အငတ္ခံထားရတဲ႔ရက္ေတြအေၾကာင္းေျပာျပလာတဲ့ ေခးဆက္သြင္

ေခးဆက္သြင္ဟာ Forever Groupရဲ႔ စင္တင္မင္းသမီးတစ္ဦးျဖစ္ပါတယ္။သူမဟာ တက္သစ္စမင္းသမီးေတြထဲမွာ တည္ၿငိမ္ေအးခ်မ္းတဲ့အလွေတြေၾကာင့္ ပရိသတ္ရဲ႔ခ်စ္ခင္အားေပးမႈကုိ ရရွိလာခဲ့သူပါ။ ျမန္မာဆန္တဲ့မ်က္ႏွာေလးဟာ သူမရဲ႕ထူးျခားတဲ့ ဂုဏ္ပုဒ္တစ္ခုပါ။သူမဟာ ႐ုပ္သံဇာတ္လမ္းတဲြေတြမွာ က်ရာဇာတ္႐ုပ္ကုိပီျပင္ေအာင္ သ႐ုပ္ေဆာင္ႏုိင္သူလည္းျဖစ္ပါတယ္။

 

ေခးဆက္သြင္ဟာ မၾကာေသးခင္က ထုတ္လႊင့္ျပသခဲ့တဲ့ ႏွင္းဆီဇာတ္လမ္းတဲြမွာလည္း မႏွင္းဆီ ကာ႐ုိက္တာကုိ အေကာင္းဆုံးနဲ႔ ပရိသတ္ရင္ထဲထိေအာင္ သ႐ုပ္ေဆာင္ခဲ့ပါေသးတယ္။ အဲဒီဇာတ္ကားထဲမွာ သူမအနည္းငယ္၀ိတ္တက္ေနတာေၾကာင့္ ၀ိတ္ခ်ပါလို႔ သူမကုိ ခ်စ္တဲ့ပရိသတ္ေတြက အႀကံျပဳထားၾကတာပါ။ သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာေတာ့ “ဒီလိုကိုယ္လံုးရဖို႕အတြက္ အငတ္ခံထားခဲ့ရတဲ့ ရက္ေတြကိုေရတြက္လို႕ျပခ်င္တယ္” လုိ႔ေရးသားထားၿပီး သူမ၀ိတ္ခ်လုိက္တဲ့အေၾကာင္း ခ်စ္ပရိသတ္ေတြကုိအသိေပးလို္က္ပါတယ္။

 

ေခးဆက္သြင္ရဲ႕ပရိသတ္ႀကီးက သူမရဲ႔လု႔ံလ ၀ီရိယနဲ႔ ဇဲြရွ္ိမႈကုိ သေဘာက်ခ်ီးက်ဴးေနၾကပါၿပီ။ Cele Connections ပရိသတ္ႀကီးအတြက္လည္း သူမရဲ႕၀ိတ္ခ်ထားတဲ့ အလွပုံရိပ္ေလးေတြကုိ မ်ွေ၀ေပးလိုက္ပါတယ္ေနာ္။

Source – Khay Sett Thwin
Lavender
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

အငတ်ခံထားရတဲ့ရက်တွေအကြောင်းပြောပြလာတဲ့ ခေးဆက်သွင်

ခေးဆက်သွင်ဟာ Forever Groupရဲ့ စင်တင်မင်းသမီးတစ်ဦးဖြစ်ပါတယ်။သူမဟာ တက်သစ်စမင်းသမီးတွေထဲမှာ တည်ငြိမ်အေးချမ်းတဲ့အလှတွေကြောင့် ပရိသတ်ရဲ့ချစ်ခင်အားပေးမှုကို ရရှိလာခဲ့သူပါ။ မြန်မာဆန်တဲ့မျက်နှာလေးဟာ သူမရဲ့ထူးခြားတဲ့ ဂုဏ်ပုဒ်တစ်ခုပါ။သူမဟာ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ကျရာဇာတ်ရုပ်ကိုပီပြင်အောင် သရုပ်ဆောင်နိုင်သူလည်းဖြစ်ပါတယ်။

ခေးဆက်သွင်ဟာ မကြာသေးခင်က ထုတ်လွှင့်ပြသခဲ့တဲ့ နှင်းဆီဇာတ်လမ်းတွဲမှာလည်း မနှင်းဆီ ကာရိုက်တာကို အကောင်းဆုံးနဲ့ ပရိသတ်ရင်ထဲထိအောင် သရုပ်ဆောင်ခဲ့ပါသေးတယ်။ အဲဒီဇာတ်ကားထဲမှာ သူမအနည်းငယ်ဝိတ်တက်နေတာကြောင့် ဝိတ်ချပါလို့ သူမကို ချစ်တဲ့ပရိသတ်တွေက အကြံပြုထားကြတာပါ။ သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ “ဒီလိုကိုယ်လုံးရဖို့အတွက် အငတ်ခံထားခဲ့ရတဲ့ ရက်တွေကိုရေတွက်လို့ပြချင်တယ်” လို့ရေးသားထားပြီး သူမဝိတ်ချလိုက်တဲ့အကြောင်း ချစ်ပရိသတ်တွေကိုအသိပေးလိုက်ပါတယ်။

ခေးဆက်သွင်ရဲ့ပရိသတ်ကြီးက သူမရဲ့လုံ့လ ဝီရိယနဲ့ ဇွဲရှိမှုကို သဘောကျချီးကျူးနေကြပါပြီ။ Cele Connections ပရိသတ်ကြီးအတွက်လည်း သူမရဲ့ဝိတ်ချထားတဲ့ အလှပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source – Khay Sett Thwin
Lavender

error: Alert: Content is protected !!