သူရိယ ဘက်က တဖက်သတ်လမ်းခွဲသွားတဲ့အကြောင်း ဆုအိမ့်စံ ရှင်းပြီ

ပရိသတ်တွေ အားလုံးအားကျ နေရတဲ့အနုပညာရှင် စုံတွဲတွေထဲမှာ ဆုအိမ့်စံနဲ့ သူရိယတို့စုံတွဲလည်း အပါအ၀င်ပါဘဲ ။ အားလုံးက အားကျတဲ့ ချစ်သူစုံတွဲလေးဖြစ်တဲ့ ဆုဆုနဲ့သူရိယတို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ချစ်သူများနေ့မှာ စေ့စပ်ခဲ့ပြီး ချစ်စရာကောင်းလွန်းတဲ့ စေ့စပ်ပွဲ Video လေးကို ပရိသတ်တွေအားလုံး အားကျခဲ့ရတာပါ ။ ဒါပေမယ့် စိတ်မကောင်းစွာဘဲ သူရိယဘက်က တရားဝင် စေ့စပ်ပွဲဖျက်သိမ်းလိုက်ပြီဆိုတာကိုကြေညာခဲ့ပြီး ဆုဆုကတော့ သူမရဲ့ ဆန္ဒတစ်စုံတရာမပါဘဲ ဆုံးဖြတ်ခဲ့တာဖြစ်လို့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး တရားဥပဒေနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ် ။

 

 

ဒီနေ့ဒီအချိန်ထိလည်း ဘာ့ကြောင့်လမ်းခွဲသွားတယ် ဘာ့ကြောင့်ဒီလိုလုပ်သွားတယ်ဆိုတာကိုလည်း သူမကိုယ်တိုင် မသိသေးသလို ခုမှပရိသတ်ကိုထုတ်ပြောရတဲ့အကြောင်းကတော့ တည်ငြိမ်သွားတဲ့အချိန်ရောက်သွားပြီမလို့ပါလို့ ဆုဆုက ပြောပြခဲ့ပါတယ် ။ ၂၀၁၉ ချစ်သူများနေ့မှာစေ့စပ်ပြီး ၂ဖက် မိဘတွေနဲ့အတူ ပဲခူးမြို့ကိုဆွေပြမျိုးပြသွားခဲ့ကြပြီး အဲဒီအချိန်ထိအားလုံး အဆင်ပြေနေခဲ့ပြီး အဲ့ဒီနောက်ပိုင်း သူရိယရဲ့ပုံစံတွေက အရင်လိုမဟုတ်ဘဲ ပြောင်းလဲလာခဲ့တာပါတဲ့ ။ အရင်ကဆို အမြဲလိုလို ဗီဒီယိုကော ပြောခဲ့ကြတာ ပရိသတ်တွေအားလုံးသိပြီးဖြစ်ပေမယ့် စေ့စပ်ပြီးနောက်ပိုင်းမှာတော့ အဆက်သွယ်မလုပ်တော့ဘဲ ဖုန်းဆက်ရင်တောင် ကိုင်ချင်တဲ့အချိန်ကိုင်ပြီး မကိုင်ချင်လဲ မကိုင်တော့ဘဲ အိပ်နေတယ် မအားသေးဘူး စသဖြင့် အကြောင်းတွေပြလာခဲ့တယ် လို့ ဆုဆု က ပြောပြလာခဲ့တာပါ ။

 

 

သူရိယ ကိုယ်တိုင်က သူမကို လိုချင်လို့ မိဘတွေနဲ့လာရောက်တောင်းရမ်းပြီး စေ့စပ်တယ် ၂၀၂၀ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ မင်္ဂလာဆောင်ဖို့အတွက်လည်း နိုဗီုတယ် ဟိုတယ်မှာ ဘိုကင်လုပ်ပြီးသားဖြစ်ပြီး အကုန်လုံး မင်္ဂလာကိစ္စတွေစီစဉ်ထားပြီးမှ အခုလိုဖြစ်ရတော့ မိန်းကလေး တစ်ယောက်အနေနဲ့ အရမ်းစိတ်ထိခိုက်ရတယ်ဆိုပေမယ့် ကိုယ့်မိဘကို ပြန်ပြီးငဲ့ရသေးတယ်လို့ ဆုဆုက ဆိုပါတယ် ။ ဆုဆုရဲ့မိဘတွေဟာ ဒီကိစ္စကြောင့် အရှက်ကွဲပြီး အိမ်ထဲက အိမ်ပြင်တောင် မထွက်ရဲကြဘူးလို့လည်း သိရပါတယ် ။ ခုလို အခြေနေတွေ ဖြစ်သွားမှာစိုးရိမ်လို့ သူရိယ ဘက်က မဆက်သွယ်ရင်တောင် သူမ ဘက်က ဖုန်းတွေအကြိမ်ကြိမ်ဆက်ပြီး ဆက်သွယ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဖုန်းကောတွေ ၇၀ ကျော်လောက်ခေါ်တာတောင် သူ့ဘက် မကိုင်တော့ဘူးလို့ ဆုဆုက ဖြစ်ကြောင်းကုန်စင်ကို ပရိသတ်ကို ဖွင့်ဟလာခဲ့ပါတယ် ။

 

မိန်းကလေးတစ်ယောက်အတွက် မင်္ဂလာဆောင်တယ်ဆိုတဲ့ ကိစ္စကြီးက အရမ်းကိုကြီးမားလွန်းတဲ့အတွက် တခုခု မှားယွင်းသွားမှာ စိုးရိမ်လို့ သူရိယကို ဖုန်းတွေဆက်ညှိနှိုင်းတဲ့အခါမှာ သူရိယက ဆုဆု တို့မိဘတွေဘက်က လက်ဖွဲမယ့် လုံးချင်းတိုက်မှာ သူခေါ်တင်မယ့်သူတွေဘဲထားရမှာဖြစ်ပြီး သူ့မှာပိုင်ဆိုင်တာဘာမှမရှိသလို ရှိတာတွေကိုလည်း ယုံကြည်ရတဲ့သူဆီမှာအပ်နှံထားတာ ဖြစ်လို့ သူ့ကိုယူရဲလားလို့ မေးလာတဲ့အခါမှာတော့ ဆုဆုက ကိုကိုသာအနားမှာရှိရင်ပြီးရော ဘ၀မှာ နှစ်ယောက်အတူတူ အများကြီးကြိုးစားလို့ရတယ် ဘာမှမလိုဘူးလို့  ပြောခဲ့တာတောင် ဒီလိုလုပ်သွားတဲ့အတွက် အရမ်းကို အံ့သြတယ်လို့ ဆုဆုက ပြောပြလာခဲ့ပါတယ် ။ ဆုဆုကတော့ သူမရဲ့ဘ၀မှာ ဒီလိုမျိုးဖြစ်လာလိမ့်မယ်လို့ တစ်ခါမှကို မတွေးဖူးပါဘူးလို့ မျက်ရည်တွေကြားက ပြောပြလာခဲ့တာပါ ။Cele Connections ပရိသတ်ကြီးလည်းဆုဆု အတွက် အားပေးစကားလေးတွေ ပြောပေးခဲ့ကြပါဦးနော် ။

Source : 8days
Molly
ယူနီကုဒ်ဖြင့်ဖတ်ရန်

error: Alert: Content is protected !!