Now And Ever ရုပ္ရွင္ၾကည္႔ခ်င္ေနတဲ့ ခ်စ္သူေလးကို စေနာက္လုိက္တဲ့ ေမာင္

ေမာင္ဆိုတဲ့ နာမည္နဲ႔ပရိသတ္ေတြအားလံုးသိခဲ့ၾကတဲ့ နႏၵာလိႈင္ရဲ႕ တစ္ဦးတည္းေသာေမာင္ေလး စိန္လိႈင္ျဖိဳး ကိုေတာ့ ပရိသတ္ေတြအားလံုးသိမယ္ထင္ပါတယ္ ။ အနုပညာအလုပ္ေတြ ရပ္နားျပီး ဆရာ၀န္တစ္ေယာက္ အျဖစ္ရပ္တည္ေနတဲ့ ေမာင္ကေတာ့ ခ်စ္ရတဲ့ မင္းသမီးေခ်ာေလး ရီရီပြင့္ျဖဴနဲ႕ခ်စ္သူေတြ ျဖစ္ျပီး ပရိသတ္ေတြ အားက်ရတဲ့ စံုတြဲေလးပါပဲ ။ နွစ္ေယာက္ အတူ ခရီးေတြ အတူတူထြက္ျပီး ေပ်ာ္ရႊင္ေနၾကတဲ့ ပံု၇ိပ္ေလးေတြကိုလည္း သူတို႕ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာထက္ကေန မၾကာခဏ ပရိသတ္ေတြကို မွ်ေ၀ေပးေလ့ရွိပါတယ္ ။

 

 

လတ္တေလာပရိသတ္ေတြၾကားမွာ ေရပန္းစားေနတဲ့ ရုပ္ရွင္ေလးကေတာ့ ဇဏ္ခီနဲ႕ ပိုင္ျဖိဳးသုတို႕ သရုပ္ေဆာင္ထားတဲ့ Now and Ever ဆိုတဲ့ ရုပ္ရွင္ကားေလးျဖစ္ျပီး အရမ္းကို ရိုးမန္႕ဆန္လြန္းလို႕ခ်စ္သူေတြ အတူတူ သြားၾကည္႕သင့္တယ္လို႕ နာမည္ၾကီးေနတာပါ ။ ဒီကားေလးကို သြားၾကည္႕ခ်င္တယ္လို႕ ရီရီပြင့္ျဖဴက ခ်စ္သူ ျဖစ္တဲ့ ေမာင့္ကို ေတာင္းဆိုေပမယ့္ ေမာင္က ” Iflix ကထြက္ရင္ ဖရီးအေကာင့္နဲ႔ စြယ္ေတာ္အိမ္မွာျပမယ္ ” လို႕ စေနာက္ထားတဲ့ ၾကည္နူးဖြယ္ စကားေလးေတြကို သူ႕ရဲ႕ my day မွာ ျပန္လည္မွ်ေ၀ေပးထားတာျဖစ္ပါတယ္ ။

 

 

ပရိသတ္ေတြကေတာ့ သူတို႕ရဲ႕ မဂၤလာပြဲေလးကို ေစာင့္ေမွ်ာ္ေနၾကျပီျဖစ္ေပမယ့္ အခုခ်ိန္ထိေတာ့ မလႈပ္ရွားေသးပါဘူးေနာ္ ။ Cele Connections ခ်စ္ပရိသတ္ၾကီးအတြက္ ရီရီပြင့္ျဖဴနဲ႕ ေမာင္တို႕ရဲ႕ ခ်စ္စဖြယ္ Conversation ေလးကို အခုပဲ ျပန္လည္မွ်ေ၀ေပးလိုက္ပါတယ္ေနာ္ ။ ဘယ္လိုလည္း ေမာင္ တို႕လို ရိုခ်င္ေနၾကျပီမလား ပရိသတ္ၾကီးေရ ..။

Source : Sein Hlaing Phyo
Molly

ယူနီကုဒ္ျဖင့္ဖတ္ရန္

 

Now And Ever ရုပ်ရှင်ကြည့်ချင်နေတဲ့ ချစ်သူလေးကို စနောက်လိုက်တဲ့ မောင်

 

မောင်ဆိုတဲ့ နာမည်နဲ့ပရိသတ်တွေအားလုံးသိခဲ့ကြတဲ့ နန္ဒာလှိုင်ရဲ့ တစ်ဦးတည်းသောမောင်လေး စိန်လှိုင်ဖြိုး ကိုတော့ ပရိသတ်တွေအားလုံးသိမယ်ထင်ပါတယ် ။ အနုပညာအလုပ်တွေ ရပ်နားပြီး ဆရာဝန်တစ်ယောက် အဖြစ်ရပ်တည်နေတဲ့ မောင်ကတော့ ချစ်ရတဲ့ မင်းသမီးချောလေး ရီရီပွင့်ဖြူနဲ့ချစ်သူတွေ ဖြစ်ပြီး ပရိသတ်တွေ အားကျရတဲ့ စုံတွဲလေးပါပဲ ။ နှစ်ယောက် အတူ ခရီးတွေ အတူတူထွက်ပြီး ပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးတွေကိုလည်း သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ မကြာခဏ ပရိသတ်တွေကို မျှဝေပေးလေ့ရှိပါတယ် ။

လတ်တလောပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ ရုပ်ရှင်လေးကတော့ ဇဏ်ခီနဲ့ ပိုင်ဖြိုးသုတို့ သရုပ်ဆောင်ထားတဲ့ Now and Ever ဆိုတဲ့ ရုပ်ရှင်ကားလေးဖြစ်ပြီး အရမ်းကို ရိုးမန့်ဆန်လွန်းလို့ချစ်သူတွေ အတူတူ သွားကြည့်သင့်တယ်လို့ နာမည်ကြီးနေတာပါ ။ ဒီကားလေးကို သွားကြည့်ချင်တယ်လို့ ရီရီပွင့်ဖြူက ချစ်သူ ဖြစ်တဲ့ မောင့်ကို တောင်းဆိုပေမယ့် မောင်က ” Iflix ကထွက်ရင် ဖရီးအကောင့်နဲ့ စွယ်တော်အိမ်မှာပြမယ် ” လို့ စနောက်ထားတဲ့ ကြည်နူးဖွယ် စကားလေးတွေကို သူ့ရဲ့ my day မှာ ပြန်လည်မျှဝေပေးထားတာဖြစ်ပါတယ် ။

ပရိသတ်တွေကတော့ သူတို့ရဲ့ မင်္ဂလာပွဲလေးကို စောင့်မျှော်နေကြပြီဖြစ်ပေမယ့် အခုချိန်ထိတော့ မလှုပ်ရှားသေးပါဘူးနော် ။ Cele Connections ချစ်ပရိသတ်ကြီးအတွက် ရီရီပွင့်ဖြူနဲ့ မောင်တို့ရဲ့ ချစ်စဖွယ် Conversation လေးကို အခုပဲ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ ဘယ်လိုလည်း မောင် တို့လို ရိုချင်နေကြပြီမလား ပရိသတ်ကြီးရေ ..။

Source : Sein Hlaing Phyo
Molly

error: Alert: Content is protected !!