အမာခံပရိသတ်လေး ကြွေလွင့်မသွားစေဖို့ သွားရောက်နှစ်သိမ့်ပေးခဲ့တဲ့ ထက်ထက်မိုးဦး

ပရိသတ်ကြီးရေ ၊ အခုအချိန်ထိကြော်ငြာဘုရင်မနေရာကိုယူထားဆဲ နိုင်ငံကျော် အကယ်ဒမီထက်ထက်မိုးဦးကတော့ အနုပညာအလုပ်တွေကို ဆက်လက် လုပ်ကိုင်လာနေဆဲဖြစ်ပါတယ်။ထက်ထက် ဟာ ပရိသတ်တွေ မျက်စိထဲမှာ အခုအချိန်ထိ အသက်ကြီးသူတစ်ယောက် လို့ သတ်မှတ်မခံရလောက်အောင် အချစ်ခံရသူတစ်ယောက်ပါ ။

အနုပညာအလုပ်တွေလုပ်ရင်း ထက်ထက်တစ်ယောက် ပရဟိတအလုပ်တွေကို ပါ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆောင်ရွက်လာနေတာပါ ။ ထက်ထက်တစ်ယောက် အမာခံပရိသတ်တစ်ဦးအတွက် သွားရောက်တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ထက်ထက် က “24.10.2019ဒီနေ့ ပင်လုံဆေးရုံမှာနှလုံးခွဲစိတ်ရန်မောင်ဟိန်းထက်ထက် ကို ၇ရက်သားသမီး
များအားရည်စူးပြီးတော့ အလှူငွေ- ၇၀၀၀၀၀ကျပ်ကို ထက်ထက်လှူဒါန်းခဲ့ပါတယ်….
ကာယံကာရှင် ကိုယ်တိုင်ကို ဖုန်းနှင့်တိုက်ရိုက် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။…………..
မောင်ဟိန်းထက်ထက်၊09774386745″ဆိုပြီးရေးသားထားတာပါ။

ထက်နဲ့ သားငယ်လေးရဲ့ မေတ္တာအကြည့်တွေကတော့ ပြောမပြတတ်အောင်ကြည်နူးစရာပါ ။ ကဲ ထက်ထက်ရဲ့ မေတ္တာတရားအတွက် မှတ်ချက်ကနေ တစ်ခုခုပြောပြပေးခဲ့ကြပါဦး။
Source – Htet Htet Moe Oo

error: Alert: Content is protected !!