ျဖဴစင္သန႔္ရွင္းတဲ့အႏုပညာေၾကးေလးနဲ႔ မိခင္ျဖစ္သူကို ကန္ေတာ့ခဲ့တဲ့ ခင္ပိုးပန္းခ်ီ

ခင္ပိုးပန္းခ်ီေလး ကို ပရိသတ္ေတြ အမ်ားဆုံးသိလာတာကေတာ့ သူမသီဆိုထားတဲ့ ဓမၼေတးေတြကို အြန္လိုင္းေပၚမွာ တင္ခဲ့ရာကေန သူမရဲ႕ ေအးခ်မ္းလွတဲ့ အသံေလးေၾကာင့္ ပရိသတ္ေတြလက္ခံအားေပးခဲ့တာျဖစ္ပါတယ္ ။ သူမဟာ ၆ တန္းအရြယ္မွာ ျမန္မာသံစဥ္ ေခြတစ္ေခြ ထြက္ရွိခဲ့ပါေသးတယ္ ။ ခင္ပိုးပန္းခ်ီေလး ဟာ (၁) တန္းထဲက ဆို၊က၊ေရး၊တီး ၿပိဳင္ပြဲြကို ယွဥ္ၿပိဳင္ခဲ့ၿပီး ဆုတံဆိပ္ေပါင္း (၂၃)ခုရရွိခဲ့တဲ့ ထူးခြ်န္သူေလးပါ ။ ေ႐ႊတံဆိပ္ (၈ဆု) ၊ ေငြတံဆိပ္ (၁၄)ဆု နဲ႔ ေၾကးတံဆိပ္ (၁)ဆု တို႔ရရွိခဲ့ျပီး နာမည္ေက်ာ္တီဗီြီ အစီစဥ္ေတြမွာလည္း ျပိဳင္ပြဲေတြ ၀င္ခဲ့ဖူးပါတယ္ ။

 

 

အခုလတ္တေလာမွာေတာ့ သူမရဲ႕တစ္ကိုယ္ေတာ္ အေခြအတြက္ၾကိဳးစားေနျပီး ပိုက္ဆံေတြဘယ္ေလာက္ဘဲရရ သူအတြက္ကို ဘယ္ေတာ့မွ မစဥ္းစားတဲ့ သူမရဲ႕မိခင္ကို ျဖဴစင္သန႔္ရွင္းတဲ့ အႏုပညာလုပ္အားခေလးနဲ႔ နားကပ္ေလးတစ္ရံ နဲ႔ ကန္ေတာ့ခဲ့ပါတယ္ ။ ” ေမႀကီး စိတ္ေပ်ာ္႐ႊင္ ေအးခ်မ္းပါေစ သမီးတို႔ညီအမနဲ႔ ေသတစ္ပန္သက္တစ္ဆုံး ေနသြားႏိုင္ပါေစလို႔သမီးဆုေတာင္းေပးပါတယ္ ေမႀကီး အမိုးႀကီး ေပ်ာ္ေနသည္ ” ဆိုတဲ့စာသားနဲ႔အတူ ကုသို္လ္လည္းရ ၀မ္းလည္း၀တဲ့ သူမရဲ႕အႏုပညာေၾကးေလးနဲ႔ မိခင္ကို ကန္ေတာ့ပန္းဆင္ခဲ့တာျဖစ္ပါတယ္ ။

 

မိဘေပၚသိတတ္ျပီး လိမၼာယဥ္ေက်းတဲ့ ကေလးျဖစ္လို႕ တိုးတက္ၾကီးပြား ေအာင္ျမင္ပါေစလို႕ ပရိသတ္ေတြ ဆုမြန္ေကာငး္ေတာင္းေပးထားတဲ့ မွတ္ခ်က္ေလးေတြ လည္း ေရးသားေနၾကပါတယ္ ။ အတိတ္ဘ၀က ကုသိုလ္ကံေၾကာင့္ ဒီဘ၀မွာ သာယာခ်ိဳေအးတဲ့ အသံေလးကိုပိုင္ဆိုင္ထားျပီး တရားဓမၼေတးေတြ သီဆိုကုသိုလ္ယူေနတဲ့သူမ ဟာ ဒီဘ၀မွာလည္း စိတ္ထားျဖဴစင္ျပီး မိဘအေပၚ သိတတ္လြန္းတဲ့သူေလးျဖစ္လို႕ သံသရာအဆက္ဆက္ ေကာင္းမြန္တဲ့ဘ၀ေလးကို ပိုင္ဆိုင္နိုင္မွာ ဧကံမလြဲပါဘဲ ပရိသတ္ၾကီးေရ ..။

Source : Khin Poe Panchi
Molly

ယူနီကုဒ္ျဖင့္ဖတ္ရန္

 

ဖြူစင်သန့်ရှင်းတဲ့အနုပညာကြေးလေးနဲ့ မိခင်ဖြစ်သူကို ကန်တော့ခဲ့တဲ့ ခင်ပိုးပန်းချီ

ခင်ပိုးပန်းချီလေး ကို ပရိသတ်တွေ အများဆုံးသိလာတာကတော့ သူမသီဆိုထားတဲ့ ဓမ္မတေးတွေကို အွန်လိုင်းပေါ်မှာ တင်ခဲ့ရာကနေ သူမရဲ့ အေးချမ်းလှတဲ့ အသံလေးကြောင့် ပရိသတ်တွေလက်ခံအားပေးခဲ့တာဖြစ်ပါတယ် ။ သူမဟာ ၆ တန်းအရွယ်မှာ မြန်မာသံစဉ် ခွေတစ်ခွေ ထွက်ရှိခဲ့ပါသေးတယ် ။ ခင်ပိုးပန်းချီလေး ဟာ (၁) တန်းထဲက ဆို၊က၊ရေး၊တီး ပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်ပေါင်း (၂၃)ခုရရှိခဲ့တဲ့ ထူးချွန်သူလေးပါ ။ ရွှေတံဆိပ် (၈ဆု) ၊ ငွေတံဆိပ် (၁၄)ဆု နဲ့ ကြေးတံဆိပ် (၁)ဆု တို့ရရှိခဲ့ပြီး နာမည်ကျော်တီဗွီ အစီစဉ်တွေမှာလည်း ပြိုင်ပွဲတွေ ဝင်ခဲ့ဖူးပါတယ် ။

အခုလတ်တလောမှာတော့ သူမရဲ့တစ်ကိုယ်တော် အခွေအတွက်ကြိုးစားနေပြီး ပိုက်ဆံတွေဘယ်လောက်ဘဲရရ သူအတွက်ကို ဘယ်တော့မှ မစဉ်းစားတဲ့ သူမရဲ့မိခင်ကို ဖြူစင်သန့်ရှင်းတဲ့ အနုပညာလုပ်အားခလေးနဲ့ နားကပ်လေးတစ်ရံ နဲ့ ကန်တော့ခဲ့ပါတယ် ။ ” မေကြီး စိတ်ပျော်ရွှင် အေးချမ်းပါစေ သမီးတို့ညီအမနဲ့ သေတစ်ပန်သက်တစ်ဆုံး နေသွားနိုင်ပါစေလို့သမီးဆုတောင်းပေးပါတယ် မေကြီး အမိုးကြီး ပျော်နေသည် ” ဆိုတဲ့စာသားနဲ့အတူ ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့ သူမရဲ့အနုပညာကြေးလေးနဲ့ မိခင်ကို ကန်တော့ပန်းဆင်ခဲ့တာဖြစ်ပါတယ် ။

မိဘပေါ်သိတတ်ပြီး လိမ္မာယဉ်ကျေးတဲ့ ကလေးဖြစ်လို့ တိုးတက်ကြီးပွား အောင်မြင်ပါစေလို့ ပရိသတ်တွေ ဆုမွန်ကောင်းတောင်းပေးထားတဲ့ မှတ်ချက်လေးတွေ လည်း ရေးသားနေကြပါတယ် ။ အတိတ်ဘဝက ကုသိုလ်ကံကြောင့် ဒီဘဝမှာ သာယာချိုအေးတဲ့ အသံလေးကိုပိုင်ဆိုင်ထားပြီး တရားဓမ္မတေးတွေ သီဆိုကုသိုလ်ယူနေတဲ့သူမ ဟာ ဒီဘဝမှာလည်း စိတ်ထားဖြူစင်ပြီး မိဘအပေါ် သိတတ်လွန်းတဲ့သူလေးဖြစ်လို့ သံသရာအဆက်ဆက် ကောင်းမွန်တဲ့ဘဝလေးကို ပိုင်ဆိုင်နိုင်မှာ ဧကံမလွဲပါဘဲ ပရိသတ်ကြီးရေ ..။

Source : Khin Poe Panchi
Molly

 

error: Alert: Content is protected !!