သူတို႔ရဲ႕ အခ်စ္ေရးကို အတည္ျပဳလိုက္ၿပီျဖစ္တဲ့ Tom Felton နဲ႔ Emma Watson’s တို႔စုံတြဲ

ဟယ္ရီေပၚတာ ကားကို တစိုက္မတ္မတ္ အားေပးၾကည့္ရႈလာၾကတဲ့ ဟယ္ေပၚတာ ဖန္ေတြ အေနနဲ႔ ဟယ္ရီေပၚတာကို အၿမဲလိုက္ေႏွာက္ယွက္တတ္တဲ့ လူဆိုးေလး Tom နဲ႔ ဟယ္ရီေပၚတာရဲ႕ သူငယ္ခ်င္းမေလး Emma တို႔ကို သိမယ္ထင္ပါေနာ္ ။ မၾကာေသးမီက Emma တစ္ေယာက္ ႐ုပ္ရွင္႐ိုက္ကူးစဥ္က သူမရဲ႕ အျဖဴအမဲ ဓာတ္ပုံတစ္ပုံကို မွ်ေဝခဲ့ၿပီး Credit Tom လို႔ေရးသားေဖာ္ျပခဲ့ဖူးပါတယ္ ။ ဒီပုံကို Tom က “Friends capture you best @t22felton.” ဆိုတဲ့ ေခါင္းစဥ္နဲ႔ ျပန္လည္မွ်ေဝခဲ့ပါေသးတယ္ ။

 

ဒီဓာတ္ပုံကို တင္ၿပီးကတည္းက ပရိသတ္ေတြက Tom နဲ႔ Emma တို႔ရဲ႕ ဆက္ဆံေရးနဲ႔ပတ္သက္ၿပီး သူတို႔ရဲ႕ ထင္ျမင္ခ်က္ေတြကို ဆိုရွယ္မီဒီယာေတြေပၚမွာ ေရးသားေဝဖန္ခဲ့ၾကပါတယ္ ။ အခုလက္ရွိမွာလည္း ဟယ္ရီေပၚတာရဲ႕ၾကယ္ပြင့္ေလးမ်ားျဖစ္တဲ့ သူတို႔ႏွစ္ဦး ခ်ိန္းေတြ႕ေနၾကတယ္ဆိုတဲ့ ေကာလဟာလေတြ ထြက္ေပၚလို႔လာျပန္ပါၿပီ ။ Tom ကမၾကာေသးမီကမွ အင္စတာဂရမ္မွာ Emma နဲ႔အတူ ေဆာ့ခဲ့တဲ့ Red Hands ဂိမ္းဗီဒီယိုတစ္ခုကို “Champion #slytherin,” ဆိုတဲ့ေခါင္းစဥ္နဲ႔ေရးသားေဖာ္ျပခဲ့ရာ Emma က “I’d like to point out that I did go on to win.” ဆိုတဲ့ မွတ္ခ်က္ကို ျပန္လည္ေရးသားခဲ့ပါေသးတယ္ ။

 

Emma ဟာ သူမရဲ႕ရည္းစားေဟာင္း Chord နဲ႔လမ္းခြဲၿပီးေနာက္ပိုင္းမွာေတာ့ Tom နဲ႔ ၿပီးခဲ့တဲ့ ၂၀၁၈ ႏိုဝင္ဘာလက စၿပီး တပူးပူးတတြဲတြဲ မၾကာခဏ ေတြ႕ျမင္လာရတာျဖစ္ပါတယ္ ။ လြန္ခဲ့တဲ့ (၂၀၁၂ ) ခုႏွစ္ေလာက္က Jonathan Ross Show မွာဟယ္ရီေပၚတာ ကား႐ိုက္ကူးစဥ္က Tom ကို သူမ Crush ခဲ့တယ္လို႔ ဝန္ခံခဲ့ဖူးပါတယ္ ။ ” အသက္ ၁၀ ကေန ၁၂ အတြင္းမွာ Tom ကို ငါအရမ္းကို ေသေလာက္ေအာင္ သေဘာက်ခဲ့တယ္ ။ ငါတို႔ဟာ လူဆိုးေတြကို သေဘာက်ၾကတယ္ေလ ဒါပေပမယ့္ Tom ကငါ့ထက္ အသက္နည္းနည္းပိုႀကီးတယ္ ၿပီးေတာ့ သူက စကိတ္စီးတာေတာ္ၿပီး သူစကိတ္ကို Trick လုပ္ၿပီးစီးတာ အရမ္းမိုက္တယ္ Tom ကိုယ္တိုင္ကလည္း ငါသူ႔ကို Crush ခဲ့တာကို သိတယ္ ဒါေပမယ့္ သူက ငါ့ကို ညီမေလးတစ္ေယာက္လိုပဲ ခင္တယ္လို႔ ေျပာခဲhလို႔ ငါအသည္းကြဲခဲ့ရေသးတယ္ ” လို႔ Emma က ေျပာျပခဲ့တာပါ ။

 

Source : unionjournalism.com
Molly
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

သူတို့ရဲ့ အချစ်ရေးကို အတည်ပြုလိုက်ပြီဖြစ်တဲ့ Tom Felton နဲ့ Emma Watson’s တို့စုံတွဲ

ဟယ်ရီပေါ်တာ ကားကို တစိုက်မတ်မတ် အားပေးကြည့်ရှုလာကြတဲ့ ဟယ်ပေါ်တာ ဖန်တွေ အနေနဲ့ ဟယ်ရီပေါ်တာကို အမြဲလိုက်နှောက်ယှက်တတ်တဲ့ လူဆိုးလေး Tom နဲ့ ဟယ်ရီပေါ်တာရဲ့ သူငယ်ချင်းမလေး Emma တို့ကို သိမယ်ထင်ပါနော် ။ မကြာသေးမီက Emma တစ်ယောက် ရုပ်ရှင်ရိုက်ကူးစဉ်က သူမရဲ့ အဖြူအမဲ ဓာတ်ပုံတစ်ပုံကို မျှဝေခဲ့ပြီး Credit Tom လို့ရေးသားဖော်ပြခဲ့ဖူးပါတယ် ။ ဒီပုံကို Tom က “Friends capture you best @t22felton.” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြန်လည်မျှဝေခဲ့ပါသေးတယ် ။

ဒီဓာတ်ပုံကို တင်ပြီးကတည်းက ပရိသတ်တွေက Tom နဲ့ Emma တို့ရဲ့ ဆက်ဆံရေးနဲ့ပတ်သက်ပြီး သူတို့ရဲ့ ထင်မြင်ချက်တွေကို ဆိုရှယ်မီဒီယာတွေပေါ်မှာ ရေးသားဝေဖန်ခဲ့ကြပါတယ် ။ အခုလက်ရှိမှာလည်း ဟယ်ရီပေါ်တာရဲ့ကြယ်ပွင့်လေးများဖြစ်တဲ့ သူတို့နှစ်ဦး ချိန်းတွေ့နေကြတယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်လို့လာပြန်ပါပြီ ။ Tom ကမကြာသေးမီကမှ အင်စတာဂရမ်မှာ Emma နဲ့အတူ ဆော့ခဲ့တဲ့ Red Hands ဂိမ်းဗီဒီယိုတစ်ခုကို “Champion #slytherin,” ဆိုတဲ့ခေါင်းစဉ်နဲ့ရေးသားဖော်ပြခဲ့ရာ Emma က “I’d like to point out that I did go on to win.” ဆိုတဲ့ မှတ်ချက်ကို ပြန်လည်ရေးသားခဲ့ပါသေးတယ် ။

Emma ဟာ သူမရဲ့ရည်းစားဟောင်း Chord နဲ့လမ်းခွဲပြီးနောက်ပိုင်းမှာတော့ Tom နဲ့ ပြီးခဲ့တဲ့ ၂၀၁၈ နိုဝင်ဘာလက စပြီး တပူးပူးတတွဲတွဲ မကြာခဏ တွေ့မြင်လာရတာဖြစ်ပါတယ် ။ လွန်ခဲ့တဲ့ (၂၀၁၂ ) ခုနှစ်လောက်က Jonathan Ross Show မှာဟယ်ရီပေါ်တာ ကားရိုက်ကူးစဉ်က Tom ကို သူမ Crush ခဲ့တယ်လို့ ဝန်ခံခဲ့ဖူးပါတယ် ။ ” အသက် ၁၀ ကနေ ၁၂ အတွင်းမှာ Tom ကို ငါအရမ်းကို သေလောက်အောင် သဘောကျခဲ့တယ် ။ ငါတို့ဟာ လူဆိုးတွေကို သဘောကျကြတယ်လေ ဒါပပေမယ့် Tom ကငါ့ထက် အသက်နည်းနည်းပိုကြီးတယ် ပြီးတော့ သူက စကိတ်စီးတာတော်ပြီး သူစကိတ်ကို Trick လုပ်ပြီးစီးတာ အရမ်းမိုက်တယ် Tom ကိုယ်တိုင်ကလည်း ငါသူ့ကို Crush ခဲ့တာကို သိတယ် ဒါပေမယ့် သူက ငါ့ကို ညီမလေးတစ်ယောက်လိုပဲ ခင်တယ်လို့ ပြောခဲhလို့ ငါအသည်းကွဲခဲ့ရသေးတယ် ” လို့ Emma က ပြောပြခဲ့တာပါ ။

Source : unionjournalism.com
Molly

error: Alert: Content is protected !!