လောကထဲက တကယ့်ဇာတ်ရုပ်အစစ် နဲ့ နှိုင်းယှဉ်အလင်းပြတာခံလိုက်ရတဲ့ အိန္ဒြာကျော်ဇင်

ပရိသတ်ကြီးရေ အနုအကြမ်း ဘက်စုံရပြီး အခုအချိန်ထိနုနယ်တဲ့ရုပ်သွင် ကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲ အနုပညာရှင်တွေထဲမှာ အိန္ဒြာကျော်ဇင်လည်းတစ်ယောက် အပါအဝင်ပါ။ မကြာခင်လပိုင်းမှာ ရုံတင်ပြသတော့မယ့် ရိုးမပေါ်ကျတဲ့ မျက်ရည်ဇာတ်ကားမှာ စိန်ခေါ်မှုအသစ်အဖြစ် ယောကျာ်းလျာ ဇာတ်ကောင်ကို သရုပ်ဆောင်ထားတာလည်းဖြစ်ပါတယ်။

 

အူဝဲဟာ ရှိန်းခါးရွာတွင် ခြေသွက်လက်သွက်နိုင်ပြီး ယောင်္ကျားတွေနဲ့ တန်းတူ အလုပ်လုပ်နိုင်သူ ၊ ရွာအတွက်စေတနာကြီးသူပီပီ အားမနာတမ်းပြောဆိုတတ်သူဖြစ်ပြီး မဟုတ်မခံစိတ်ရှိသူ၊ ရွာကျောင်းအတွက် မရှိမဖြစ်အရေးပါသော ကျောင်းဆရာများထဲမှတစ်ယောက်ဖြစ်တဲ့ ကိုတိုးကြီးနေရာက နေသရုပ်ဆောင်ပေးထားတာဖြစ်ပါတယ် မူရင်း စာရေးဆရာ ဦးတင်ညွှန့်က တော့ မကြာသေးခင်ကပဲ ကိုတိုးကြီးအစစ်နဲ့ အူဝဲနဲ့ ကိုနှိုင်းယှဉ်ထားတဲ့ပုံတွေ ထုတ်ပြလိုက်ပါတယ်။ ရိုက်ကွင်းမှာကိုကြီးတိုးကိုယ်တိုင် ရုပ်ရှင်ရိုက်ကူးမှုကို လာရောက်ကြည့်ရှုထား တာဖြစ်တယ်လို့လည်းသိရပါတယ်။

 

 

 

အူဝဲတစ်ယောက် တကယ့်ကိုတိုးကြီးရဲ့ စရိုက်အတိုင်း အရက်မူးတာ ၊ ဆဲဆိုတာ နှုတ်လျာကြမ်းတာတွေအပြင် စေတနာကောင်းတဲ့ စိတ်ထားတွေကို ထည့်သွင်းသရုပ်ဆောင်ထားတယ်လို့သိရပါတယ်။ ကိုတိုးအစစ် နဲ့ အူဝဲတို့ တစ်တပ်ထည်း ကျနိုင်မကျနိုင် မှတ်ချက်လေးတွေပေးခဲ့ပါဦး။
Source – Tin Nyunt
Jasmine

error: Alert: Content is protected !!