လူမျိုးရေးခွဲခြားလိုက်မိလို့ ပရိသတ်တွေအပြင်းထန် ရှုံ့ချတာကိုခံနေရတဲ့ X-box

လက်ရှိ Rap အဆိုတော်တွေထဲက နာမည်ကြီး အဆိုတော်တစ်ယောက်ဖြစ်တဲ့ X-Box ကိုတော့ ပရိသတ်တွေ သိကြမယ်ထင်ပါတယ်။ Rap စာသားအလန်းစားတွေကို ရွတ်ဆိုတက်ပြီး ပရိသတ်အားပေးမှုကို ရရှိနိုင်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ လက်တလော အဆိုတော် X-Box ကတော့ 4 Reunion အဖွဲ့နဲ့ အောက်တိုဘာလ ၁၃ ရက်နေ့က ရှိုးတစ်ခု သီဆိုခဲ့ပါပြီး ပရိသတ်တွေ တခဲနက်အားပေးခဲ့ကြတာပါ ။ လတ်တလောမှာတော့ X-box တစ်ယောက် မိသားစုနဲ့အတူ New Youk မြို့ကို အလည်အပတ်ရောက်ရှိနေတာဖြစ်ပါတယ် ။

 

 

 

မကြာသေးမီက x-box တစ်ယောက် New Youk မြို့ရဲ့တစ်နေရာမှာ ရိုက်ကူးထားတဲ့ သူ့ရဲ့အလှပုံတစ်ပုံကို လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေပေးခဲ့ရာကနေ ပရိသတ်တွေအတွက် ဝေဖန်စရာတွေ ဖြစ်လာခဲ့ပါတယ် ။ သူရေးသားခဲ့တဲ့ ဓာတ်ပုံရဲ့ခေါင်းစဉ်ကတော့ ” ဘေးက လူမည်း ၂ ယောက်တော့ အားနာပါတယ်ခင်ဗျာ ” ဖြစ်ပြီး ဒီခေါင်းစဉ်ကြောင့် ပရိသတ်တွေကအကြီး အကျယ်ရှုံ့ချ ဝေဖန် ခဲ့ကြတာပါ ။ ပရိသတ်တွေကတော့ ပုံကိုရိုးရိုးတန်းတန်းတင်လည်းရနေရဲ့သားနဲ့ သူများနိုင်ငံသွားလည်ပြီး သူတို့လူမျိုးကို ပုတ်ခတ်ရေးသားတယ်ဆိုပြီး ရှူံ့ချတဲ့ မှတ်ချက်တွေ ပေးနေခဲ့ကြတာပါ ။

ရဲခေါင်ဖူးအနေနဲ့ ဒီကိစ္စကို ဘာမှ ပြန်လည်ဖြေရှင်းခြင်းမရှိပေမယ့် သူ့ပုံအောက်မှာတော့ သူ့ရဲ့အမာခံဖန်တွေ နဲ့ ဝေဖန်နေသူတွေ အချင်းများနေကြတာကိုလည်း တွေ့ရပါတယ် ။ တချို့ပရိသတ်တွေကလည်း သူ့ကိုအရင်က ကြိုက်ပေမယ့် ခုလို လူမျိုးရေးခွဲခြားတဲ့ အရေးသားတွေကြောင့် ဆက်လက်အားမပေးနိုင်တော့ဘူးလို့ မှတ်ချက်ပေးထားကြပါတယ် ။ Cele Connections ပရိသတ်ကြီးရဲ့အမြင်ကိုလည်း မှတ်ချက်လေးပေးခဲ့ပါဦးနော် ။

 

Source : X-boxin
Molly

ယူနီကုဒ်ဖြင့်ဖတ်ရန်

error: Alert: Content is protected !!