ဆံႏြယ္ရွည္ေတြနဲ႔ မိန္းကေလးပရိသတ္ေတြကိုဖမ္းစားထားတဲ့ အႏုပညာရွင္ (၅) ေယာက္

ျမန္မာနိုင္ငံရဲ႕ဒိတ္ဒိတ္ၾကဲေအာင္ျမင္ေနတဲ့ အႏုပညာရွင္အမ်ိဳးသားေတြထဲမွာ နႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းစြဲ အနုပညာရွင္ ေတြလည္းရွိေနပါတယ္ ။ သူတို႕ရဲ႕ အမိုက္စားေဘာ္ဒီနဲ႔ ေခ်ာေမာခန္႕ညားတဲ့ ရုပ္ရည္ေၾကာင့္ မိန္းကေလး ပရိသတ္ေတြရဲ႕ အသည္းေက်ာ္ေလးေတြျဖစ္ေနၾကတဲ့ အျပင္ ဆံႏြယ္ရွည္ေလးေတြနဲ႔ ဆယ္ေက်ာ္သက္မိန္းကေလးေတြရဲ႕ နွလံုးသားကို ညိႈ႕ယူထားတဲ့ အနုပညာရွင္ဆယ္လီ (၅) ေယာက္ကို ပရိသတ္ၾကီးနဲ႕မိတ္ဆက္ေပးလိုက္ပါရေစေနာ္ ။

ပိုင္တံခြန္

 

ပိုင္တံခြန္ လို႕ဆိုလိုက္တာနဲ႔ ျမန္မာနုိင္ငံက ဆယ္ေက်ာ္သက္မိန္းကေလးေတြရဲ႕ အသည္းေက်ာ္ ေမာ္ဒယ္လ္မင္းသားေခ်ာေလးဆိုတာ ပရိသတ္ေတြသိျပီးျဖစ္မွာပါေနာ္ ။ ပိုင္တံခြန္ကေတာ့ ျမန္မာနုိ္င္ငံက နႈတ္ခမ္းနီမေလးေတြ တင္မကဘဲ ထိုင္းနုိင္ငံက ဆယ္ေက်ာ္သက္ မိန္းကေလး ပရိသတ္ေတြကပါ သည္းသည္းလႈတ္အားေပးခံရတဲ့ မင္းသားေခ်ာေလးတစ္ေယာက္ပါ ။ မၾကာေသးမီကမွ ထုိင္းနိုင္ငံကနာမည္ၾကီးမင္းသမီးေလး Baifern နဲ႔အတူ ေၾကာ္ျငာရိုက္ကူးခဲ့ပါေသးတယ္ ။ သူ႕ရဲ႕ဆြဲေဆာင္မႈအရွိဆံုးအခ်က္ကေတာ့ အမိုက္စားေဘာ္ဒီ ေတြနဲ႔ အလန္းစားတက္တူးေတြအျပင္ ရွည္လ်ားတဲ့ ဆံႏြယ္ေလးေတြပါပဲ ပရိသတ္ၾကီးေရ ..။

အုပ္စိုးခန္႕

 

အုပ္စိုးခန္႕ကေတာ့ ဆယ္ကေ်ာ္သက္ အနုပညာရွင္ တစ္ေယာက္ျဖစ္ျပီး လူငယ္ပရိသတ္ေတြရဲ႕အားေပးမႈအျပည္႕၀ရရွိထားတဲ့ ေတးသံရွင္တစ္ေယာက္ပါ ။ အနုပညာေလာကထဲစတင္၀င္ေရာက္ကာစက ကေလးသာသာပဲရွိေသးေပမယ့္ အခုေတာ့လူပ်ိုေပါက္အရြယ္ကိုုေရာက္ရွိလာျပီျဖစ္ျပီး နႈတ္ခန္းနီမေလးေတြရဲ႕အသည္းစြဲ ပ်ိဳတိုင္းၾကိဳက္တဲ့ ႏွငး္ဆီခိုင္ေလးျဖစ္လုိ႕ေနပါျပီ ။ အုပ္အုပ္ရဲ႕ ဆံပင္ရွည္ေလးေတြကေတာ့ ပ်ိဳတုိင္းၾကိဳက္တဲ့ႏွင္းဆီခုိင္ေလး ျဖစ္လာရတဲ့ အဓိက အေၾကာင္းရင္းပါပဲေနာ္ ။

အိစိေကြး

အိစိေလးကေတာ့ ပရိသတ္ေတြရင္ထဲကို ကေလးသရုပ္ေဆာင္ေလးအျဖစ္ ၀င္ေရာက္လာျပီး အခ်စ္ပိုခဲ့ရတဲ့ သူတစ္ေယာက္ျဖစ္ပါတယ္ ။ အိစိက အခုခ်ိန္မွာေတာ့ တကၠသိုလ္ေက်ာင္းသားၾကီး ျဖစ္သလိုအ နုပညာအလုပ္ေတြကိုလည္း ဆက္လက္လုပ္ကိုင္ေနျပီျဖစ္ပါတယ္။ ပရိဟိတ အလုပ္ေတြမွာ တက္အားသမွ် ပါ၀င္တတ္သလို ပရိသတ္ေတြ ကေလးလိုပဲ ထင္ေနေသးတဲ့ အိစိေလးကအခုဆို ဆံပင္ရွည္ေလးနဲ႔ ပ်ိဳပ်ိဳေမတို႕ရဲ႕အသည္းေက်ာ္ေလး ျဖစ္လုိ႕ေနပါျပီ ပရိသတ္ၾကီးေရ ..။

ေန၀င္း

ေန၀င္းကေတာ့ ဟစ္ေဟာ့ေလာက မွာ လူငယ္ပရိသတ္ေတြအားေပးမႈ အမ်ားဆံုး ရက္ပါ တစ္ေယာက္ျဖစ္ျပီး Snare အဖြဲ႕ရဲ႕အဖြဲ႕၀င္တစ္ေယာက္လည္းျဖစ္ပါတယ္ ။ ေန၀င္းကေတာ့ စျပီးအႏုပညာစလုပ္ထဲက သူ႕ရဲ႕ဆံပင္ရွည္ၾကီးေတြေၾကာင့္ ပရိသတ္ေတြက အထူးသတိထားမိခဲ့ၾကတာျဖစ္ျပီး Show ေတြမွာလည္း ဆံပင္ရွည္ၾကီးကိုပံုစံအမ်ိဳးမ်ိဳးလုပ္ျပီး ပရိသတ္ေတြကို ေဖ်ာ္ေျဖခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ပါ ။ ခ်စ္သူနဲ႔ ခ်စ္သူသက္တမ္း ၉နွစ္ေက်ာ္ခဲ့ျပီဆိုေပမယ့္လည္း မိန္းကေလး ပရိသတ္ေတြကေတာ့ ခုခ်ိန္ထိ သည္းသည္းလႈတ္၀န္းရံေနတုန္းပါပဲ ပရိသတ္ၾကီးေရ ..။

Lit’Z

Lit’Z ကေတာ့ အၾကမ္းစား ရက္ေတြနဲ႔ လူငယ္ပရိသတ္ေတြရဲ႕ အားေပးမႈကို ရရွိထားတဲ့ ေတးသံရွင္တစ္ေယာက္ျဖစ္ျပီး ဆံပင္ရွည္ၾကီးကေတာ့ သူ႕ရဲ႕ထူးျခားမႈတစ္ခုပါ ။ မိန္းကေလး ပရိသတ္ေတြရဲ႕အသည္းစြဲ အဆိုရွင္တစ္ေယာက္ျဖစ္ျပီး ေဆာ္ၾကည္တဲ့ ရက္ပါတစ္ေယာက္ ပဲျဖစ္ပါတယ္ ။

CeleConnections ပရိသတ္ၾကီးအတြက္ ဆံႏြယ္ရွည္ေလးေတြနဲ႔ ပ်ိဳေမေတြရဲ႕ အသည္းကိုညိႈ႕ယူဖမ္းစားထားတဲ့ အနုပညာရွင္ေတြကို ေဖာ္ျပေပးျပီးျပီဆိုေတာ့ ဘယ္သူ႕ကိုအခ်စ္ဆံုးလဲ မွတ္ခ်က္ေပးခဲ့ပါဦးေနာ္ ။

Source : Cele Connections
Molly

ယူနီကုဒ္ျဖင့္ဖတ္ရန္

 

ဆံနွယ်ရှည်တွေနဲ့ မိန်းကလေးပရိသတ်တွေကိုဖမ်းစားထားတဲ့ အနုပညာရှင် (၅) ယောက်

မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့ အနုပညာရှင်အမျိုးသားတွေထဲမှာ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အနုပညာရှင် တွေလည်းရှိနေပါတယ် ။ သူတို့ရဲ့ အမိုက်စားဘော်ဒီနဲ့ ချောမောခန့်ညားတဲ့ ရုပ်ရည်ကြောင့် မိန်းကလေး ပရိသတ်တွေရဲ့ အသည်းကျော်လေးတွေဖြစ်နေကြတဲ့ အပြင် ဆံနွယ်ရှည်လေးတွေနဲ့ ဆယ်ကျော်သက်မိန်းကလေးတွေရဲ့ နှလုံးသားကို ညှို့ယူထားတဲ့ အနုပညာရှင်ဆယ်လီ (၅) ယောက်ကို ပရိသတ်ကြီးနဲ့မိတ်ဆက်ပေးလိုက်ပါရစေနော် ။

ပိုင်တံခွန်

ပိုင်တံခွန် လို့ဆိုလိုက်တာနဲ့ မြန်မာနိုင်ငံက ဆယ်ကျော်သက်မိန်းကလေးတွေရဲ့ အသည်းကျော် မော်ဒယ်လ်မင်းသားချောလေးဆိုတာ ပရိသတ်တွေသိပြီးဖြစ်မှာပါနော် ။ ပိုင်တံခွန်ကတော့ မြန်မာနိုင်ငံက နှုတ်ခမ်းနီမလေးတွေ တင်မကဘဲ ထိုင်းနိုင်ငံက ဆယ်ကျော်သက် မိန်းကလေး ပရိသတ်တွေကပါ သည်းသည်းလှုတ်အားပေးခံရတဲ့ မင်းသားချောလေးတစ်ယောက်ပါ ။ မကြာသေးမီကမှ ထိုင်းနိုင်ငံကနာမည်ကြီးမင်းသမီးလေး Baifern နဲ့အတူ ကြော်ငြာရိုက်ကူးခဲ့ပါသေးတယ် ။ သူ့ရဲ့ဆွဲဆောင်မှုအရှိဆုံးအချက်ကတော့ အမိုက်စားဘော်ဒီ တွေနဲ့ အလန်းစားတက်တူးတွေအပြင် ရှည်လျားတဲ့ ဆံနွယ်လေးတွေပါပဲ ပရိသတ်ကြီးရေ ..။

အုပ်စိုးခန့်

အုပ်စိုးခန့်ကတော့ ဆယ်ကျော်သက် အနုပညာရှင် တစ်ယောက်ဖြစ်ပြီး လူငယ်ပရိသတ်တွေရဲ့အားပေးမှုအပြည့်ဝရရှိထားတဲ့ တေးသံရှင်တစ်ယောက်ပါ ။ အနုပညာလောကထဲစတင်ဝင်ရောက်ကာစက ကလေးသာသာပဲရှိသေးပေမယ့် အခုတော့လူပျိုပေါက်အရွယ်ကိုရောက်ရှိလာပြီဖြစ်ပြီး နှုတ်ခန်းနီမလေးတွေရဲ့အသည်းစွဲ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေးဖြစ်လို့နေပါပြီ ။ အုပ်အုပ်ရဲ့ ဆံပင်ရှည်လေးတွေကတော့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လေး ဖြစ်လာရတဲ့ အဓိက အကြောင်းရင်းပါပဲနော် ။

အိစိကွေး

အိစိလေးကတော့ ပရိသတ်တွေရင်ထဲကို ကလေးသရုပ်ဆောင်လေးအဖြစ် ဝင်ရောက်လာပြီး အချစ်ပိုခဲ့ရတဲ့ သူတစ်ယောက်ဖြစ်ပါတယ် ။ အိစိက အခုချိန်မှာတော့ တက္ကသိုလ်ကျောင်းသားကြီး ဖြစ်သလိုအ နုပညာအလုပ်တွေကိုလည်း ဆက်လက်လုပ်ကိုင်နေပြီဖြစ်ပါတယ်။ ပရိဟိတ အလုပ်တွေမှာ တက်အားသမျှ ပါဝင်တတ်သလို ပရိသတ်တွေ ကလေးလိုပဲ ထင်နေသေးတဲ့ အိစိလေးကအခုဆို ဆံပင်ရှည်လေးနဲ့ ပျိုပျိုမေတို့ရဲ့အသည်းကျော်လေး ဖြစ်လို့နေပါပြီ ပရိသတ်ကြီးရေ ..။

နေဝင်း

နေဝင်းကတော့ ဟစ်ဟော့လောက မှာ လူငယ်ပရိသတ်တွေအားပေးမှု အများဆုံး ရက်ပါ တစ်ယောက်ဖြစ်ပြီး Snare အဖွဲ့ရဲ့အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်ပါတယ် ။ နေဝင်းကတော့ စပြီးအနုပညာစလုပ်ထဲက သူ့ရဲ့ဆံပင်ရှည်ကြီးတွေကြောင့် ပရိသတ်တွေက အထူးသတိထားမိခဲ့ကြတာဖြစ်ပြီး Show တွေမှာလည်း ဆံပင်ရှည်ကြီးကိုပုံစံအမျိုးမျိုးလုပ်ပြီး ပရိသတ်တွေကို ဖျော်ဖြေခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါ ။ ချစ်သူနဲ့ ချစ်သူသက်တမ်း ၉နှစ်ကျော်ခဲ့ပြီဆိုပေမယ့်လည်း မိန်းကလေး ပရိသတ်တွေကတော့ ခုချိန်ထိ သည်းသည်းလှုတ်ဝန်းရံနေတုန်းပါပဲ ပရိသတ်ကြီးရေ ..။

Lit’Z

Lit’Z ကတော့ အကြမ်းစား ရက်တွေနဲ့ လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ တေးသံရှင်တစ်ယောက်ဖြစ်ပြီး ဆံပင်ရှည်ကြီးကတော့ သူ့ရဲ့ထူးခြားမှုတစ်ခုပါ ။ မိန်းကလေး ပရိသတ်တွေရဲ့အသည်းစွဲ အဆိုရှင်တစ်ယောက်ဖြစ်ပြီး ဆော်ကြည်တဲ့ ရက်ပါတစ်ယောက် ပဲဖြစ်ပါတယ် ။

CeleConnections ပရိသတ်ကြီးအတွက် ဆံနွယ်ရှည်လေးတွေနဲ့ ပျိုမေတွေရဲ့ အသည်းကိုညှို့ယူဖမ်းစားထားတဲ့ အနုပညာရှင်တွေကို ဖော်ပြပေးပြီးပြီဆိုတော့ ဘယ်သူ့ကိုအချစ်ဆုံးလဲ မှတ်ချက်ပေးခဲ့ပါဦးနော် ။

Source : Cele Connections
Molly

 

error: Alert: Content is protected !!