မခ်မ္းသာေပမယ့္ လူသားခ်င္းစာနာစိတ္ရွိတဲ့ အိစိေကြး

ကေလးသ႐ုပ္ေဆာင္ အိစိေကြးဆိုတာနဲ႔ ပရိသတ္ႀကီးအားလုံးသိၿပီးသားျဖစ္မွာပါေနာ္ ။ ကေလးသ႐ုပ္ေဆာင္ဘဝကေန အခုဆို ဂီတလမ္းေၾကာင္းေပၚမွာေရာ အႏုပညာလမ္း ေၾကာင္းေပၚမွာေရာ ေအာင္ျမင္ေနတဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ေနခဲ့ပါၿပီ ။ ပရိသတ္ေတြက အိစိေကြးေလးကို ကေလးတစ္ေယာက္လို႔ပဲ ျမင္ေနၾကေသးေပမယ့္ အိစိေကြးေလးကေတာ့ ရင့္က်က္ၿပီး လူႀကီးဆန္တဲ့အေတြးေခၚေလးေတြ ရွိေနပါၿပီ ပရိသတ္ႀကီးေရ ..။

 

 

 

လတ္တေလာမွာေတာ့ အိစိ တစ္ေယာက္ သူ႔ရဲ႕ပရဟိတ ပုံရိပ္ေတြနဲ႔အတူ ” မခ်မ္းသာဘူးဗ်ာ လိုအပ္လာမယ္ဆိုရင္ အဆင္ေျပေအာင္ ဘယ္ေနရာကျဖစ္ျဖစ္ ဝင္ကူခ်င္တဲ့ သူဗ် ” ဆိုတဲ့စာသားေလးကို လူမႈကြန္ရက္စာမ်က္ႏွာကေန မွ်ေဝေပးခဲ့ပါတယ္ ။ လူထဲက လူဆိုေပမယ့္ တန္ဖိုးရွိတဲ့လူျဖစ္ခ်င္သလို အမ်ားကို အက်ိဳးျပဳတဲ့ လူပဲျဖစ္ခ်င္တယ္အကူအညီလိုအပ္လာတိုင္း ခ်က္ခ်င္းထလုပ္ေပးနိင္တဲ့လူျဖစ္ခ်င္တယ္ နိင္ငံနဲ႔ ကိုယ့္မိဘ ကို အက်ိဳးျပဳတဲ့ ေယာက္်ားေကာင္းျဖစ္ခ်င္တယ္လို႔ အိစိက ေျပာျပခဲ့ပါတယ္ ။ ” ကြၽန္ေတာ့ကိုဘယ္ေလာက္ပဲဆိုးတယ္ေျပာေျပာအဲ့လိုေျပာေနတဲ့လူေတြ လိုအပ္လာမယ္ဆိုရင္ တတ္နိင္သေလာက္ ကူညီေပးခ်င္တဲ့သူေနာက္ထပ္လည္း လူတိုင္းကိုအက်ိဳးျပဳနိင္တဲ့သူျဖစ္ေအာင္ ႀကိဳးစားေနဦးမယ္ ” လို႔လည္း ပရိသတ္ေတြကို ကတိစကားဆိုခဲ့ပါေသးတယ္ ။

 

 

 

ပရိသတ္ႀကီးေရ အိစိေလးကေတာ့ သူ႔ကို ကေလးလို႔ပဲ ျမင္ေနေသးတဲ့ ပရိသတ္ေတြကို သူ႔ရဲ႕လူႀကီးဆန္ၿပီး ရင့္က်က္တဲ့ အေတြးေခၚေလးေတြကို ထုတ္ျပလိုက္ပါၿပီေနာ္ ။ အိစိရဲ႕မိဘေတြကေတာ့ ဒီလို စိတ္ဓာတ္မ်ိဳးရွိတဲ့ လိမၼာေလးရထားလို႔ ဂုဏ္ယူေနၾကမွာ အမွန္ပါပဲ ။ Cele Connections ပရိသတ္ႀကီးကလည္း အိစိေလးရဲ႕ မြန္ျမတ္တဲ့စိတ္ထားေလးအတြက္ မွတ္ခ်က္ေလးေတြေပးခဲ့ပါဦးေနာ္ ။

 

 

 

Source : Ei Si Kway
Molly

ယူနီကုဒ္ျဖင့္ဖတ္ရန္

 

မချမ်းသာပေမယ့် လူသားချင်းစာနာစိတ်ရှိတဲ့ အိစိကွေး

ကလေးသရုပ်ဆောင် အိစိကွေးဆိုတာနဲ့ ပရိသတ်ကြီးအားလုံးသိပြီးသားဖြစ်မှာပါနော် ။ ကလေးသရုပ်ဆောင်ဘဝကနေ အခုဆို ဂီတလမ်းကြောင်းပေါ်မှာရော အနုပညာလမ်း ကြောင်းပေါ်မှာရော အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေခဲ့ပါပြီ ။ ပရိသတ်တွေက အိစိကွေးလေးကို ကလေးတစ်ယောက်လို့ပဲ မြင်နေကြသေးပေမယ့် အိစိကွေးလေးကတော့ ရင့်ကျက်ပြီး လူကြီးဆန်တဲ့အတွေးခေါ်လေးတွေ ရှိနေပါပြီ ပရိသတ်ကြီးရေ ..။

လတ်တလောမှာတော့ အိစိ တစ်ယောက် သူ့ရဲ့ပရဟိတ ပုံရိပ်တွေနဲ့အတူ ” မချမ်းသာဘူးဗျာ လိုအပ်လာမယ်ဆိုရင် အဆင်ပြေအောင် ဘယ်နေရာကဖြစ်ဖြစ် ဝင်ကူချင်တဲ့ သူဗျ ” ဆိုတဲ့စာသားလေးကို လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေပေးခဲ့ပါတယ် ။ လူထဲက လူဆိုပေမယ့် တန်ဖိုးရှိတဲ့လူဖြစ်ချင်သလို အများကို အကျိုးပြုတဲ့ လူပဲဖြစ်ချင်တယ်အကူအညီလိုအပ်လာတိုင်း ချက်ချင်းထလုပ်ပေးနိင်တဲ့လူဖြစ်ချင်တယ် နိင်ငံနဲ့ ကိုယ့်မိဘ ကို အကျိုးပြုတဲ့ ယောက်ျားကောင်းဖြစ်ချင်တယ်လို့ အိစိက ပြောပြခဲ့ပါတယ် ။ ” ကျွန်တော့ကိုဘယ်လောက်ပဲဆိုးတယ်ပြောပြောအဲ့လိုပြောနေတဲ့လူတွေ လိုအပ်လာမယ်ဆိုရင် တတ်နိင်သလောက် ကူညီပေးချင်တဲ့သူနောက်ထပ်လည်း လူတိုင်းကိုအကျိုးပြုနိင်တဲ့သူဖြစ်အောင် ကြိုးစားနေဦးမယ် ” လို့လည်း ပရိသတ်တွေကို ကတိစကားဆိုခဲ့ပါသေးတယ် ။

ပရိသတ်ကြီးရေ အိစိလေးကတော့ သူ့ကို ကလေးလို့ပဲ မြင်နေသေးတဲ့ ပရိသတ်တွေကို သူ့ရဲ့လူကြီးဆန်ပြီး ရင့်ကျက်တဲ့ အတွေးခေါ်လေးတွေကို ထုတ်ပြလိုက်ပါပြီနော် ။ အိစိရဲ့မိဘတွေကတော့ ဒီလို စိတ်ဓာတ်မျိုးရှိတဲ့ လိမ္မာလေးရထားလို့ ဂုဏ်ယူနေကြမှာ အမှန်ပါပဲ ။ Cele Connections ပရိသတ်ကြီးကလည်း အိစိလေးရဲ့ မွန်မြတ်တဲ့စိတ်ထားလေးအတွက် မှတ်ချက်လေးတွေပေးခဲ့ပါဦးနော် ။

Source : Ei Si Kway
Molly

 

error: Alert: Content is protected !!