ေသာပရိသတ္ေတြက အျပင္းအထန္ေ၀ဖန္ခဲ့ၾကပါေသးတယ္။ အေတြးအေခၚေကာင္းမ်ားကုိ ပုိင္ဆိုင္ထားၿပီး ခံစားခ်က္ကုိ ပညာရွိဆန္ဆန္ထိန္းခ်ဳပ္ႏုိင္တာကေတာ့ သူမရဲ႕အရည္အခ်င္းတစ္ခုပါ။ အခုအခါမွာေတာ့ သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန ခံစားခ်က္တခ်ဳိ႕ကုိ မ်ွေ၀လိုက္တာမုိ႔ ပရိသတ္ေတြကုိ တအံ့တၾသျဖစ္ေစခဲ့ပါတယ္။ “ဒီေနရာေလးမွာထိုင္မိေတာ့ ဘာကိုလြမ္းမွန္းမသိ လြမ္းေနတဲ့ခံစားခ်က္ေလး .. ရင္ထဲကဖယ္ထုတ္လို႔ မရဘူး….. ဒါေပမယ့္ ကြၽန္မက တစ္ေယာက္ထဲ အထီးက်န္မေနပါဘူး”…. လုိ႔ ေရးသားခဲ့တာပါ။

 

ေမာ္ဒယ္မိခင္ႀကီးသႏၱာလႈိင္တစ္ေယာက္ ဘာကုိလြမ္းေနလည္းဆုိတာကို ပရိသတ္ေတြက အထူးစိတ္၀င္စားေနၾကပါတယ္။ Cele Connections ပရိသတ္ႀကီးအတြက္လည္း သႏၱာလႈိင္ရဲ႕ အလြမ္းပုံရိပ္ေလးေတြကို ေဖာ္ျပေပးလိုက္တယ္ေနာ္။

Source – Thandar Hlaing
Lavender
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

တိတ်တခိုးအလွမ်းဝေဒနာတွေ ခံစားနေရတဲ့ သန္တာလှိုင်

သန္တာလှိုင်ဟာ မြန်မာနိုင်ငံရဲ့မော်ဒယ်လောကမှာ အောင်မြင်မှုတွေဒိတ်ဒိတ်ကြဲရရှိနေတဲ့ မော်ဒယ်မိခင်တစ်ယောက်ဖြစ်ပါတယ်။ အချိုးကျပြေပြစ်တဲ့ခန္ဓာကိုယ်နဲ့အတူ စူးရှထက်မြတ်တဲ့မျက်ဝန်းတစ်စုံနဲ့လည်း ပရိသတ်တွေကို ဖမ်းစားထားနိုင်သူပါ။ သူမဟာ The Model Academy အစီအစဉ်ရဲ့ အကဲဖြတ်ဒိုင်တစ်ယောက်လည်း ဖြစ်ပါတယ်။ အဲဒီအစီအစဉ်နဲ့ပတ်သက်ပြီး သန္တာလှိုင်ရဲ့ပညာရှိပီသတဲ့ အပြုအမူအပြောအဆိုတွေကြောင့်လည်း ပရိသတ်တွေရဲ့ ချီးကျူးအားပေးမှုကို ထပ်မံရရှိခဲ့ပါတယ်။

သန္တာလှိုင်ရဲ့ ဒုတိယအကြိမ်မြောက်အိမ်ထောင်ထူထောင်မှုကိုလည်း တချို့သောပရိသတ်တွေက အပြင်းအထန်ဝေဖန်ခဲ့ကြပါသေးတယ်။ အတွေးအခေါ်ကောင်းများကို ပိုင်ဆိုင်ထားပြီး ခံစားချက်ကို ပညာရှိဆန်ဆန်ထိန်းချုပ်နိုင်တာကတော့ သူမရဲ့အရည်အချင်းတစ်ခုပါ။ အခုအခါမှာတော့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ခံစားချက်တချို့ကို မျှဝေလိုက်တာမို့ ပရိသတ်တွေကို တအံ့တသြဖြစ်စေခဲ့ပါတယ်။ “ဒီနေရာလေးမှာထိုင်မိတော့ ဘာကိုလွမ်းမှန်းမသိ လွမ်းနေတဲ့ခံစားချက်လေး .. ရင်ထဲကဖယ်ထုတ်လို့ မရဘူး….. ဒါပေမယ့် ကျွန်မက တစ်ယောက်ထဲ အထီးကျန်မနေပါဘူး”…. လို့ ရေးသားခဲ့တာပါ။

မော်ဒယ်မိခင်ကြီးသန္တာလှိုင်တစ်ယောက် ဘာကိုလွမ်းနေလည်းဆိုတာကို ပရိသတ်တွေက အထူးစိတ်ဝင်စားနေကြပါတယ်။ Cele Connections ပရိသတ်ကြီးအတွက်လည်း သန္တာလှိုင်ရဲ့ အလွမ်းပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်တယ်နော်။

Source – Thandar Hlaing
Lavender

error: Alert: Content is protected !!