အခ်စ္နဲ႔ပတ္သက္တဲ့ ခံစားခ်က္ေတြကို ထုတ္ေဖာ္ခဲ့တဲ့ ေမသက္ခိုင္

ေမသက္ခိုင္ဟာ ကေလးငယ္တစ္ေယာက္လို ခ်စ္စရာဟန္ပန္ေလးနဲ႔မို႔ ပရိသတ္ရဲ႕ခ်စ္ခင္အားေပးမႈကို အတိုင္းအဆမရွိရရွိေနသူေလးပါ။ သူမဟာ မင္းသမီးႀကီးေမသၪၨာဦးရဲ႕ တူမလည္းျဖစ္ပါတယ္။ အျပစ္ကင္းစင္တဲ့ မ်က္ႏွာေလးေၾကာင့္ ဆယ္ေက်ာ္သက္ပရိသတ္ေတြၾကား အသည္းေက်ာ္ေလးတစ္ေယာက္ျဖစ္ခဲ့ပါတယ္။ မ်က္ခုံးနက္နက္ထူထူေလးက သူမရဲ႕အလွဂုဏ္တစ္ခုေပါ့။ ပရိသတ္နဲ႔ သူမၾကားအဆက္သြယ္ျပတ္ေနတဲ့ ကာလေတြလည္းရွိခဲ့ပါေသးတယ္။

 

ဒါေပမယ့္ သူမကိုခ်စ္တဲ့ပရိသတ္ေတြကေတာ့ အစဥ္အားေပးေနခဲ့တာပါ။ မၾကာေသးခင္ကလည္း သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ ရင္ဖြင့္စကားတခ်ိဳ႕ကို ေဖာ္ျပခဲ့ပါေသးတယ္။ “အသည္းကြဲတယ္ စိတ္နာတယ္ အေလးမထားဘူးလို႔ ခံစားရတယ္ဆိုတာမ်ိဳးက တကယ္ခ်စ္တတ္တဲ့ လူေတြမွာပဲျဖစ္တာ”…လို႔ ေရးသားခဲ့တာေၾကာင့္ သူမရဲ႕ပရိသတ္ေတြက စိတ္မေကာင္းျဖစ္ေနၾကပါတယ္။ “တျခားလူအတြက္စိတ္ေတြပင္ပန္း အခ်ိန္ေတြအကုန္ခံမဲ့အစား ကိုယ့္ကိုယ္ကိုပဲပိုခ်စ္မယ္ ကိုယ့္ကိုယ္တိုင္အတြက္ပဲအခ်ိန္ေပးမယ္ဆိုရင္ ဘာကိုမွခံစားေနစရာမလိုေတာ့ဘူး” … လို႔လည္း မွ်ေဝခဲ့တာေၾကာင့္ သူမကိုဘယ္သူကနာက်င္ေအာင္လုပ္ခဲ့လဲဆိုတာကို ပရိသတ္ေတြကစိတ္ဝင္တစား သိခ်င္ေနၾကပါေသးတယ္။

 

ပရိသတ္အခ်စ္ေတာ္ ေမသက္ခိုင္တစ္ေယာက္ နာက်င္မႈေတြကေန အျမန္ဆုံးလြတ္ေျမာက္ႏိုင္ပါေစလို႔ ဆုေတာင္းေပးၾကရေအာင္ေနာ္။ ေမသက္ခိုင္ရဲ႕ ခ်စ္ပရိသတ္ႀကီးအတြက္ သူမရဲ႕ပုံရိပ္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

Source – May Thet Khine
Lavender
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

အချစ်နဲ့ပတ်သက်တဲ့ ခံစားချက်တွေကို ထုတ်ဖော်ခဲ့တဲ့ မေသက်ခိုင်

မေသက်ခိုင်ဟာ ကလေးငယ်တစ်ယောက်လို ချစ်စရာဟန်ပန်လေးနဲ့မို့ ပရိသတ်ရဲ့ချစ်ခင်အားပေးမှုကို အတိုင်းအဆမရှိရရှိနေသူလေးပါ။ သူမဟာ မင်းသမီးကြီးမေသဉ္ဇာဦးရဲ့ တူမလည်းဖြစ်ပါတယ်။ အပြစ်ကင်းစင်တဲ့ မျက်နှာလေးကြောင့် ဆယ်ကျော်သက်ပရိသတ်တွေကြား အသည်းကျော်လေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ မျက်ခုံးနက်နက်ထူထူလေးက သူမရဲ့အလှဂုဏ်တစ်ခုပေါ့။ ပရိသတ်နဲ့ သူမကြားအဆက်သွယ်ပြတ်နေတဲ့ ကာလတွေလည်းရှိခဲ့ပါသေးတယ်။

ဒါပေမယ့် သူမကိုချစ်တဲ့ပရိသတ်တွေကတော့ အစဉ်အားပေးနေခဲ့တာပါ။ မကြာသေးခင်ကလည်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရင်ဖွင့်စကားတချို့ကို ဖော်ပြခဲ့ပါသေးတယ်။ “အသည်းကွဲတယ် စိတ်နာတယ် အလေးမထားဘူးလို့ ခံစားရတယ်ဆိုတာမျိုးက တကယ်ချစ်တတ်တဲ့ လူတွေမှာပဲဖြစ်တာ”…လို့ ရေးသားခဲ့တာကြောင့် သူမရဲ့ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြပါတယ်။ “တခြားလူအတွက်စိတ်တွေပင်ပန်း အချိန်တွေအကုန်ခံမဲ့အစား ကိုယ့်ကိုယ်ကိုပဲပိုချစ်မယ် ကိုယ့်ကိုယ်တိုင်အတွက်ပဲအချိန်ပေးမယ်ဆိုရင် ဘာကိုမှခံစားနေစရာမလိုတော့ဘူး” … လို့လည်း မျှဝေခဲ့တာကြောင့် သူမကိုဘယ်သူကနာကျင်အောင်လုပ်ခဲ့လဲဆိုတာကို ပရိသတ်တွေကစိတ်ဝင်တစား သိချင်နေကြပါသေးတယ်။

ပရိသတ်အချစ်တော် မေသက်ခိုင်တစ်ယောက် နာကျင်မှုတွေကနေ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ ဆုတောင်းပေးကြရအောင်နော်။ မေသက်ခိုင်ရဲ့ ချစ်ပရိသတ်ကြီးအတွက် သူမရဲ့ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Source – May Thet Khine
Lavender

error: Alert: Content is protected !!