အပ်ိဳႀကီးျဖစ္ေနတဲ့အေၾကာင္းကို ခ်ျပလိုက္တဲ့ မေအးေသာင္း

မေအးေသာင္းဟာ အႏုပညာေလာကထဲကို ေမာ္ဒယ္တစ္ေယာက္အေနနဲ႔ စတင္ဝင္ေရာက္လာခဲ့သူပါ။ သူမဟာတစ္ေခတ္တစ္ခါက လူသိမ်ားေက်ာ္ၾကားတဲ့ မင္းသမီးတစ္လက္လည္းျဖစ္ပါတယ္။ တမူထူးျခားတဲ့ အရပ္အေမာင္းနဲ႔ ကိုယ္ေနဟန္ထားတို႔ေၾကာင့္ ပရိသတ္ေတြရဲ႕ အထူးအာ႐ုံစိုက္ျခင္းကိုခံခဲ့ရပါတယ္။

 

ဒါေပမယ့္ သူမဟာအႏုပညာေလာကထဲကေန အခ်ိန္အေတာ္ၾကာ ေပ်ာက္ကြယ္သြားခဲ့ပါေသးတယ္။ သူမကိုခ်စ္တဲ့ ပရိသတ္ေတြကေတာ့ သူမရဲ႕အႏုပညာလႈပ္ရွားမႈေတြကို ေစာင့္ေမွ်ာ္ေနခဲ့ၾကပါတယ္။ ဆိုရွယ္မီဒီယာက်ယ္က်ယ္ျပန႔္ျပန႔္ေခတ္စားလာတဲ့အခါေရာက္ေတာ့ Aye Thaung ဆိုတဲ့နာမည္နဲ႔သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာေပၚကေန ပရိသတ္ေတြၾကားျပန္လည္ေရာက္ရွိလာခဲ့ပါတယ္။ ျမန္မာဝတ္စုံေလးေတြဝတ္ဆင္ထားတဲ့ သူမရဲ႕နန္းစံတဲ့ပုံရိပ္ေတြကလည္း ပရိသတ္ေတြေျပာစမွတ္ျဖစ္ခဲ့ရျပန္ပါတယ္။ အခုအခါမွာလည္း မေအးေသာင္းက သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ “ မခ်စ္ဖူးေသးလို႔ အပ်ိဳႀကီးျဖစ္ေနတာမဟုတ္ဘူး။ မခ်စ္တတ္ေသးလို႔ အပ်ိဳႀကီးျဖစ္ေနတာပါ။ သင္ေပးပါအခ်စ္အေၾကာင္း” … ဆိုတဲ့ စာသားေလးနဲ႔ သူမရဲ႕ႏွလုံးသားေရးရာကို တေစ့တေစာင္းဖြင့္ဟလိုက္ပါတယ္။

 

မခ်စ္တတ္ေသးတဲ့ အပ်ိဳႀကီးမေအးေသာင္းကို အခ်စ္အေၾကာင္းေတြ မွ်ေဝသင္ၾကားေပးလိုက္ပါဦး ပရိသတ္ႀကီးေရ။ Cele Connections ပရိသတ္ႀကီးအတြက္လည္း အပ်ိဳေခ်ာမေအးေသာင္းရဲ႕ အလွပုံရိပ္ေလးေတြကို မွ်ေဝေပးလိုက္တယ္ေနာ္။

Source – Aye Thaung
Lavender
ယူနီကုဒ္ဖတ္ရန္

 

အပျိုကြီးဖြစ်နေတဲ့အကြောင်းကို ချပြလိုက်တဲ့ မအေးသောင်း

မအေးသောင်းဟာ အနုပညာလောကထဲကို မော်ဒယ်တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့သူပါ။ သူမဟာတစ်ခေတ်တစ်ခါက လူသိများကျော်ကြားတဲ့ မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။ တမူထူးခြားတဲ့ အရပ်အမောင်းနဲ့ ကိုယ်နေဟန်ထားတို့ကြောင့် ပရိသတ်တွေရဲ့ အထူးအာရုံစိုက်ခြင်းကိုခံခဲ့ရပါတယ်။

ဒါပေမယ့် သူမဟာအနုပညာလောကထဲကနေ အချိန်အတော်ကြာ ပျောက်ကွယ်သွားခဲ့ပါသေးတယ်။ သူမကိုချစ်တဲ့ ပရိသတ်တွေကတော့ သူမရဲ့အနုပညာလှုပ်ရှားမှုတွေကို စောင့်မျှော်နေခဲ့ကြပါတယ်။ ဆိုရှယ်မီဒီယာကျယ်ကျယ်ပြန့်ပြန့်ခေတ်စားလာတဲ့အခါရောက်တော့ Aye Thaung ဆိုတဲ့နာမည်နဲ့သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ ပရိသတ်တွေကြားပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ မြန်မာဝတ်စုံလေးတွေဝတ်ဆင်ထားတဲ့ သူမရဲ့နန်းစံတဲ့ပုံရိပ်တွေကလည်း ပရိသတ်တွေပြောစမှတ်ဖြစ်ခဲ့ရပြန်ပါတယ်။ အခုအခါမှာလည်း မအေးသောင်းက သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ “ မချစ်ဖူးသေးလို့ အပျိုကြီးဖြစ်နေတာမဟုတ်ဘူး။ မချစ်တတ်သေးလို့ အပျိုကြီးဖြစ်နေတာပါ။ သင်ပေးပါအချစ်အကြောင်း” … ဆိုတဲ့ စာသားလေးနဲ့ သူမရဲ့နှလုံးသားရေးရာကို တစေ့တစောင်းဖွင့်ဟလိုက်ပါတယ်။

မချစ်တတ်သေးတဲ့ အပျိုကြီးမအေးသောင်းကို အချစ်အကြောင်းတွေ မျှဝေသင်ကြားပေးလိုက်ပါဦး ပရိသတ်ကြီးရေ။ Cele Connections ပရိသတ်ကြီးအတွက်လည်း အပျိုချောမအေးသောင်းရဲ့ အလှပုံရိပ်လေးတွေကို မျှဝေပေးလိုက်တယ်နော်။

Source – Aye Thaung
Lavender

error: Alert: Content is protected !!