လိမ္လည္မႈႀကီးတစ္ခုနဲ႔ ႀကဳံေတြ႕လိုက္ရတဲ့ စႏၵီျမင့္လြင္

စႏၵီျမင့္လြင္ဟာ နာမည္ႀကီးအႏုပညာရွင္မ်ိဳး႐ိုးက ဆင္းသက္လာသူျဖစ္သလို ဟစ္ေဟာ့ဂီတေလာကမွာလည္း ဒိတ္ဒိတ္ႀကဲေအာင္ျမင္မႈရရွိေနသူျဖစ္ပါတယ္။ သူမရဲ႕သီခ်င္းေတြကို လူငယ္ပရိသတ္ေတြက တခဲနက္အားေပးၾကတာပါ။ အခုခ်ိန္မွာလည္း ေအာင္ျမင္တဲ့အိမ္ေထာင္ေရးကို ထူေထာင္ထားၿပီး ခ်စ္စရာသမီးေခ်ာေလးတစ္ေယာက္ကိုလည္း ပိုင္ဆိုင္ထားပါေသးတယ္။ သူမရဲ႕မိသားစုဘဝေလးကို ပရိသတ္ေတြက အားက်ေနၾကတာပါ။

 

ပရိသတ္အခ်စ္ေတာ္ဒီးဒီးတစ္ေယာက္ မၾကာေသးခင္အခ်ိန္က ဖုန္းေဘအလိမ္ခံလိုက္ရတဲ့အေၾကာင္းကို သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ ေဖာ္ျပထားပါေသးတယ္။ “ဒီေန႔ငါးေသာင္းဖုန္းေဘလ္ေပါက္တယ္ဆိုေတာ့ ဟယ္ေပ်ာ္စရာႀကီးေပါ့။ ဖုန္းဝင္လာတယ္။ ကုဒ္နံပါတ္ဝင္လား။ ဝင္တဲ့နံပါတ္ေျပာပါဆိုလို႔ေျပာလိုက္မိပါတယ္။ ခဏေနၾကည့္လိုက္ေတာ့ဖုန္းထဲရွိတဲ့ ၇ေထာင္ပါသြားပါၿပီေနာ္။ အားလုံးလည္း သတိထားလို႔ရေအာင္ပါ။ တယ္လီေနာကပါ။ တယ္လီေနာကေနပဲမက္ေဆ့ပို႔တာပါ။ ရွဲေပးၾကပါ။ တယ္လီေနာကလည္း ဒီပို႔စ္ကိုေတြ႕ေစခ်င္ပါတယ္” လို႔ သူမႀကဳံခဲ့ရတဲ့ ဖုန္းေဘအျဖတ္ခံခဲ့ရတဲ့အေၾကာင္း ပရိသတ္ေတြကို အသိေပးမွ်ေဝထားတာပါ။ ပရိသတ္ေတြကလည္း အံ့ၾသေနၾကၿပီး မွတ္ခ်က္မ်ားလည္းေရးခဲ့ၾကပါတယ္။

Rapperအဆိုေတာ္စႏၵီျမင့္လြင္ ဖုန္းေဘအလိမ္ခံရတဲ့အတြက္ Cele Connections ပရိသတ္ႀကီးလည္း သတိထားဆင္ျခင္ႏိုင္ေအာင္ သက္ေသပုံေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

Source – Dee Dee
Lavender
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

လိမ်လည်မှုကြီးတစ်ခုနဲ့ ကြုံတွေ့လိုက်ရတဲ့ စန္ဒီမြင့်လွင်

စန္ဒီမြင့်လွင်ဟာ နာမည်ကြီးအနုပညာရှင်မျိုးရိုးက ဆင်းသက်လာသူဖြစ်သလို ဟစ်ဟော့ဂီတလောကမှာလည်း ဒိတ်ဒိတ်ကြဲအောင်မြင်မှုရရှိနေသူဖြစ်ပါတယ်။ သူမရဲ့သီချင်းတွေကို လူငယ်ပရိသတ်တွေက တခဲနက်အားပေးကြတာပါ။ အခုချိန်မှာလည်း အောင်မြင်တဲ့အိမ်ထောင်ရေးကို ထူထောင်ထားပြီး ချစ်စရာသမီးချောလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ သူမရဲ့မိသားစုဘဝလေးကို ပရိသတ်တွေက အားကျနေကြတာပါ။

ပရိသတ်အချစ်တော်ဒီးဒီးတစ်ယောက် မကြာသေးခင်အချိန်က ဖုန်းဘေအလိမ်ခံလိုက်ရတဲ့အကြောင်းကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဖော်ပြထားပါသေးတယ်။ “ဒီနေ့ငါးသောင်းဖုန်းဘေလ်ပေါက်တယ်ဆိုတော့ ဟယ်ပျော်စရာကြီးပေါ့။ ဖုန်းဝင်လာတယ်။ ကုဒ်နံပါတ်ဝင်လား။ ဝင်တဲ့နံပါတ်ပြောပါဆိုလို့ပြောလိုက်မိပါတယ်။ ခဏနေကြည့်လိုက်တော့ဖုန်းထဲရှိတဲ့ ၇ထောင်ပါသွားပါပြီနော်။ အားလုံးလည်း သတိထားလို့ရအောင်ပါ။ တယ်လီနောကပါ။ တယ်လီနောကနေပဲမက်ဆေ့ပို့တာပါ။ ရှဲပေးကြပါ။ တယ်လီနောကလည်း ဒီပို့စ်ကိုတွေ့စေချင်ပါတယ်” လို့ သူမကြုံခဲ့ရတဲ့ ဖုန်းဘေအဖြတ်ခံခဲ့ရတဲ့အကြောင်း ပရိသတ်တွေကို အသိပေးမျှဝေထားတာပါ။ ပရိသတ်တွေကလည်း အံ့သြနေကြပြီး မှတ်ချက်များလည်းရေးခဲ့ကြပါတယ်။

Rapperအဆိုတော်စန္ဒီမြင့်လွင် ဖုန်းဘေအလိမ်ခံရတဲ့အတွက် Cele Connections ပရိသတ်ကြီးလည်း သတိထားဆင်ခြင်နိုင်အောင် သက်သေပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Source – Dee Dee
Lavender

error: Alert: Content is protected !!