

 

 


 

 


Source – ပိုပို
Lavender
ယူနီကုဒ်ဖြင့်ဖတ်ရန်

 

အရမ်းမိုက်လာတဲ့ ပိုပို့ရဲ့ဖက်ရှင်

ပိုပိုလို့ပြောလိုက်တာနဲ့ တေးသီချင်းများကို ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုပြီး အောင်မြင်မှုတွေရရှိလာတဲ့ အဆိုတော်မလေးတစ်ယောက်ကို ပြေးမြင်မိကြမှာပါ။ သူမရဲ့အချစ်သီချင်းလေးတွေက လူငယ်ပရိတ်သတ်တွေရဲ့ သည်းသည်းလှုပ်အားပေးမှုကိုရရှိခဲ့ပါတယ်။ ပိုပိုဟာ သီချင်းတွေကို ရေးသားသီဆိုတဲ့နေရာမှာ ထူးချွန်တဲ့အပြင် သူမရဲ့ဖက်ရှင်တွေကြောင့်လည်း ပရိသတ်တွေက သဘောကျနေကြတာပါ။

ပိုပိုဟာ ပရိသတ်များကိုလည်း အလေးထားဆက်ဆံတတ်သူဖြစ်လို့ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို သိမ်းပိုက်ထားနိုင်သူလေးပါ။ အောင်မြင်ကျော်ကြားမှုတွေရရှိလာတာနဲ့အမျှ အလှအပပြင်ဆင်ရာမှာလည်း သူမတူအောင် စွဲဆောင်လာနိုင်သူဖြစ်ပါတယ်။ မကြာသေးခင်ကလည်း သူမရဲ့လှလှမိုက်မိုက်ပုံလေးတွေကို စုစည်းပြီး လူမှုကွန်ရက်မှာ ဖော်ပြထားပါသေးတယ်။ “ပို အရမ်းချောနေတော့ကြည့်နေတဲ့ သူတွေ အနှောက်အယှက် ဖြစ်သွားလား မသိဘူးနော်” လို့လည်း ပရိသတ်တွေကိုေ စနောက်ထားပါသေးတယ်။

ပိုရဲ့ချစ်ပရိသတ်တွေကတော့ သူမရဲ့အလှပုံရိပ်လေးတွေကို ချစ်စရာကောင်းတယ်လို့ မှတ်ချက်ပေးနေကြပါတယ်။ Cele Connections ပရိသတ်ကြီးကိုလည်း ပိုပိုရဲ့အလှဆုံးပုံရိပ်လေးတွေ မျှဝေပေးလိုက်ပါတယ်နော်။

Source – ပိုပို
Lavender

error: Alert: Content is protected !!