ဆိုေနၾက အခ်စ္သီခ်င္းေတြနဲ႕ကြဲထြက္ေနတဲ့ ျဖိဳးျမတ္ေအာင္ရဲ႕ အမိုက္စားသီခ်င္းအသစ္

ကိုျဖိဳးလို႕ ပရိသတ္ေတြခ်စ္စနိုးေခၚရတဲ့ ျဖိဳးျမတ္ေအာင္ကေတာ့ Myanmar Idol Season 3 ရဲ႕ Winner ဆုရွင္တစ္ေယာက္ ျဖစ္ျပီး ပရိသတ္ေတြတခဲနက္အားေပးမႈနဲ႕ အႏုပညာလမ္းေၾကာင္းေပၚမွာ ေနရာတစ္ေနရာ ရလာခဲ့တဲ့ အနုပညာရွင္ အဆိုေတာ္တစ္ေယာက္ပါ ။ ကိုျဖိဳးကို အားေပးၾကတဲ့ဖန္ေတြရဲ႕ ၀န္းရံမႈကေတာ့ ေၾကာက္ခမမ္းလိလိပါပဲ ပရိသတ္ၾကီးေရ ..။ ကိုျဖိဳးရဲ႕ ပထမဆံုးေတးစီးရီးေရာင္းခ်ပြဲမွာတင္ နာရီ၀က္အတြင္း အေခြေတြအားလံုး ေရာငး္ကုန္သြားတဲ့ အထိ စံခ်ိန္ခ်ိဳးခဲ့တာပါ ။

 

 

အျမဲတမ္း အခ်စ္သီခ်င္းနဲ႕ ဘ၀သီခ်င္းေလးေတြပဲ သီဆိုေလ့ရွိတဲ့ ျဖိဳးျမတ္ေအာင္တစ္ေယာက္ လတ္တေလာမွာေတာ့ ပရိသတ္ေတြ ၾကားဖူးေနၾကမဟုတ္တဲ့ အမိုက္စား သီခ်င္းေလးတစ္ပုဒ္ကို သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာထက္ကေန ပရိသတ္ေတြကိုမွ်ေ၀ေပးခဲ့ပါတယ္ ။ သီခ်င္းေလးရဲ႕နာမည္က ေတာ့ ” ေဂၚ ” လို႕အမည္ရျပီး ေတးေရးဆလား က ေရးသားေပးထားတာျဖစ္ပါတယ္ ။ ဟာသ ဆန္ဆန္ေရးသားထားျပီး နားေထာင္သူေတြအတြက္ရယ္ေမာေပ်ာ္ရႊင္ရမယ့္ သီခ်င္းေလးတစ္ပုဒ္ပါ ။

 

ကိုျဖိဳးကိုခ်စ္ခင္အားေပးၾကတဲ့ Cele Connections ပရိသတ္ၾကီးအတြက္ ကိုျဖိဳးရဲ႕ အမိုက္စား ေဂၚထြက္ေနတဲ့ သီခ်င္းေလးကို အခုပဲ ျပန္လည္မွ်ေ၀ေပးလိုက္ပါတယ္ေနာ္ ။ ပရိသတ္ၾကီးကလည္း သာမန္ၾကားေနၾကပံုစံေတြနဲ႕ ကြဲထက္ေနတဲ့ ကိုျဖိဳးရဲ႕ ျမဴးျမဴးၾကြၾကြ သီခ်င္းေလးကို သေဘာက်မယ္လို႕ ေမွ်ာ္လင့္ပါတယ္ေနာ္ ။

Source : Phyo Myat Aung
Molly
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

ဆိုနေကြ အချစ်သီချင်းတွေနဲ့ကွဲထွက်နေတဲ့ ဖြိုးမြတ်အောင်ရဲ့ အမိုက်စားသီချင်းအသစ်

 

ကိုဖြိုးလို့ ပရိသတ်တွေချစ်စနိုးခေါ်ရတဲ့ ဖြိုးမြတ်အောင်ကတော့ Myanmar Idol Season 3 ရဲ့ Winner ဆုရှင်တစ်ယောက် ဖြစ်ပြီး ပရိသတ်တွေတခဲနက်အားပေးမှုနဲ့ အနုပညာလမ်းကြောင်းပေါ်မှာ နေရာတစ်နေရာ ရလာခဲ့တဲ့ အနုပညာရှင် အဆိုတော်တစ်ယောက်ပါ ။ ကိုဖြိုးကို အားပေးကြတဲ့ဖန်တွေရဲ့ ဝန်းရံမှုကတော့ ကြောက်ခမမ်းလိလိပါပဲ ပရိသတ်ကြီးရေ ..။ ကိုဖြိုးရဲ့ ပထမဆုံးတေးစီးရီးရောင်းချပွဲမှာတင် နာရီဝက်အတွင်း အခွေတွေအားလုံး ရောင်းကုန်သွားတဲ့ အထိ စံချိန်ချိုးခဲ့တာပါ ။

အမြဲတမ်း အချစ်သီချင်းနဲ့ ဘဝသီချင်းလေးတွေပဲ သီဆိုလေ့ရှိတဲ့ ဖြိုးမြတ်အောင်တစ်ယောက် လတ်တလောမှာတော့ ပရိသတ်တွေ ကြားဖူးနေကြမဟုတ်တဲ့ အမိုက်စား သီချင်းလေးတစ်ပုဒ်ကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကိုမျှဝေပေးခဲ့ပါတယ် ။ သီချင်းလေးရဲ့နာမည်က တော့ ” ဂေါ် ” လို့အမည်ရပြီး တေးရေးဆလား က ရေးသားပေးထားတာဖြစ်ပါတယ် ။ ဟာသ ဆန်ဆန်ရေးသားထားပြီး နားထောင်သူတွေအတွက်ရယ်မောပျော်ရွှင်ရမယ့် သီချင်းလေးတစ်ပုဒ်ပါ ။

ကိုဖြိုးကိုချစ်ခင်အားပေးကြတဲ့ Cele Connections ပရိသတ်ကြီးအတွက် ကိုဖြိုးရဲ့ အမိုက်စား ဂေါ်ထွက်နေတဲ့ သီချင်းလေးကို အခုပဲ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ ပရိသတ်ကြီးကလည်း သာမန်ကြားနေကြပုံစံတွေနဲ့ ကွဲထက်နေတဲ့ ကိုဖြိုးရဲ့ မြူးမြူးကြွကြွ သီချင်းလေးကို သဘောကျမယ်လို့ မျှော်လင့်ပါတယ်နော် ။

Source : Phyo Myat Aung
Molly

error: Alert: Content is protected !!