

 

 

 

 

 


 

 

 

 


Molly

ယူနီကုဒ်ဖြင့်ဖတ်ရန်

 

ကျောင်းမှာ ဒေါ်အောင်ဆန်းစုကြည်အကြောင်းရှင်းပြနိုင်ခဲ့တဲ့ သမီးလေးအတွက်ဂုဏ်ယူနေတဲ့လူမင်း

မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားတွေထဲမှာ တစ်ယောက်အပါဝင်ဖြစ်ပြီး အသက်ကြီးပေမယ့် နုပျိုနေဆဲ ဖြစ်တဲ့ဝါရင့် မင်းသားကြီးလူမင်းကတော့ ချစ်ရတဲ့ ဇနီး၊ သားလေး သမီးလေးတွေနဲ့အတူ သာယာတဲ့ မိသားစုဘဝလေးတစ်ခုကို ပိုင်ဆိုင်ထားတဲ့မင်းသား တစ်လက်ပါ ။ အနုပညာအလုပ်တွေ မအားလပ်အောင်လုပ်နေရတဲ့ကြားက သားနဲ့သမီးကို အချိန်ပေးပြီး ကောင်းမွန်စွာသွန်သင်ဆုံးမ အုပ်ထိန်းနိုင်တဲ့ လူမင်းကြောင့် သားနဲ့သမီးဟာ ထူးချွန်ထက်မြတ်တဲ့ သူတွေဖြစ်နေကြတာပါ ။

လတ်တလောမှာလည်း Open House ကျောင်းမှာ အမေစုနဲ့ပတ်သက်ပြီး ရှင်းပြနိုင်ခဲ့တဲ့ သမီးလေး ဧရာဝတီလူမင်း အတွက် ဖေဖေလူမင်း နဲ့ မေမေ ခင်စံပယ်ဦးတို့က ဂုဏ်ယူနေကြတာပါ ။ ” Open House ကျောင်းမှာ ဖွားဖွားစုအကြောင်းရှင်းပြပြောပြခဲ့တဲ့သမီးလေး မိဘရဲ့တိုက်တွန်းမှုမပါသူ့စိတ်ရွေးချယ်ထားတာ ” ဆိုတဲ့စာသားနဲ့အတူ သမီးလေး ဧရာဝတီက မိဘတွေရဲ့တိုက်တွန်းမှု တစ်စုံတရာမပါဝင်ဘဲ သူမကိုယ်တိုင် အမေစုအကြောင်းကိုရွေးချယ် ပြောပြခဲ့တာဖြစ်တယ်လို့ လူမင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာက တဆင့်ပရိသတ်တွေကို မျှဝေပေးထားတာဖြစ်ပါတယ် ။

အနုပညာရှင် မောင်နှမတွေဖြစ်တဲ့ ခို်င်သင်းကြည် ၊ မေခလာ နဲ့ ဇော်ဇော်တို့ကလည်း သမီးလေးအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်ချက်လေးတွေ ရေးသားထားကြတာတွေ့ရပါတယ် ။ သမီးလေး ဧရာဝတီ ရဲ့ ကြိုးစားအားထုတ်မှုနဲ့ အောင်မြင်အတွက် Cele Connections ကလည်း မိသားစုနဲ့ထပ်တူ ဂုဏ်ယူဝမ်းမြောက်ပါတယ်နော် ။ ပရိသတ်ကြီးကလည်း အရမ်းကိုတော်တဲ့ သမီးလေး ဧရာဝတီအတွက် ဂုဏ်ပြုစကားလေးတွေ ပြောပေးသွားပါဦးနော် ။

Source : Ayarwaddy Lu Min
Molly

 

error: Alert: Content is protected !!