ချစ်သူနဲ့ ရွှေလက်တွဲပြီး လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့တဲ့ တေးသံရှင်ပန်းအိဖြူ

တေးသံရှင် ပန်းအိဖြူကတော့ မြန်မာသံ သီချင်းအေးအေးလေးတွေကို အေးချမ်းတည်ငြိမ်တဲ့ အသံလေးနဲ့သီဆိုတတ်တဲ့ မြန်မာသံ အဆိုရှင်တစ်ဦးဖြစ်ပါတယ် ။ ပရိသတ်တောင်းဆိုမှုအများဆုံး မြန်မာသံ တေးစီးရိးဆုကိုလည်း ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို သူမရဲ့ရှည်လျားတဲ့ ဆံပင်ရှည်ကြီးနဲ့ နန်းဆန်တဲ့ ပုံရိပ်လေးတွေ ကြောင့် ပရိသတ်တွေ အချစ်ပိုနေရတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ သူမရဲ့ ရင့်ကျက်တည်ငြိမ်တဲ့ အလှတွေကတော့ စာဖွဲ့မကုန်နိုင်ပါဘူး ပရိသတ်ကြီးရေ ..။

 

 

ဒီနေ့ အောက်တိုဘာလ (၂၄) ရက်နေ့မှာတော့ တေးသံရှင်ပိုးအိဖြူဟာ ချစ်သူနဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲလေး တစ်ခု ပြုလုပ်ကျင်းပခဲ့ပါတယ် ။ ဗိုလ်ကြီး နေဇော်ထွန်းနဲ့တေးသံရှင် ပန်းအိဖြူ တို့ရဲ့ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲကို မဟာစည်သာသနာ့ရိပ်သာလမ်းရှိတောင်ကြီး ပရိယတ္တိ သာသနာ့ရိပ်သာဓမ္မာရုံမှာ ပြုလုပ်ကျင်းပခဲ့တာဖြစ်ပြီး အနုပညာရှင်အချို့နဲ့ ဆွေမျိုးတွေ တက်ရောက်အားပေးခဲ့ကြပါတယ် ။

 

 

ဗိုလ်ကြီး နေဇော်ထွန်းနဲ့ တေးသံရှင် ပန်းအိဖြူတို့ရဲ့ ချစ်ခရီးလမ်းဟာ ခိုင်မြဲမေတ္တာ မယိုင်မလဲသစ္စာတို့နဲ့
သာယာဖြောင့်ဖြူးတဲ့ ဘဝခရီးလမ်းကို ရာသက်ပန် လျှောက်လှမ်းနှိုင်ကြပါစေကြောင်း Cele Connections မှ
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ တေးသံရှင် ပန်းအိဖြူကိုချစ်ခင်ကြတဲ့ ချစ်ပရိသတ်တွေကလည်း ဆုမွန်ကောင်းလေးတွေ တောင်းပေးခဲ့ကြပါဦးနော် ။

 

 

Source : Pan Ei Phyu
Molly

ယူနီကုဒ်ဖြင့်ဖတ်ရန်

error: Alert: Content is protected !!