ရန္လိုတုိက္ခုိက္မႈေတြကုိ တုံံ႔ျပန္ေျဖရွင္းမွာ မဟုတ္ေၾကာင္းေျပာျပလာတဲ့ အိုင္းရင္းဇင္မာျမင့္

အိုင္းရင္းဇင္မာျမင့္ဟာ သူမရဲ႕ခ်ဳိသာတဲ့အသံေလးနဲ႔ သီခ်င္းေအးေအးေလးေတြ သီဆုိတတ္သူျဖစ္လို႔ ပရိသတ္ႀကိဳက္ႏွစ္သက္အားေပးမႈ ရရွိေနသူပါ။ သီခ်င္းသီဆုိတဲ့အခါမွာ ရင္ထဲအသည္းထဲကေန လႈိက္လႈိက္လွဲလွဲ သီဆုိတတ္သူတစ္ေယာက္လည္းျဖစ္ပါတယ္။ အဲဒါေၾကာင့္ သူမရဲ႕သီခ်င္းေတြကလည္း တစ္ပုဒ္ဆိုတစ္ပုဒ္ဆိုသေလာက္ ပရိသတ္ရင္ထဲ ထုိးေဖာက္၀င္ေရာက္ေနတာပါ။

 

အိုင္းရင္းဟာ သူမရဲ႕ရင္တြင္းခံစားခ်က္ေတြနဲ႔ပတ္သက္ၿပီး လူမႈကြန္ရက္စာမ်က္ႏွာကေန ပရိသတ္ေတြကိုမ်ွေ၀ေပးေနတတ္သူတစ္ေယာက္ပါ။ သူမက သူတစ္ပါးအတင္း သူတစ္ပါးအေၾကာင္း မဟုတ္မမွန္ေျပာဆုိတာေတြကုိလည္း မႏွစ္သက္သူပါ။ “သူတစ္ပါးကိုအပုတ္ခ်မွ အဲဒီလူကိုလူမုန္းမွ အဲဒီလူဝမ္းနည္းအားငယ္ေနမွ စိတ္ေက်နပ္လည္း တခဏေပါ့။ ေပ်ာ္ေပ်ာ္ေလးေစာင့္ပါ။ ကိုယ့္အလွည့္ကိုေလ”… လို႔ သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။ သူမကုိ တုိက္ခုိက္ၾကသူမ်ားကုိလည္း “ျပန္မတုံ႔ျပန္ပါဘူး။ တံု ့့လည္းမျပန္တတ္ပါဘူး။ ဒါေပမယ့္အတုံ႔အလွည့္ဆိုတာ ရွိတယ္မိတ္ေဆြ”… ဆုိၿပီး ေရးသားခဲ့ပါေသးတယ္။

အိုင္းရင္းဇင္မာျမင့္တုိက္ခိုက္ခံေနရတဲ႔အတြက္ သူမရဲ႕ပရိသတ္ေတြကလည္း စိတ္မေကာင္းျဖစ္ေနၾကပါတယ္။ Cele Connections ပရိသတ္ႀကီးလည္း အုိင္းရင္းတစ္ေယာက္ အတိုက္အခုိက္ေတြရန္မွ အျမန္ဆုံးကင္းေ၀းပါေစလို႔ ဆုေတာင္းေပးၾကရေအာင္ေနာ္။

Source – Irene Zin Mar Myint
Lavender
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

ရန်လိုတိုက်ခိုက်မှုတွေကို တုံံ့ပြန်ဖြေရှင်းမှာ မဟုတ်ကြောင်းပြောပြလာတဲ့ အိုင်းရင်းဇင်မာမြင့်

အိုင်းရင်းဇင်မာမြင့်ဟာ သူမရဲ့ချိုသာတဲ့အသံလေးနဲ့ သီချင်းအေးအေးလေးတွေ သီဆိုတတ်သူဖြစ်လို့ ပရိသတ်ကြိုက်နှစ်သက်အားပေးမှု ရရှိနေသူပါ။ သီချင်းသီဆိုတဲ့အခါမှာ ရင်ထဲအသည်းထဲကနေ လှိုက်လှိုက်လှဲလှဲ သီဆိုတတ်သူတစ်ယောက်လည်းဖြစ်ပါတယ်။ အဲဒါကြောင့် သူမရဲ့သီချင်းတွေကလည်း တစ်ပုဒ်ဆိုတစ်ပုဒ်ဆိုသလောက် ပရိသတ်ရင်ထဲ ထိုးဖောက်ဝင်ရောက်နေတာပါ။

အိုင်းရင်းဟာ သူမရဲ့ရင်တွင်းခံစားချက်တွေနဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာကနေ ပရိသတ်တွေကိုမျှဝေပေးနေတတ်သူတစ်ယောက်ပါ။ သူမက သူတစ်ပါးအတင်း သူတစ်ပါးအကြောင်း မဟုတ်မမှန်ပြောဆိုတာတွေကိုလည်း မနှစ်သက်သူပါ။ “သူတစ်ပါးကိုအပုတ်ချမှ အဲဒီလူကိုလူမုန်းမှ အဲဒီလူဝမ်းနည်းအားငယ်နေမှ စိတ်ကျေနပ်လည်း တခဏပေါ့။ ပျော်ပျော်လေးစောင့်ပါ။ ကိုယ့်အလှည့်ကိုလေ”… လို့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ သူမကို တိုက်ခိုက်ကြသူများကိုလည်း “ပြန်မတုံ့ပြန်ပါဘူး။ တုံ့လည်းမပြန်တတ်ပါဘူး။ ဒါပေမယ့်အတုံ့အလှည့်ဆိုတာ ရှိတယ်မိတ်ဆွေ”… ဆိုပြီး ရေးသားခဲ့ပါသေးတယ်။

အိုင်းရင်းဇင်မာမြင့်တိုက်ခိုက်ခံနေရတဲ့အတွက် သူမရဲ့ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်နေကြပါတယ်။ Cele Connections ပရိသတ်ကြီးလည်း အိုင်းရင်းတစ်ယောက် အတိုက်အခိုက်တွေရန်မှ အမြန်ဆုံးကင်းဝေးပါစေလို့ ဆုတောင်းပေးကြရအောင်နော်။

Source – Irene Zin Mar Myint
Lavender

error: Alert: Content is protected !!