

 

 

 


 

 

 


Source : Nan Su Yati Soe
Molly

ယူနီကုဒ်ဖြင့်ဖတ်ရန်

 

အက်ကြောင်းထင်နေတဲ့ အချစ်ရေးတစ်ခုရဲ့ အလွမ်းတွေထဲက ရုန်းမထွက်နိုင်သေးတဲ့ နန်းဆုရတီစိုး

ပရိသတ်ကြီးရေ .. ကိုရီးယားမင်းသမီးလေးလို လှပပြီး ချစ်စရာကောင်းလွန်းတဲ့ ရှမ်းတရုတ် ကပြား မင်းသမီးချောလေး နန်းဆုရတီစိုးနဲ့ အမိုက်စားရက်တွေကို သီဆိုပြီး လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိထားတဲ့ အဆိုတော် ဂျီဖက်တို့ရဲ့ အချစ်ရေးဟာ အက်ကြောင်းရာတွေထင်နေခဲ့ပါပြီ ..။ အရင်လို တွဲသွားတွဲလာ ပုံရိပ်တွေလည်း မမြင်ရတော့သလို အဆင်မပြေတော့တဲ့ ဆက်ဆံရေးတစ်ခုလို့သာ ပြောပြီး တရားဝင် လမ်းခွဲပြတ်စဲတယ်လို့ အတိလင်း မပြောကြသေးပေမယ့် ပရိသတ်အချို့ကတော့ ရိပ်မိနေကြပါပြီ ။

လတ်တလောမှာလည်း နန်းဆုတစ်ယောက် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ချစ်ရသူကိုလွမ်းဆွတ်တမ်းတနေတဲ့ ခပ်ဆွေးဆွေး ပို့စ်လေးတစ်ခုကို ရေးသားခဲ့ပါတယ် ။ ” ညနေ နေဝင်ချိန်တွေဟာ အရမ်းလှပကြောင်း သူ အားရပါရပြောပြခဲ့ဖူးတယ် တကယ်တော့ လှပရုံတင်မကဘူး အမှတ်တရတွေ လွမ်းစရာတွေကိုပါ ပြန်တွေးခံစားဖို့အကောင်းဆုံးအချိန်ဆိုတာ ပြန်ပြောပြချင်မိပါရဲ့.. ” ဆိုတဲ့ စာသားလေးကို သူမရဲ့ ညနေခင်းရိုက်ကူးထားတဲ့ အလှပုံရိပ်လေးတွေနဲ့ အတူရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။ ပရိသတ်တွေကတော့ နန်းဆုကို ဂျီဖတ်နဲ့အတူ တွဲပြီး ပြန်မြင်ချင်တယ်လို့ မှတ်ချက်တွေ ပေးထားကြတာလဲ တွေ့မြင်ရပါတယ် ပရိသတ်ကြီးရေ ..။

ပရိသတ်တွေကတော့ သူတို့အရမ်းကိုအားကျခဲ့ရတဲ့ မမ နဲ့ မောင်လေး ရဲ့ အချစ်ဇာတ်လမ်းလေး တစ်ခန်းရပ်သွားမှာကို စိုးရိမ်နေခဲ့ကြတာပါ ။ လက်ရှိမှာတော့ နှစ်ယောက်လုံးက အနုပညာအလုပ်တွေကိုပဲ ကြိုးစားလုပ်ကိုင်နေကြပြီး အရင်လို နှစ်ယောက်တွဲ ပုံရိပ်တွေ မမြင်ရသလို အေးစက်နေတဲ့ ဆက်ဆံရေးတွေကြောင့် လမ်းခွဲသွားကြပြီလို့ ထင်ကြေးပေးနေကြတဲ့ သူတွေလည်းရှိနေပါတယ် ။ Cele Connections ပရိသတ်ကြီးကရော နန်းဆုတို့အတွဲလေးကို အရင်လိုပြန်မြင်ချင်ကြတယ်မလား မှတ်ချက်ပေးခဲ့ပါဦးနော် ။

Source : Nan Su Yati Soe
Molly

 

error: Alert: Content is protected !!