

 


 


Lavender
ယူနီကုဒ်ဖြင့်ဖတ်ရန်

 

အကောင့်ပြန်ရရခြင်း အကြမ်းစားပုံတွေချပြလိုက်တဲ့ သင်ဇာဝင့်ကျော်

သင်ဇာဝင့်ကျော်ဆိုတဲ့နာမည်ကြားလိုက်တာနဲ့ အလန်းစားဖက်ရှင်တွေနဲ့ ပရိသတ်ကိုမရိုးရအောင် ဖမ်းစားထားတဲ့ မင်းသမီးချောတစ်ယောက်ကို ပြေးမြင်မိကြမှာပါ။ သူမရဲ့ ဆက်စီကျလွန်းတဲ့ ဝတ်စုံတွေကြောင့် ပရိသတ်တွေရဲ့ဝေဖန်မှုတွေကို နေ့စဉ်နဲ့အမျှကြုံတွေ့နေရသူလည်း ဖြစ်ပါတယ်။ ပွဲအခမ်းအနားတွေတက်ရောက်တဲ့အခါ လူအများအာရုံစိုက်မှုအများဆုံးခံနေရသူတစ်ယောက်လည်းဖြစ်ပါတယ်။

မကြာသေးခင်အချိန်ကလည်း သူမရဲ့အကောင့်ကို ဖေ့ဘုတ်ကပိတ်သိမ်းခံခဲ့ရပါတယ်။ သူမအကောင့်ပိတ်သိမ်းခံရမှုအပေါ် ပရိသတ်အတော်များများကလည်း စိတ်မကောင်းဖြစ်နေခဲ့ကြတာပါ။ ဒီနေ့တော့ သူမအကောင့်ပြန်လည်ရရှိခဲ့ပါပြီ။ အကောင့်ပြန်ရရခြင်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အမိုက်စားဓာတ်ပုံများကိုတင်ပြီး အကောင့်ပြန်ရကြောင်း ပရိသတ်ကိုအသိပေးထားပါတယ်။

ခန္ဓာကိုယ်အချိုးအစားလှပပြီး ဆက်စီကျတဲ့အလှတွေနဲ့ဖမ်းစားထားတဲ့ သင်ဇာဝင့်ကျော်ရဲ့အကောင့်ပြန်လည်ရရှိခဲ့လို့ ပရိသတ်လည်းဝမ်းသာနေကြပါပြီ။ ပရိသတ်ကြီးအတွက် Cele Connections ကလည်း ဆက်စီဘုရင်မသင်ဇာဝင့်ကျော်ရဲ့ အကြမ်းစားပုံရိပ်တွေကို မျှဝေပေးလိုက်တယ်နော်။

Source – Thin Zar Wint Kyaw
Lavender

error: Alert: Content is protected !!