Molly
ယူနီကုဒ်ဖြင့်ဖတ်ရန်
ဘကြီးအောင်ရဲ့ (၈၄) နှစ်ပြည့်မွေးနေ့မှာ ကန်တော့ခဲ့ကြတဲ့ နာမည်ကြီးလူရွှင်တော်များ
ဘကြီးအောင်လို့ ပရိသတ်တွေချစ်စနိုးခေါ်ရတဲ့ ဝါရင့်သရုပ်ဆောင်ဦးအောင်လွင်က တော့ အသက်ကြီးပေမယ့်လည်း အခုချိန်ထိ အနုပညာအလုပ်တွေနဲ့ ပရိသတ်ကိုပေးဆပ်နေဆဲ အနုပညာရှင်တစ်ယောက်ပါ ။ အဖြူအမဲရုပ်ရှင်ခေတ်က မင်းသားဘဝကနေ လက်ရှိ အဖေခန်း အဘိုးခန်းတွေထိ ပါဝင်သရုပ်ဆောင်နေဆဲဖြစ်တဲ့ သူ့ရဲ့ အနုပညာသက်ကတော့ ဆယ်စုနှစ်တစ်ခုစာ မက ရှိခဲ့ပါပြီ ပရိသတ်ကြီးရေ ..။
အောက်တိုဘာလ (၂၃) ရက်နေ့ကတော့ ဘကြီးအောင်ရဲ့ အသက် (၈၄) နှစ်ပြည့်မွေးနေ့မင်္ဂလာရက်မြတ်လေးပဲ ဖြစ်ပါတယ် ။ ဘကြီးအောင် ကိုချစ်ခင်ကြတဲ့ အနုပညာရှင်တွေက ဘကြီးအောင်ရဲ့ မွေးနေ့မှာ ဂါရဝတရားရှေ့ထားပြီး ကန်တော့ ခဲ့ကြတယ်လို့သိရပါတယ် ။ ဘကြီးအောင်ကို သွားရောက်ကန်တော့ခဲ့ကြသူတွေကတော့ သရဲလေးကောင် လူရွှင်တော်အဖွဲ့ဝင် ဦးအရိုင်း ၊ ငှက်ပျော်ကြော် နဲ့ လူရွှင်တော်ကြီး ဇာဂနာတို့ပဲ ဖြစ်ပါတယ် ။မွေးနေ့ကန်တော့ ပုံရိပ်တွေကို ” အောက်တိုဘာလ မွေးဖွားသူတွေဟာ ဆိုရင်ဖြင့်ေ အာင်မြင်တယ် ကျော်ကြားတယ် လူချစ်လူခင်များတယ် … ဇွဲကောင်းတယ် သတ္တိရှိတယ် အမှန်တရား မြတ်နိူးတယ် …သနားကြင်နာတတ်တယ် … ချစ်တတ်တယ် … ” ဆိုတဲ့စာသားနဲ့အတူ ငှက်ပျော်ကြော်ရဲ့ ဇနီးဖြစ်သူ နေဇာဖုန်းမြင့်က ရေးသားမျှဝေပေးထားတာ ဖြစ်ပါတယ် ။
ဘကြီးအောင် ပျော်ရွှင်ပါစေ ကျန်းမာပါစေ. .. အသက်ရှည်ပါစေ ဝါသနာကြီးတဲ့အနုပညာအလုပ်ကိုလည်း စွမ်းဆောင်နိုင်သေး တဲ့အချိန်ထိ လုပ်ဆောင်သွားနိုင်ပြီး ချစ်တဲ့မိသားစုနဲ့အတူ ပျော်ရွှင်စွာနေထိုင်သွားနေပါစေကြောင်း Cele Connections မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။ ဘကြီးအောင်ကိုချစ်တဲ့ ချစ်ပရိသတ်ကြီးကလည်း မွေးနေ့ဆုမွန်ကောင်းလေးတွေ ရေးပေးခဲ့ကြပါဦးနော် ..။
Source : Nay Zar Phone Myint
Molly
error: Alert: Content is protected !!