အရှက်သိက္ခာအတွက် တရားဥပဒေနဲ့ အညီဆောင်ရွက်တော့မယ့် ဆုအိမ့်စံ

 

ပရိသတ်ကြီးရေ ၊ မကြာသေးခင်က တစ်ဖက်သတ် စေ့စပ်ကြောင်းလမ်းတာ ကို တစ်ဖက်သတ် ဖျက်သိမ်းခံရတဲ့ ဆုအိမ့်စံ ရဲ့ သတင်း က ပရိသတ်တွေကို စိတ်မကောင်းဖြစ်ခဲ့ရတာပါ။ အခုလာတာတော့မယ့် (၂၀၂၀) ဖေဖော်ဝါရီ (၁၄) ရက်နေ့မှာ လက်ထပ်ဖို့အထိရည်ရွယ်ထားတယ်လို့ဆိုပါတယ်။

စေ့စပ်ပြီးနောက်ပိုင်း မိဘတွေရှိတဲ့ ပဲခူးဘက်အထိဆွေပြမျိုးပြ သွားခဲ့ပေမယ့် နောက်ပိုင်းမှာ သူရိယရဲ့ ပုံစံတွေပြောင်းလာခဲ့တယ်လို့ဆိုပါတယ် ။အရင်တုန်းက အမြဲဖုန်းတွေပြော အဆက်အသွယ် မပြတ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အဆက်အသွယ် တဖြည်းဖြည်း ဖြတ်လာခဲ့တယ်လို့ ပြောပါတယ်။ မိသားဖသားပီပီ လာရောက်တောင်းရမ်းခဲ့ပြီး မင်္ဂလာဆောင်ဖို့ အထိ စီစဉ်ပြီး တနိုင်ငံလုံးအသိ ဖြစ်နေတဲ့ ဒီပတ်သက်မှုကို ပျက်စီးမှာစိုးတဲ့အတွက် ဆုဆု ဘက်ကနေ ပဲ တောက်လျှောက်ဆက်သွယ်ခဲ့၇တယ် လို့ဆုပါတယ်။နောက်ပိုင်း သူရိယက သူချမှတ်ထားတဲ့စည်းကမ်း အတိုင်း နေရမယ် လို့ဆိုလာပါတယ်။ နောက်ပိုင်း မင်္ဂလာဆောင်ပြီးမှာ သူရိယက ပိုင်ဆိုင်မှုတွေ ဘာမှမရှိတော့ဘူးဆိုတာတောင် ကိုကို သာ ဆုဆုအနားမှာရှိရင် ပြီးရော ဘာမှမရှိလည်းဆုဆု ယူရဲတယ်ဆိုပြီး ပြောပြခဲ့သေးတယ် လို့ဆိုပါတယ်။ အဒါတောင် မှ သူ စဉ်းစားဦးမယ် ဆိုပြီးတုံ့ပြန်တာ ခံခဲ့ရတယ်လို့ဆိုပါတယ်။

နောက်ဆုံး ဆုဆု က လက်ထပ်ဦးမှာလားလို့ မေးရတဲ့အဆင့် ဖြစ်ခဲ့တယ် လို့ ဆိုပါတယ် ။ နောက်ပိုင်း တစ်လ ကျော်ကြာတဲ့အချိန်မှာ ဖုန်းဆက်ပြီး စေ့စပ်ကြောင်းလမ်းတာ ကို ဖျက်သိမ်းပေးဖို့ လက်မှ်တ်ထိုးပေးဖို့တောင်းဆိုခဲ့တယ်လိုဆိုပါတယ်။ နောက်ပိုင်းမှာ မိဘတွေနဲ့တောင် တိုင်ပင်ချိန်မရသေးခင် MC ကတစ်ဆင့်တိုင်းသိပြည်သိ သူရိယက ဖွင့်ချလိုက်တာ ခံလိုက်ရတယ် လို့ဆိုပါတယ်။ ဆုဆု က တော့ သူ့ကို အခုလို လုပ်ရက်တာကို အံ့သြတယ်လို့လည်း ပြောခဲ့တာပါ ။ ဂုဏ်သိက္ခာပိုင်း နဲ့ ပတ်သက်ပြီး တရားဥပဒေ နဲ့ အညီ ဆောင်ရွက်သွားမယ်လို့လည်းဆက်လက်ပြောပြလာခဲ့ပါတယ်။ပရိသတ်ကြီးရေ အခုလို တစ်ဖက်သတ်နစ်နာခဲ့ရတဲ့ ဆုအိမ့်စံအတွက် အားပေးစကားလေးတွေပြောပေးခဲ့ကြပါဦး

Source – MC
Jasmine

error: Alert: Content is protected !!